စဥ့်ကူးမြို့ နယ်အုပ်ချုပ်ရေးမှူး တစ်လင်တစ်မယားစ နစ် ဥပဒေဖြင့် အမှုဖွင့်ခံရ | Myanmar News Agency

စဥ့်ကူးမြို့ နယ်အုပ်ချုပ်ရေးမှူး တစ်လင်တစ်မယားစ နစ် ဥပဒေဖြင့် အမှုဖွင့်ခံရ

မန္တလေး ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်
သက်မောင်ကို တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၇) နဲ့ မန္တလေးမြို့  အောင်မြေသာစံမြို့ နယ် အမှတ်(၁)နယ်မြေရဲစခန်းမှာ ဖေဖော်ဝါရီ (၉) ရက်နေ့က မသန်းသန်းနိုင်(ခ)မသက်ထား ဆိုသူက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

၂၀၁၇ခုနှစ် ဇွန်လပိုင်းက မသန်းသန်းနိုင် သိပ္ပံလမ်းရှိ KTV ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေစဉ် သူငယ်ချင်းဖြစ်သူ ဆက်သွယ်ပေးတာကြောင့် မိုးကုတ်မြို့ နေထိုင်ပြီး အိမ်၊ခြံ၊မြေပွဲစား ကိုကိုမောင် ဖုန်း/viber နဲ့ ဆက်သွယ်ပေးမှုကြောင့် ရင်းနှီးခဲ့ကြပြီး ကိုကိုမောင်ဆိုသူနှင့် ငြိစွန်းပြီးတရားမဝင် လင်မယားအဖြစ်နေထိုင်ခဲ့ကြောင်း၊ အလားတူ (၂၀၁၇) ခုနှစ် သြဂုတ်လ ကလည်းကိုကိုမောင်ဆိုသူနဲ့ ဖုန်းအဆက်သွယ်ရခဲ့ပြီး (၄၁)လမ်း ဟော်တယ်တစ်ခုမှာ ထပ်မံပြီး အတူနေထိုင်ခဲ့ကြရာမှ ကိုယ်ဝန်ရှိလာပြီး ကိုကိုမောင် နေရပ် လိပ်စာ စုံစမ်းကြည့်ရာမှ ကိုကိုမောင်နာမည်မှာ နာမည်ရင်းမဟုတ်ဘဲ ဦးကြည်သက်မောင်၊စဥ့်ကူးမြို့ နယ် အုပ်ချုပ်ရေးမှူးဆိုသူဖြစ်ပြီး တရားဝင်ဇနီးသား သမီးများရှိတာသိရခဲ့ကြောင်း ဒီဇင်ဘာလကလည်း ကိုကိုမောင် ငှားရမ်းပေးထားတဲ့ အိမ်မှာ တရားမဝင်အတူနေထိုင်ခဲ့ကြပြီး ကိုယ်ဝန်(၆)လရှိလာတဲ့ အတွက် တရားဝင်အတူနေထိုင်ရန်/ ကလေးအတွက်တာဝန်ယူရန်ဖုန်းနဲ့ ပြောကြားခဲ့ရာ ဦးကြည်သက်မောင် က လူတန်းစေ့ထားပေးမည်ဆိုပြီး အဆက်အသွယ် မရရှိတော့ဘူးဖြစ်တဲ့အတွက် တရားဝင်ဇနီးရှိနေလျှက် တရားမဝင် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့တဲ့ အပေါ် အခုလို တိုင်တန်းရခြင်းဖြစ်တယ်လို့ မသန်းသန်းနိုင် ထံက သိရပါတယ်။

“ကျွန်မ KTV မှာ အလုပ်လုပ်တယ် ဆိုပေမယ့် ရိုးသား
စွာ အလုပ်လုပ်တယ်၊ အလုပ်လုပ်ရင်း သူငယ်ချင်း တစ်ဦးရဲ့မိတ်ဆက်ပေးမှုကြောင့် မိုးကုတ်မှာ အိမ်၊ခြံ၊မြေ အရောင်းအဝယ်လုပ်တယ်ဆိုတဲ့ ကိုကိုမောင်ဆိုတဲ့သူ နဲ့ သိကျွမ်းခဲ့ပြီး လူချင်းအပြင်မှာတွေ့ပြီး စကားပြောချင်လို့
ဆိုပြီး ဖုန်းနဲ့  ဆက်သွယ်လာပြီး လာခေါ်ခဲ့တယ်။ သူလာခေါ်တဲ့ကားနဲ့ လျှောက်လည်ခဲ့ပြီးနောက်ပိုင်း အခုလိုကြုံ တွေခဲ့ရတာပါ။ သူမှာလည်း ဇနီးနဲ့သား/သမီးတွေ ရှိတယ်၊သူတို့ကိုလည်း ကျွန်မကြောင့် စိတ်အနှောက်အယှက်မ ဖြစ် စေချင်ဘူး ဒါပေမယ့် ကျွန်မမှာလည်း ကိုယ်ဝန်ကခြောက်လရှိနေပြီ၊ ကျွန်မကိုယ်ဝန်ကိုလည်း အမျိုးမျိုးဖျက်ချဖို့အတွက်လုပ်ကြတယ်၊ နောက်ပိုင်းသူ့ကို ဆက်သွယ်လို့ မရ တော့တဲ့အတွက် အခုလိုတိုင်တန်းရတာပါ ” လို့  မသန်းသန်းနိုင် (ခ) မသက်ထားက ပြောပါတယ်။

လက်ရှိအချိန်မှာ သက်ဆိုင်ရာမြို့ နယ်ရဲစခန်းမှလည်း စစ်ဆေးဆဲဖြစ်တယ်လို့ သိရပါတယ်။

By – မင်းသန့်

MUNA

Comments

comments

You May Also Like