ဘေဂျင်း ဈေးဝယ်စင်တာကြီးမှာ ဓါးဖြင့် တိုက်ခိုက်မှုကြောင့် (၁)ဦးသေ (၁၂)ဦး ဒဏ်ရာရ | Myanmar News Agency

ဘေဂျင်း ဈေးဝယ်စင်တာကြီးမှာ ဓါးဖြင့် တိုက်ခိုက်မှုကြောင့် (၁)ဦးသေ (၁၂)ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၁

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော် ဇီချန်ခရိုင် ဇီဒန်စီးပွားရေးဒေသ ဂျွိုင်းမြို့တော်ရှိ ဈေးဝယ်စင်တာကြီးတစ်ခုတွင် မနက် (၁)နာရီခန့်က လူတစ်ဦး ဓါးဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့မှပြောကြားသည်။

မြို့တော်ဘေဂျင်း၏ အချက်အချာကျသောနေရာရှိ ဈေးဝယ်စင်တာကြီးတွင် တနင်္ဂနွေနေ့က ဓါးဖြင့်တိုက်ခိုက်မှုဖြစ်ခဲ့ရာတွင် သံသယရှိသူအမျိုးသားကို ရဲများကဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့က သံသယရှိသူတရားခံမှာ အသက် ၃၅ နှစ်အရွယ် ‘ဇူ’ဟုခေါ်သည့်အမျိုးသားဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ဒဏ်ရာရသူ အမျိုးသမီးမှာ ဆေးရုံတွင် သေဆုံးခဲ့ပြီး အခြား ဒဏ်ရာရသူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးကိုးဦးတို့မှာလည်း ဒဏ်ရာပြင်းထန်သည်။
ဖမ်းမိထားသော ဓါးဖြင့်တိုက်ခိုက်ခဲ့သူက မိမိကျူးလွန်ကြောင်းဝန်ခံထားပြီး ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့် တိုက်ခိုက်ခဲ့ကြောင်း ထွက်ဆိုထားသည်ဟု ရဲတပ်ဖွဲ့၏အဆိုအရ သိရသည်။

By – KSM
MUNA

Ref;China Plus

Comments

comments

You May Also Like