လူမှုကွန်ရက်ဖေ့ဘုတ်တွင် ညစ်ညမ်းပုံတင်သူအား ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူ

မလှိုင်၊ နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ဆည်တိုရဲကင်းစခန်း၌ ရည်းစားဟောင်းဖြစ်သူ ယောကျာင်္းလေးမှ facebook လူမှုကွန်ယက်စာမျက်နှာတွင် ညစ်ညမ်းပုံတင်၍ ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်သူအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ဖြစ်စဉ်မှာ ၂၀၁၇ နိုဝင်ဘာ ၁၄ရက် ညနေ ၃နာရီ၂၀ခန့်တွင် မလှိုင်မြို့ လယ်ဗျားအုပ်စု တောင်ရိုးတဲကျေးရွာနေ  မ×××× အသက်(၂၂)နှစ်မှ လည်းကောင်းနှင့်တစ်ရွာတည်းနေ အဘ ဦးတင်ဝင်း၏သား မောင်အောင်ကျော်ဦး အသက်(၂၄)နှစ်မှာ ၂၀၁၇ ခု အောက်တိုဘာ ၂၄ရက်အချိန်တွင် မ×××× ၏  ညစ်ညမ်းပုံများဖြင့် ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်၍ တင်ထားကြောင်း / လည်းကောင်းတို့နှစ်ဦးမှာ သမီးရည်းစားများဖြစ်ပြီး ၂၀၁၇ခု ဇန်နဝါရီ ၉ ရက်နေ့တွင် သမီးရည်းစားပျက်ဆဲခဲ့ကြောင်း ဂုဏ်သိက္ခာညှိုးနွမ်းအောင်ပြုလုပ်မည်ဟု Viber မှ ခြိမ်းခြောက်၍ Facebook လူမှုကွန်ယက်စာမျက်နှာအားအသုံးပြု၍ ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်၍ ညစ်ညမ်းပုံများတင်ကာ အသရေပျက်အောင်နှောက်ယှက်သူ အောင်ကျော်ဦး အသက်(၂၄)လေးနှစ်အား အရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

အောင်ကျော်ဦးအား ဆည်တိုရဲကင်းစခန်းမှူး ရဲအုပ် သန့်ဇော်မှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၇/၂၀၁၇  ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)အရ အမှုဖွင့် အရေးယူ၍ ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

by – ဘိုဘို(မလှိုင်)

#MUNA

Comments

comments

You May Also Like

Leave a Reply

Your email address will not be published. Required fields are marked *