ကမ္ဘာ့အသက်အကြီးဆုံး သတ္တဝါ ၅ ကောင် … | Myanmar News Agency

ကမ္ဘာ့အသက်အကြီးဆုံး သတ္တဝါ ၅ ကောင် …

MUNA

အခုပြောပြမှာကတော့ ကမ္ဘာ့အသက်အကြီးဆုံး သတ္တဝါ ငါးကောင်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာအသက်ဘယ်လောက်ထိ နေထိုင်ကြလို့ ကမ္ဘာ့အသက်အကြီးဆုံး သတ္တဝါ စာရင်းဝင်သွားတာပါလဲ။ ကြည့်ရအောင်

၁။ကမ္ဘာ့အသက်အကြီးဆုံးလိပ်ကြီး

အိန္ဒိယနိုင်ငံ  အလစ်ပိုးတိရစ္ဆာန်ရုံက လိပ်ကြီးတစ်ကောင်ဟာ ကမ္ဘာပေါ်မှာ အသက်ရှည်ကြာစွာနေထိုင်ခဲ့ပါတယ်။၎င်းရဲ့ သက်တမ်းဟာ အနှစ် ၂၅၀ ရှိပြီး ဒါဟာ အမေရိကန် နိုင်ငံစတင်ဖြစ်ပေါ်လာတဲ့ အနှစ်ကာလ ကြာချိန်နဲ့ လည်း ညီမျှပါတယ်။

လိပ်ကြီးရဲ့ နာမည်ကို အတ်ဒ်ဝေတာ လို့ အမည်ပေးထားပြီး ၁၇၀၀ ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါလိပ်ကို အရှေ့အိန္ဒိယကုမ္ပဏီမှ ဗိုလ်ချုပ် ရောဘတ်ကလိုက်ဗ်က ဆေးလ်ရှဲလ်စ် ကျွန်းကနေ ဖမ်းယူခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက် ကလိုက်ဗ် ဟာ ၁၈၇၅ ခုနှစ်မှာ အလစ်ပိုးတိရစ္ဆာန်ရုံကို လှူဒါန်းခဲ့ပါတယ်။အဲဒီခုနှစ်ကနေ နှစ်ပေါင်း ၁၂၅ နှစ်အထိ အဆိုပါ အလစ်ပိုးတိရစ္ဆာန်ရုံမှာလည်း နေထိုင်အသက်ရှင်ခဲ့တဲ့ လိပ်ကြီး အတ်ဒ်ဝေတာ ဟာ ၂၀၀၆ ခုနှစ်မှာ သေဆုံးသွားပါတယ်။ကျန်ရှိနေတဲ့ လိပ်ကြီး အတ်ဒ်ဝေတာ ရဲ့ အခွံကို သိပ္ပံပညာရှင်တွေက ကာဗွန်သက်တမ်း စစ်ဆေးပြီး အမှန်တကယ် သက်တမ်း ၂၅၀ ရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

၂။ကမ္ဘာ့အသက်ကြီးဆုံးကြောင်

ဂင်းနစ်စံချိန်ဝင်ဖို့ နာမည်ကျော်ခဲ့တဲ့  တစ်ဖနီတူး လို့ အမည်ရသော ကမ္ဘာ့အသက်ကြီးစာရင်းဝင် ဆုံးကြောင်ကြီး ဟာ ၂၀၁၅ ခုနှစ်၊ အသက် ၂၇ နှစ်အရွယ်မှာ သေဆုံးသွားပြီဖြစ်ပေမယ့် သူ့ထက်အသက်အများကြီး ကြီးတဲ့ အသက် ၃၈ နှစ် နေထိုင်အသက်ရှင်ခဲ့တဲ့ ခရင်ပက်ဖ် ဆိုတဲ့ ကြောင်ကြီးနဲ့ ယှဉ်လိုက်ရင်တော့ ဘာမှ မဟုတ်သေးပါဘူး။

ခရင်ပက်ဖ်ကို အမေရိကန်နိုင်ငံ၊ တက္ကဆတ်ပြည်နယ်၊အော်စတင်မြို့ရှိ ဂျတ်ခ် ပယ်ရီ ဆိုတဲ့လူက မွေးခဲ့တာဖြစ်ပါတယ်။ခရင်ပက်ဖ်ရဲ့ အခြား နာမည်က ဂရန်းပါး(အဘိုးကြီး) ဖြစ်ပါတယ်။၎င်းသေဆုံးတဲ့အချိန်မှာ အသက် ၃၄ နှစ်ရှိပြီ ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ကြောင် အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ ကြောင်လည်း ဖြစ်ပါတယ်။

