ရခိုင်ပြည်နယ်အရေးမူဝါဒများသီးသန့်လုပ်ဆောင်မည့် ၀န်ကြီးခန့်ထားရေးနှင့် ကော်မရှင်အကြံပြုချက်များကို နှောင့်နှေးမူမရှိဘဲ ဆောင်ရွက်ရန် ကိုဖီအာနန်တိုက်တွန်း

ရန်ကုန် သြဂုတ် ၂၄
 
ဒီနေ့ညနေက ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့သတင်းစာရှင်းလင်းပွဲမှာ ဥက္ကဋ္ဌ ကိုဖီအာနန်နဲ့ အဖွဲ့ဝင်များ တက်ရောက်ပြီး အပြီးသတ်အစီအရင်ခံစာနဲ့ ပတ်သတ်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။
 
ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သတ်ပြီး လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရေးအတွက်ကို “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အကြံပြုချက်တွေကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် မူဝါဒများကို ညှိနှိုင်း ပေါင်းစပ်ပေးသည့် တာဝန်တစ်ခုတည်းကိုသာ ရယူမယ့် ဝန်ကြီးအဆင့် တာဝန်ခံတစ်ဦး ခန့်အပ်ဖို့ ကျွန်တော်တို့ အဆိုပြုထားပါတယ်” ဟု ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောကြားခဲ့ပါတယ်။
 
ဒါ့အပြင် တိုက်တွန်းအကြံပြုချက်များကို တာဝန်ရှိသူများအနေနဲ့ မြန်ဆန်စွာဆောင်ရွက်သွားရန်တိုက်တွန်းထားပါတယ်။
 
ကော်မရှင်အနေဖြင့် ကြားဖြတ်အစီရင်ခံစာတစ်ရပ်ကိုလည်း ယခုနှစ်မတ်လတွင် ထုတ်ပြန်ခဲ့ပါသေးတယ်။
 
အစီအရင်ခံစာအပေါ် “ကိုဖီအာနန်ကော်မရှင်က အပြီးသတ်အစီရင်ခံစာတင်သွင်းမယ်လို့တော့ သိတယ်ဗျ။ ကျွန်တော့်အနေနဲ့က အစီရင်မဖတ်ရသေးတော့ ဘဘောထား မပြောတတ်ဘူးဗျ။ ဒါပေမယ့်ကြားဖြတ်အစီရင်ခံစာက တိုက်တွန်းချက်တွေကိုတော့ အစိုးရကသေသေချာချာလုပ်ဆောင်ခြင်းတော့ မရှိဘူးဗျ” ဟု ထင်မြင်ချက်ကို ရခိုင်ပြည်နယ်နေ မွတ်စ်လင်မ်အမျိုးသား ဦးမောင်မောင်စောက MUNA ကို ပြောပါတယ်။
 
စစ်တွေမြို့မှ ရခိုင်အမျိုးသားဦးသန်းထွန်းကတော့ ”ဒီဟာက အကြံပေးကော်မရှင်ဘဲဗျ။ အကြံဘဲပေးလို့ရမယ်။ ကျွန်တော်တို့ကတော့ အယုံအကြည်မရှိလို့ သွားမတွေ့ခဲ့ဘူး။ သူတို့ပြောပြောနေတဲ့ ရခိုင်ပြည်နယ်က နှစ်ဖက်အသိုင်းအ၀ိုင်းဆိုတာကလည်း တစ်ခုက မူလနေရခိုင်တိုင်းရင်းသား၊ နောက်တစ်ခုက နောက်မှဝင်လာတာ။ ဒါကွာတယ်” လို့ ၎င်းရဲ့သဘောထားအမြင်ကို MUNA ကိုပြောပါတယ်။
 
အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ဟာ ယမန်နေ့က သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး အပြီးသတ်အစီအရင်ခံစာကို ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် လွှတ်တော်အမတ်များနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
သတင်း – MUNA/အောင်သပြေ
ဓာတ်ပုံ – ရခိုင်ကော်မရှင်

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.