မကွေးတိုင်းဝန်ကြီးချုပ် ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ဆန္ဒပြကျောင်းသားများ ခံဝန်မထိုးပဲ ကျောင်းပြန်တက်ခွင့်ရ | Myanmar News Agency

မကွေးတိုင်းဝန်ကြီးချုပ် ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ဆန္ဒပြကျောင်းသားများ ခံဝန်မထိုးပဲ ကျောင်းပြန်တက်ခွင့်ရ

ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ ပညာရေးဝန်ကြီးထံ စာပေးပို့ ပြီး မေတ္တာရပ်ခံညှိနှိုင်းမှုကြောင့် ဇန်န၀ါရီလက မန္တလေး ရတနာပုံ တက္ကသိုလ်မှာ ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်ပြုလိုက်ပါတယ်။

ဒီကနေ့ (ဖေဖေါ်ဝါရီ ၈ ရက်)ရက်စွဲနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ သင်တန်းရပ်စဲခံ ကျောင်းသားများ ဆက်လက်ပညာသင်ကြားခွင့်ရဖို့ မကွေးတိုင်း ၀န်ကြီးချုပ်က ညှိနှိုင်းမေတ္တာရပ်ခံတဲ့စာ ပေးပို့ ခဲ့ပြီးနောက် ဆန္ဒပြ ကျောင်းသား၊ကျောင်းသူတွေ ခံဝန်လက်မှတ်ထိုးစရာမလိုပဲ ကျောင်းပြန်တက်ခွင့် ရဖို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက သဘောတူခဲ့ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂသတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ကြေညာပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက
“ဒေါက်တာအောင်မိုးညိုရဲ့ဆောင်ရွက်ချက်ကို လေးစား၊ အသိ အမှတ်ပြုပါတယ်။နိုင်ငံရေးအနှစ်သာရမြင့်မားတဲ့ခြေလှမ်းလဲ ဖြစ်ပါတယ်။ လုပ်သင့်လုပ်ထိုက်တာကိုဖောက်ထွက်ပြီး၊ လုပ်တာဖြစ်ပါတယ်။ကျောင်းသားတွေ လက်မှတ်ထိုးစရာမလိုဘဲ၊ ဂုဏ်​သိက္ခာရှိစွာ​ ကျောင်းပြန်​တက်​ခွင့်​ရသွားပြီဆိုတဲ့သတင်းဟာ မင်္ဂလာသတင်းပါ။နောက်လာမယ့် စိန်ခေါ်မှုတွေ၊အကျပ်အတည်း
တွေမှာလဲ ဒီလိုပဲ ညှိနှိုင်းဆွေးနွေးရင်း၊နိုင်ငံရေးအရ ချဉ်းကပ် အဖြေရှာရင်း ကျော်လွှားနိုင်ဖို့ အရေးကြီးတဲ့အကြောင်း တိုက်တွန်းလိုပါတယ်။”လို့ သူ့ ရဲ့အမြင်ကို ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။

By – မင်းသက်နိုင်

MUNA

 

Comments

comments

You May Also Like