"ဒေါ်အောင်ဆန်းစုကြည်ရဲ့အတ္ထုပတ္ထိရေးသူတစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် ဒီချိန်မှာ သူမအနေနဲ့အကောင်းဆုံးလုပ်နိုင်တာက ရာထူးမှနုတ်ထွက်ခြင်းပါဘဲ" | Myanmar News Agency

”ဒေါ်အောင်ဆန်းစုကြည်ရဲ့အတ္ထုပတ္ထိရေးသူတစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် ဒီချိန်မှာ သူမအနေနဲ့အကောင်းဆုံးလုပ်နိုင်တာက ရာထူးမှနုတ်ထွက်ခြင်းပါဘဲ”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆောင်ဆန်းစုကြည်အကြောင်းကို စာအုပ်များရေးသားထုတ်ဝေခဲ့တဲ့ Peter Popham က လက်ရှိအချိန်မှာ သူမအနေနဲ့ အကောင်းဆုံးလုပ်နိုင်တာက ရာထူးမှနုတ်ထွက်ခြင်းဖြစ်တယ်လို့ INDEPENDENT သတင်းစာ စာမျက်နှာမှာ ပြီးခဲ့တဲ့သောကြာနေ့ စက်တင်ဘာ ၈ ရက်နေ့က ရေးသားခဲ့ပါတယ်။

ရခိုင်အရေးကိစ္စမှာ တစ်ဖက်နိုင်ငံသို့ထွက်ပြေးနေရတဲ့မူဆလင်ဒုက္ခသည်တွေအရေး ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေတာနဲ့ပတ်သတ်ပြီး နိုင်ငံတကာက ထင်ရှားကျော်ကြားသူတွေ ဝေဖန်နေကြတဲ့အချိန် သူမရဲ့စာအုပ်များရေးသားခဲ့တဲ့ Peter Popham က ခုလိုရေးသားလိုက်တာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့သူကဘဲ နိုဘလ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေးကော်မတီနဲ့ ပတ်သတ်ပြီး ဝေဖန်ထောက်ပြထားပါတယ်။
သူ့ရဲ့စာထဲမှာတော့ ကော်မတီဟာ တစ်ခါတစ်လေမှာ သိပ်ကိုနားလည်ရခက်တဲ့ အပြုအမူတွေလုပ်ဆောင်ခဲ့ကြောင်း၊ ဟင်နရီကစ်ဆင်းဂျားကိစ္စကထင်ရှားကြောင်း၊ ယခင်အမေရိကန်သမ္မတအိုဘားမားဟာဆိုရင်လည်း ဘာမှမလုပ်ဆောင်ရသေးခင် 2009 မှာတင် ဆုရွေးချယ်ပေးအပ်ခံခဲ့ရကြောင်း ရေးသားထားပါတယ်။ ဒါပေမယ့် ဒေါ်ဆောင်ဆန်းစုကြည်ရခဲ့တဲ့ဆုကတော့ သူ့အနေနဲ့ယုံမှားသံသယမရှိကြောင်း၊ ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ရေးထားသားထားပါတယ်။

ဆက်လက်ပြီးတော့ သူမတယူသန်ဗုဒ္ဒဘာသာဖြစ်လာတယ်ဆိုတာဖြစ်နိုင်ကြောင်း၊ သို့သော်လည်း အဆိုပါအချက်ကိုမှန်ကန်ကြောင်း သက်သေပြရန်တိကျတဲ့ညွှန်းကိန်း အထောက်အထားမှာ နည်းပါးကြောင်း Peter Popham ကရေးသားထားပါတယ်။

Peter Popham ဟာ ဒေါ်အောင်ဆန်းစုကြည်အကြောင်းတွေရေးသားထားတဲ့ The Lady and the Peacock’ (သူမနဲ့ ဒေါင်း) စာအုပ်နဲ့ ‘The Lady and the Generals’ (သူမနဲ့ စစ်ဗိုလ်ချုပ်များ) စာအုပ်ကိုရေးသားခဲ့တဲ့ နာမည်ကျော်ဂျာနယ်လစ်ဖြစ်ပြီး မြန်မာနိုင်ငံကိုအကြိမ်ကြိမ်လာရောက်ခဲ့ပါတယ်။ သူပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ၁၉၉၁ ခုနှစ်မှာရောက်ရှိခဲ့တာဖြစ်ပါတယ်။

MUNA

အင်္ဂလိပ်ဘာသာဖြင့် THE INDEPENDENT ဖော်ပြထားတဲ့မူရင်းလင့်

http://www.independent.co.uk/voices/aung-san-suu-kyi-burma-myanmar-rohingya-muslims-a7936566.html

 

Photo – Peter Popham

.

