ရထားအဝင်အထွက်ချိတ်ဆက်သည့် ကေဗင်နှစ်ခုနှင့် ဘူတာ အဆင့်မြင့်တင်ခြင်းကို JICA ချေးငွေဖြင့် ဆောင်ရွက်မည် | Myanmar News Agency

ရထားအဝင်အထွက်ချိတ်ဆက်သည့် ကေဗင်နှစ်ခုနှင့် ဘူတာ အဆင့်မြင့်တင်ခြင်းကို JICA ချေးငွေဖြင့် ဆောင်ရွက်မည်

ပဲခူး ဖေဖော်ဝါရီ ၆

ပဲခူးဘူတာမှ နှစ်ပေါင်း ၇၀ ခန့်ကြာမြင့်ခဲ့ပြီဖြစ်သော ရထားအဝင်အထွက်ချိတ်ဆက်သည့် ကေဗင်နှစ်ခုနှင့် ဘူတာ အဆင့်မြင့်တင်ခြင်း လုပ်ငန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (JICA ) ချေးငွေ ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဘူတာအဆင့်မြင့်တင်ခြင်းလုပ်ငန်းအား  JICA အဖွဲ့၏ အကူအညီဖြင့် ၂၀၁၈ ဧပြီလတွင် စတင်ဆောင်ရွက်ရန် ကနဦး သတ်မှတ်ထားသော်လည်း ညှိနှိုင်းမှုများ မပြီးပျက်သောကြောင့် လာမည့် သြဂုတ်လ မှသာ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား မှသိရသည်။

”ဘူတာနဲ့ပက်သက်ပြီး နည်းပညာပိုင်းတွေကို အဆင့်မြင့်တင်မှာဖြစ်ပါတယ်။ ခရီးသွားလာရေး မြန်ဆန်အောင် ဆောင်ရွက်ပေးတာဖြစ်ပြီးတော့ လုပ်ငန်းတွေအားလုံးပြီးသွားရင် ခရီးသွားတွေအတွက်ကျန့်ကြာတဲ့ အချိန် နည်းသွားမှာပါ။ ယခင် ၁၂ နာရီအကြာ သွားခဲ့ရတဲ့ ခရီးကို ၈ နာရီနဲ့ သွားလာနိုင်မှာပါ ” ဟု ပဲခူးဘူတာ ရုံပိုင်ချုပ် ဦးသောင်းထိုက်က ပြောသည်။

”ဘူတာဂိတ်တံခါးတွေက auto အပိတ်အဖွင့်စနစ်ဖြစ်သွားမယ်။ point တွေကို touch screen သုံးပြီး ထိန်းချုပ်မယ့် အစီအစဉ်တွေ ပါလာတယ်။ ခန့်မှန်းကုန်ကျငွေတော့ ပြောလို့မရသေးဘူး” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

JICA ချေးငွေဖြင့် ဘူတာ အဆင့်မြင့်တင်ခြင်းအား ရန်ကုန် -မန္တလေး ရထားလမ်းပိုင်းနှင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း တစ်လျောက် ဘူတာစဉ်နှင့် လမ်းပိုင်းများ အားလုံးကိုလဲ အဆင့်မြင့်တင်မည်ဖြစ်ပြီး ၂၀၂၀ တွင်လုပ်ငန်းများအားလုံး အပြီးသတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

By – နေထက်(ပဲခူး)
MUNA

 

Comments

comments

You May Also Like