မြန်မာနိုင်ငံကိုစစ်တပ်စေလွှတ်ဖို့ တူရကီနဲ့ အီရန်ခြိမ်းခြောက်ပြောဆိုကြောင်း သတင်းဌာနတစ်ခုဖော်ပြ | Myanmar News Agency

မြန်မာနိုင်ငံကိုစစ်တပ်စေလွှတ်ဖို့ တူရကီနဲ့ အီရန်ခြိမ်းခြောက်ပြောဆိုကြောင်း သတင်းဌာနတစ်ခုဖော်ပြ

စက်တင်ဘာ ၅

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဒီလအတွင်း ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ တူရကီသမ္မတ အာဒိုဂန်က မြန်မာနိုင်ငံက ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရစ်ထံသို့ ရခိုင်အရေးကို တင်သွင်းမယ်လို့ ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ မွတ်စလင်တွေကို တံခါးဖွင့်ပေးထားမယ်ဆိုရင် ကုန်ကျစားရိတ်အားလုံးကို ကျခံပေးသွားမှာဖြစ်ကြောင်းကိုလည်း တူရကီနိုင်ငံခြားရေးဝန်ကြီး မယ်ဗလွတ် ကာဗူဆိုဂလူက မကြာသေးခင်ကရက်ပိုင်းကပြောကြားထားကြောင်း တူရကီအစိုးရပိုင်မီဒီယာမှာဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရခိုင်ပြည်နယ်ကထွက်ပြေးလာတဲ့ ဒုက္ခသည်ပေါင်း ၄၀၀ ၀၀၀ ရှိနေပြီး နောက်ထပ်ဆက်လက်လက်ခံဖို့ တွန့်ဆုတ်လျက်ရှိပါတယ်။

တူရကီသမ္မတ အာဒိုဂန်နဲ့ အီရန်သမ္မတ ဟူစိန်ရူဟာနီတို့ဟာ ကုလသမဂ္ဂအနေနဲ့ နှုတ်ဆိတ်နေဦးမယ်ဆိုရင် နယ်စပ်တွေကိုချိုးဖောက်ပြီး မြန်မာနိုင်ငံထဲကို သူတို့စစ်တပ်တွေစေလွှတ်ကာ မွတ်စလင်ညီအစ်ကိုတွေကို ကယ်တင်သွားမှာဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုလိုက်တယ်လို့ Thenewscaster သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။

မူရင်းအင်္ဂလိပ်ဘာသာဖြင့် သတင်း —> https://thenewscasters.com/2017/09/04/106/

#MUNA /နိုင်သူရ

Comments

comments

You May Also Like

One thought on “မြန်မာနိုင်ငံကိုစစ်တပ်စေလွှတ်ဖို့ တူရကီနဲ့ အီရန်ခြိမ်းခြောက်ပြောဆိုကြောင်း သတင်းဌာနတစ်ခုဖော်ပြ

Leave a Reply

Your email address will not be published. Required fields are marked *