Comments

comments

You May Also Like

3 thoughts on “”ဒေါ်အောင်ဆန်းစုကြည်ရဲ့အတ္ထုပတ္ထိရေးသူတစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် ဒီချိန်မှာ သူမအနေနဲ့အကောင်းဆုံးလုပ်နိုင်တာက ရာထူးမှနုတ်ထွက်ခြင်းပါဘဲ”

  1. သူရေးခဲ့တဲ့ The Lady and the Peacock စာအုပ်မှာ အမှားတွေအများကြီးရေးထားပြီး၊ စာအုပ်တစ်အုပ်ထုတ်ဝေနိုင်အောင် ကြံဖန်ရေးသားထားတာဖြစ်တယ်လို့ ကျွန်တော်နဲ့ လူအတော်များများက Amazon ကုမ္ပဏီရဲ့ စာအုပ်ဝေဖန်ခန်းမှာရေးခဲ့ကြပါတယ်။ သူဟာ အဲဒီစာအုပ်ရေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တစ်ခါမှ တွေ့ဆုံမေးမြန်းခဲ့ခြင်းမရှိခဲ့ဘဲ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လည်း ထောက်ခံအားပေးတဲ့စာအုပ်မဟုတ်ပါဘူး။ ကျွန်တော်ကအမှားတွေထောက်ပြတဲ့အခါမှာလည်း သူကိုယ်တိုင်ရေးတာလား၊ သူ့လူယုံ လားမသိသူက ကက်ကက်လန်ပြန်ရန်တွေ့ခဲ့ပါတယ်။ တစ်ကြိမ်မှာသူပြန်ရေးတာတွေရိုင်းစိုင်းလွန်းလို့ Amazon က သူ့စာကို ပါယ်ချခဲ့ရတဲ့အထိပါဘဲ။ ဒီကိုယ်ကျိုးရှာသမားက သူ့အတွက်အကွက်ကောင်းရှာ၊ သူ့နံမည်ထင်ပေါ်အောင် သိက္ခာမရှိ လျှောက်ရေးနေတာတွေကို၊ အဟုတ်ကြီးလုပ် သတင်းရေးနေလို့ကတော့အချိန်ကုန်၊ လူပမ်းယုံပါဘဲ။

    ဒေါ်အောင်ဆန်းစုကြည်တိုင်းပြည်ခေါင်းဆောင်တစ်ယောက်အနေနဲ့ဆုံးဖြတ်ချက်အချို့ကို ကျွန်တော်မကြိုက်မနှစ်သက်လို့၊ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပေမဲ့၊ လက်ရှိဖြစ်နေတဲ့အကြပ်အတည်းတွေအတွက်၊ နုတ်ထွက်ဖို့လုံးဝမလိုအပ်ပါဘူး။ သူ့ဖက်ကနေ ကျွန်တော်တတ်စွမ်းသမျှ အကာအကွယ်ပေး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်ဟာ အမေရိကန်နိုင်ငံသားဖြစ်ပေမဲ့၊ မြန်မာနိုင်ငံမှာမွေးလာခဲ့တာပါ။

  2. မင်းသာငါတို့လိုစစ်​တပ်​အုပ်​ချုပ်​မှု့က​နေလွတ်​ပြီးဒ်ါစုဦး​ဆောင်​တဲ့NLDအစိုးရရဲ့အုပ်​ချုပ်​မှု့​အောက်​မှ​နေရမယ်​ဆိုရင်​ခုလို​ပြောအုံးမှာလား၊ငါတို့ကခါးသီးတဲ့ဖိနှိပ်​မှု့​အောက်​ကရူုံးထွက်​မီးအ​မေစုဦး​ဆောင်​​ကောက်​ရိုးမျှင်​​လေးကိုဆွဲ​နေရတဲ့ဘဝကိုမင်းနားလည်​မှာမဟုတ်​ဘူး၊ါ့နိုင်​ငံ​အျကြာင်းမင်းမေ​သေါးဘူး​​ကြောင့်ါ့ကိစ​တွေကိုဝင်​မစွက်​ဖက်ပါ့​ရေစဆရာ

Leave a Reply

Your email address will not be published. Required fields are marked *