၃။ကမ္ဘာ့အသက်ကြီးဆုံး ခွေး

အသက် ၃၀ နှစ်အထိ ရှင်သန်ခဲ့တဲ့ ခွေးတစ်ကောင်မှ မရှိဖူးပေမယ့် မက်ဇ်လို့ အမည်ရတဲ့ ခွေးကြီးကတော့ အသက် ၂၉ နှစ်နဲ့ ၂၈၂ ရက်ထိ ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် အသက်ရှင်နေထိုင်လျှက်ရှိပါတယ် ။မက်ဇ်ကို ၁၉၈၃ ခုနှစ်မှာ ၎င်း၏ သခင်ဖြစ်သူ ဂျနဲလ်ဒါရွန်ဆိုသူက တယ်ရီယာနဲ့ ဘီးဂဲလ်အမျိုးအစား ခွေးနှစ်ကောင်ကို စပ်ပြီးမွေးထားတာ ဖြစ်ပါတယ်။အခုလက်ရှိတော့ ကမ္ဘာ့အသက်အကြီးဆုံး ခွေးနေရာကို မက်ဇ်က ပိုင်ဆိုင်ထားပါတယ်။

၎။ကမ္ဘာ့အသက်ကြီးဆုံး မြင်း

၁၇၆၀ ခုနှစ်က မွေးဖွားခဲ့တဲ့ မြင်းကြီး ဘီလီဟာ သာမန် မြင်းတွေရဲ့ အသက် နှစ်ဆကျော် ဖြစ်တဲ့ အသက် ၆၂ နှစ်ထိနေထိုင်သွားခဲ့ပါတယ်။ဒါပေမယ့် ဘီလီရဲ့ ဘဝဟာ သိမ်မွေ့နူးညံ့ခဲ့တာမဟုတ်ပါဘူး။သူ့ရဲ့ ဘဝအများစုကို ကုန်ဆွဲ ၊ကယ်ရီဆွဲတဲ့ မြင်းတစ်ကောင်အဖြစ် အသုံးချခံခဲ့ရပါတယ်။

ဘီလီရဲ့ အရောင်ဟာ အုတ်ခံကျိုးရောင်ဖြစ်ပြီး ရှည်လျားလှတဲ့ အမြီးတွေနဲ့ အရမ်းအလှပ ပါတယ်။သူသေဆုံးသွားတဲ့ အချိန်မှာတော့ သူ့ရဲ့ ဦးခေါင်းခွံကို နှစ်ခြမ်းခွဲလိုက်ပြီး  သုတေသနအဖြစ် အသုံးပြုဖို့ သတ်မှတ်သိမ်းဆည်းခံရပါတယ်။အခုတော့ သူ့ရဲ့ ဦးခေါင်းခွံ နှစ်ခြမ်းစလုံးကို မန်ချက်စတာပြတိုက်ရှိ Cecil Higgins အနုပညာ ပြခန်းမမှာ ခင်းကျင်း ပြသထားပါတယ်။

၅။ကမ္ဘာ့အသက်ကြီးဆုံး ဆင်

ဆင်တွေဟာ ဘယ်တော့မှ မမေ့တတ်ဘူးဆိုရင် လင်းဝမ် ဆိုတဲ့ ဆင်ကြီးရဲ့ ဘဝမှာ သတိရစရာတွေ အများကြီးပါပဲ၊ဆင်တွေရဲ့ ပျမ်းမျှသက်တမ်း ၅၀ လောက် ရှိတာမှာ လင်းဝမ်ကတော့ အသက် ၈၆ နှစ်အထိ နေသွားခဲ့တာဖြစ်ပါတယ်။နေသွားခဲ့တယ်လို့ ပြောရတာက လင်းဝမ်ဟာ ၂၀၀၃ ခုနှစ်မှာ သေဆုံး သွားလို့ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်မှာ ဂျပန်တွေဟာ ဆင်တွေကို သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ် အသုံးပြုခဲ့ကြပါတယ်။၁၉၄၃ ခုနှစ်မှာတော့ လင်းဝမ်ဟာ ဂျပန်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး တရုတ်နဲ့စစ်ပွဲအတွင်း အသုံးချခံခဲ့ရပါတယ်။၁၉၅၂ ခုနှစ်မှာတော့  တိုင်ပေတိရိစ္ဆာန်ရုံကို လှူဒါန်းခံခဲ့ရပြီးနောက် လင်းဝမ်ဟာ တိရိစ္ဆာန်ရုံမှာ တစတစလူသိများလာပါပြီး တိရစ္ဆာန် ရုံရဲ့ စွဲဆောင်ရာတစ်ခုဖြစ်လာခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ သူသေဆုံးတော့ သူ့ရဲ့ အထိမ်းအမှတ်အခမ်းအနားကို တိရစ္ဆာန်ရုံက ရက်သတ္တပတ်အတော်ကြာ ကျင်းပပေးခဲ့ပြီး လူပေါင်းများစွာလည်း လာရောက်ခဲ့ကြပါတယ်။

By – Shine Htet Aung / MUNA

Comments

comments

You May Also Like