Editor's Pick Status | Myanmar News Agency

Editor’s Pick Status

ပြီးခဲ့တဲ့ရုံးပိတ်ရက်အတွင်းမှာ Snowden ဆိုတဲ့ ရုပ်ရှင်ကြည့်ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ပါ။ Snowden ဟာ CIA ဝန်ထမ်းဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ National Security Agency (NSA) ရဲ့ Global Surveillance Program အပါအဝင် အခြား Program ပေါင်းများစွာကို ပေါက်ကြားစေခဲ့သူ ဖြစ်ပါတယ်။

သူနဲ့ ပတ်သက်ပြီး အယူအဆအမျိုးမျိုးကွဲပြားကြပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ ရှုထောင့်က ကြည့်ရင် သူ့အပြုအမူနဲ့ လုပ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိပါ။ နိုင်ငံကို သစ္စာဖောက်ဖျက်သူအဖြစ် သတ်မှတ်ရမှာပါ။ လက်ရှိတော့ ရုရှားမှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ နေထိုင်လျက်ရှိပါတယ်။

သူ့ကို အဖေ ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိနဲ့ အမေ ခရိုင်တရားသူကြီးတို့ကနေ ၁၉၈၃ မှာ မွေးဖွားပါတယ်။ အဖိုးဖြစ်သူကလည်း ကမ်းခြေစောင့်တပ်ဖွဲ့မှာ ဗိုလ်ချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း FBI မှာ အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ ကြည်းတပ် – အရန်တပ်ဖွဲ့ကို ဝင်ရောက်ခဲ့ပြီး အထူးတပ်ဖွဲ့သင်တန်းသားလောင်း ဖြစ်လာပါတယ်။ သင်တန်းတက်ရောက်စဉ် လေ့ကျင့်ခန်းတစ်ခုအတွင်းမှာ ခြေထောက် (Tibia bone) ကျိုး သွားတဲ့အတွက် ပြီးဆုံးအောင် မတက်နိုင်ခဲ့ပါဘူး။

၂၀၀၆ ခုနှစ်မှာ CIA ကို ဝင်ရောက်ခဲ့ပါတယ်။
သူ ၂၀၀၆ ခုနှစ် CIA မှာ သင်တန်းတက်ချိန်မှာ သူ့ရဲ့ Recruiter နဲ့ Instructor ဖြစ်သူ Corbin O’Brian ပြောခဲ့တဲ့ စကားကတော့ …  စိတ်ဝင်စားစရာကောင်းပြီး ယခုလက်ရှိ အခြေအနေနဲ့ အတော်ကိုက်ညီနေတာကို တွေ့ရပါတယ်။ (O’Brian က ဇာတ်လမ်းထဲက ဇာတ်ကောင်သာ ဖြစ်ပြီး အပြင်မှာ တကယ်ရှိသူမဟုတ်ပါ။)

“In 20 years, Iraq will be hellhole, nobody cares about.
Terrorism’s a short-term threat.
The real threat will come from China, Russia, Iran and they’ll come as SQL injection and malware.
Without minds like yours, the country will torn apart in cyberspace.”

“နောင်နှစ်ပေါင်း ၂၀ လောက်ကြာရင် အီရတ်ဟာ ဘယ်သူကမှ အလေးဂရုမပြုတော့တဲ့ စိတ်ပျက်ဖွယ်နေရာဖြစ်သွားမှာ …
အကြမ်းဖက်မှုဆိုတာလဲ ကာလတိုလေးအတွင်းမှာဘဲ ခြိမ်းခြောက်နိုင်တာပါ …
တကယ့် ခြိမ်းခြောက်မှုတွေက ရုရှား၊ တရုတ်နဲ့ အီရန်တို့ ဆီကနေ SQL injections နဲ့ Malware တွေ အဖြစ်လာမှာ …
မင်းလို လူမျိုးတွေ မရှိရင် ငါတို့နိုင်ငံကြီးဟာ ဆိုင်ဘာနယ်ပယ်မှာ ပျက်စီးပြိုလဲ သွားလိမ့်မယ် …”

လက်တွေ့မှာလည်း အကြမ်းဖက်ဝါဒဟာ ပျောက်ကွယ်သွားခြင်းမရှိသေးပေမယ့် ဆိုင်ဘာလုံခြုံရေးနယ်ပယ်က ခြိမ်းခြောက်မှုတွေဟာ ခေတ်သစ်စစ်ပွဲမှာ တနေ့တခြား ပိုမိုအရေးပါလာတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။

Credit to:
Naing Swe Oo
31/07/2017

 

Comments

comments

You May Also Like

Leave a Reply

Your email address will not be published. Required fields are marked *