ဘက်မှန်ဝင်တိုက်သွားသဖြင့် ကားရပ်ပြီး ဆင်းပြောရာမှ ရပ်ထားသောကား ပြန်လိမ့်ကျကာ ယာဉ်မောင်းသေဆုံး | Myanmar News Agency

ဘက်မှန်ဝင်တိုက်သွားသဖြင့် ကားရပ်ပြီး ဆင်းပြောရာမှ ရပ်ထားသောကား ပြန်လိမ့်ကျကာ ယာဉ်မောင်းသေဆုံး

ဆွာ ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး  ဆွာနယ်မြေရဲစခန်းအပိုင်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ငါးနာရီခန့်က ယာဉ်မတော်တဆမှုဖြစ်ပွားရာမှ လူသေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ရေတာရှည်မြို့ဘက်မှ ဆွာမြို့ဘက်သို့ယာဉ်မောင်း အောင်သီဟ ၂၆ နှစ် မဟာစည်တိုးချဲ့ရပ်ကွက် မိထ္ထီလာမြို့ နေသူမောင်းနှင်းလာသော  9B/×××× NISSAN DIESEL အနီရောင် ၁၂ ဘီးယာဉ်အား ဆွာမြို့အဝင်အနီးတွင် ဖောကား အပြာရောင်ခြောက်ဘီးယာဉ်တစ်စီးမှ ကျော်တက်စဉ်ဝဲဘက်နောက်ကြည့်မှန်အားပွတ်တိုက်သွားခဲ့ရာမှဖောကားယာဉ်အား အမှီလိုက်စဉ် ဆွာမြို့အ ထ က ရှေ့တွင် ဖောကားရပ်တန့်နေသည်ကို တွေ့သဖြင့် ၁၂ ဘီးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ဖောကားယာဉ်မောင်းထံသွားစဉ် ဖောကားမှမောင်းထွက်သွားပြီး ထိုစဉ်ရပ်တန့်ထားခဲ့သော ၁၂ ဘီးယာဉ်မှာ နောက်ပြန်လိမ့်ကျသဖြင့် အောင်သီဟ မှာ အခြားယာဉ်များအားဝင်တိုက်မိမည်စိုး၍ ၁၂ ဘီးယာဉ်အားထိန်းချုပ်ရန်ယာဉ်ပေါ်သို့ပြန်တက်စဉ်  အနီးတွင်ရပ်တန့်ထားသော  SHN M/××× ခြောက်ဘီးအနီရောင်ယာဉ်နှင့် ၁၂ ဘီးယာဉ်နှစ်စီးကြားသို့ ရောက်ရှိညှပ်မိရာမှ  ဝမ်းဗိုက်ပေါက်ပြဲ  ဝဲလက်မောင်းကျိုး နှင့်အခြားဒဏ်ရာများရရှိကာနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပက်သက်၍ ၁၂ဘီးယာဉ်မောင်းအောင်သီဟအား ဆွာနယ်မြေရဲစခန်းမှ ယာဉ်(ပ)၃/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-ကဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

By – NSM
MUNA

 

Comments

comments

You May Also Like

One thought on “ဘက်မှန်ဝင်တိုက်သွားသဖြင့် ကားရပ်ပြီး ဆင်းပြောရာမှ ရပ်ထားသောကား ပြန်လိမ့်ကျကာ ယာဉ်မောင်းသေဆုံး

Comments are closed.