ပဲခူးဘုရားဝန်းအတွင်းမှ ဘုရင့်နောင်ရုပ်တု လိပ်ပြာသိပ်ထားတယ်လို့ ထိုင်းများယုံကြည်ကြ | Myanmar News Agency

ပဲခူးဘုရားဝန်းအတွင်းမှ ဘုရင့်နောင်ရုပ်တု လိပ်ပြာသိပ်ထားတယ်လို့ ထိုင်းများယုံကြည်ကြ

ပဲခူး ဖေဖော်ဝါရီ ၂

ပဲခူးမြို့မှာ ဘုရင့်နောင်မင်းတရားကြီး တည်ထားခဲ့သော ပဲခူးမြို့ရဲ့ တစ်ဆူတည်းသော ဘုရားဖြစ်တဲ့ ဆုတောင်းပြည့်စွယ်တော် ရှင်မဟာ စေတီတော်မြတ်ကြီးကို ဘုရင့်နောင်မင်းရဲ့ ရုပ်တုမှာ လိပ်ပြာသိပ်ထားတယ်လို့ ယုံကြည်ကြပြီး ထိုင်း ဧည့်သည်တွေ အများဆုံးလာရောက်ကြတယ်လို့သိရပါတယ်။

ဘုရားဝန်းအတွင်းမှာတည်ရှိတဲ့ ဘုရင့်နောင် ရုပ်တု ထဲကို ထိုင်းကလာပြီး လိပ်ပြာသိပ်ထားတာ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
“ထိုင်းဘုရင့် သမီးတော် ဆုပန်ကလျာနဲ့ ဘုရင့်နောင်တရားကြီးပေါ့ ထိုင်းနဲ့ပတ်သတ်တာကတော့ အဓိက ဒီကိုလာကြတယ် ဘုရင့်နောင် ရဲ့ ကြင်ယာတော်ဖြစ်လို့လည်း ဒီကို ထိုင်းကလာကြတယ် ဒီဘုရားက ပဲခူးမှာ ဘုရင့်နောင်တည်ခဲ့တဲ့ တစ်ဆူတည်းသောဘုရား ဒီရုပ်တုမှာ ဘုရင့်နောင်ရဲ့ လိပ်ပြာသိပ်ထားတယ်လို့ပြောကြတယ် အဲ့ဒါကြောင့် ထိုင်းတွေပဲအများဆုံးလာကြတယ် “လို့ ဆုတောင်းပြည့်စွယ်တော် ရှင်မဟာ စေတီတော်မြတ်ကြီးက လုံခြုံရေးတာဝန်ထမ်းဆောင်နေသူ ဦးကျော်သန်းဝင်းကပြောပါတယ်။

ထိုင်းဘုရင့်သမီးတော် ဆုပန်ကလျာ ဟာ ဘုရင့်နောင်မင်းတရားကြီးရဲ့ ကြင်ယာဖြစ်ခဲ့ပြီးတော့ ဘုရင့်နောင်ဟာထိုင်းကို သိမ်းယူခဲ့ပေမယ့် ထိုင်းတွေအနေနဲ့ အမုန်းမထားပဲ စကြာင်္ဝတေးမင်းအဖြစ်သတ်မှတ်ကာ ယိုးဒယား သမိုင်းတွေမှာ ဘုရင့်နောင်အကြောင်းကို ကောင်းမြတ်တဲ့ ဖြောင့်မတ်တဲ့ စိတ်ရင်းစိတ်ကောင်းရှိတဲ့ မင်းကောင်းမင်းမြတ်အဖြစ်ဖော်ပြထားတယ်လို့သိရပါတယ်။

“သူတို့ရဲ့ အယူအဆတွေနဲ့ပေါ့နော် သူ့တို့ဘာသူတို့ ဒီဘုရင့်နောင် ရုပ်တုထဲမှာ လိပ်ပြာလာသိပ်ထားကြတယ် အဲ့ဒါကြောင့် ထိုင်းတွေက ဒီကို အဓိကထားပြီးလာကြတာများတယ်”လို့ ဘုရားမှာလုံခြုံရေးတာဝန်ထမ်းဆောင်နေသူ ဦးအေးဝင်းကပြောပါတယ်။

By – လမင်းသော်တာ
MUNA

Comments

comments

You May Also Like