နေပြည်တော်တွင် ဗုံးသီးဟောင်းကို မီးပုံအတွင်းပစ်ထည့်ရာမှ ပေါက်ကွဲမှုဖြစ် (၂)ဦးဒဏ်ရာရ | Myanmar News Agency

နေပြည်တော်တွင် ဗုံးသီးဟောင်းကို မီးပုံအတွင်းပစ်ထည့်ရာမှ ပေါက်ကွဲမှုဖြစ် (၂)ဦးဒဏ်ရာရ

ရန်ကုန် ဖေဖော်ဝါရီ ၁၄

နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ကလေးငယ်တစ်ဦးက ကောက်ရခဲ့သော ဗုံးသီးဟောင်းကို မီးပုံအတွင်းပစ်ထဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူနှင့်တိရိစ္ဆာန်များဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၃ရက် နံနက် ၈ နာရီအချိန် ဥတ္တရသီရိမြို့နယ်၊ စည်ပင်သာကျေးရွာ၊ ကြပ်မြှောင်တဲစုနေ ကံထူးမောင်(၁၀)နှစ် (ဖ) ဦးအောင်ဇော်လွင်သည် ၎င်းကောက်ရထားသည့် ၄၀ မမ ဗုံးသီးဟောင်း တစ်လုံးအား နေအိမ်အနောက်ဘက်ရှိ မီးလှုံရန်ဖိုထားသည့် မီးပုံအတွင်းသို့ ပစ်ချခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

မီးဖိုနှင့် (၁၀)ပေအကွာ အဆိုပါတဲစုနေ မပြည့်ဖြိုးခိုင် (၁၃)နှစ် (ဖ) ဦးသန်းထွန်းနှင့် မပြည့်ဖြိုးခိုင် ပွေ့ချီထားသည့် ဝေယံဟိန်း(၁)နှစ်(၆)လ(ဖ)ဦးဖိုးဖြူ တို့တွင် ယာခါး၊ ဖနောင့်၊ ဝဲနား၊ တင်ပါးတို့တွင် ဗုံးစထိမှန်၍ စိုးရိမ်ဒဏ်ရာများ ရရှိခဲ့ကာ ကျွဲတင်းကုပ်ရှိ ကျွဲမကြီးတစ်ကောင်၊ ကျွဲပေါက်စတစ်ကောင်တို့တွင်လည်း ဗုံးစများထိမှန်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ မပြည့်ဖြိုးခိုင် အပါအဝင် (၂)ဦးတို့အား နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

MUNA

 

 

Comments

comments

You May Also Like