မွေးကင်းစ အရွယ် ကလေးတွေရဲ့ အစွမ်းများ

MUNA

အခု ပြောမှာက မွေးကင်းစ ကလေးငယ်တွေ၊ အထူးသဖြင့် ၂နှစ်မပြည့်ခင် အရွယ် ကလေးတွေရဲ့ အစွမ်းတွေပါ။ မိဘတွေ သတိမထားမိကြပေမယ့် တကယ်တော့ ဒီအရွယ်မှာကတည်းက ကလေးတွေမှာ လူကြီးတွေထက် ပိုမို သာလွန်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်နေကြပါပြီ။

(၁) သိတတ်နားလည်နိုင်စွမ်း အားကောင်းတယ် – မွေးကင်းစ ကလေးတွေကို ကြည့်ပါ။ ဦးခေါင်းဟာ ခန္ဓာကိုယ်ထည် အနည်းငယ် ပိုပြီး ကြီးနေပါတယ်။ အဆိုပါ အရွယ်ဟာ ခန္ဓာကိုယ်ထည် ဦးနှောက် ဖွံ့ဖြိုးမှု အထူး အားကောင်းနေပါတယ်။ အရာရာကို သိတတ်နားလည်းနိုင်စွမ်း မြန်ဆန် မြင့်မား ကောင်းမွန်နေပါတယ်။ Synapsesလို့ ခေါ်တဲ့ အာရုံကြော ချိတ်ဆက်စနစ် ၁၀၀၀လောက်ထိအောင် ရှိပြီး အရွယ်ရောက်ချိန်မှာတော့ ၃၀၀လောက်သာ ကျန်ပါတော့တယ်။ ဒါကြောင် ငယ်စဉ်မှာ သင်ကြားတတ်မြောက်မှု အားကောင်းတာ ဖြစ်ပါတယ်။

(၂) ကောင်းကောင်းအိပ်နိုင်တယ် – ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အိပ်ပျော်အောင် အိပ်နိုင်တဲ့ စွမ်းအင် ရှိပါတယ်။ အပူ၊ အအေးတွေကလည်း သူတို့ရဲ့ အိပ်စက်မှုကို မဟန့်တားနိုင်ပါဘူး၊ အိပ်ယာထဲမှာ လှဲနေရင်းဖြစ်စေ၊ ချီထားရင်း အနေအထား ဖြစ်စေလည်း အိပ်နိုင်ပါတယ်။ ဆူညံလွန်းတဲ့ အသံ မဟုတ်တဲ့ အနေအထားမှာလည်း အိပ်နိုင်ပါတယ်။

(၃) ဆုပ်ကိုင်နိုင်စွမ်းရှိတယ် – ကလေးတွေရဲ့ လက်ထဲကို အရာတစ်ခုခု ဒါမှမဟုတ် သင့်ရဲ့ လက်ချောင်းလေး ထည့်ပေးလိုက်ပါ။ ဆုပ်ထားပါလိမ့်မယ်။ အဆိုပါ ဆုပ်အားဟာ ကလေးရဲ့ ခန္ဓာကိုယ်ကို မတ်တပ် ရပ်နိုင်အောင် ဆွဲထူဖို့လောက်ထိအောင် အင်အားရှိပါတယ်။ မထ နိုင်သေးတဲ့ အရွယ်မို့လို့သာ မထတာ ဖြစ်ပေမယ့် ဆုပ်အားကောင်းကောင်း ရှိပါတယ်။

(၄) အကြားအာရုံ အထူးကောင်းမွန်တယ် – ကလေးတွေရဲ့ အကြားအာရုံဟာ လူကြီးတွေနဲ့ သိပ်မကွာပါဘူး။ တိုးဖွတဲ့ အသံတွေကိုပါ ကြားနိုင်၊ သိနိုင်ပါတယ်။ အသက်ကြီးလာချိန်မှာ အဆိုပါ အကြားအာရုံ သိသိသာသာ လျော့နည်း မသွားပေမယ့် အသိစိတ်ကြောင့် အချို့သော အသံတွေကို ကျွန်တော်တို့ လျစ်လျူရှုလိုက်လို့ သိပ်ပြီး မကြား၊ မခံစားမိတော့တာ ဖြစ်ပါတယ်။

(၅) အရသာခံနိုင်စွမ်းရှိတယ် – ကျွန်တော်တို့ အရွယ်ရောက် လူသားတွေထက် အရသာ ခံနိုင်စွမ်း ၃ဆ ပိုကောင်းတဲ့ လျှာကို ပိုင်ဆိုင်ထားပါတယ်။ မိခင်နို့ကနေ အခြား နို့တခုခု ပြောင်းလဲသွားတာတွေ၊ စားနေကျ မဟုတ်တဲ့ အစာသစ် ကျွေးလာမှုတွေကို ကောင်းကောင်း သိပါတယ်။ အရွယ်ကြီးလာလေလေ အရသာ ခံနိုင်မှုနှုန်း လျော့ကျသွားတာ ဖြစ်ပါတယ်။

(၆) အမြင်ပိုင်း မှတ်သားမှု အားကောင်းတယ် – အသက် ၆လသား အရွယ်မှာ ပိုပြီး သိသာတဲ့ အမြင်ပိုင်း မှတ်သားနိုင်မှု အားကောင်းခြင်းကို တွေ့ရပါတယ်။ မျောက်တွေပါတဲ့ ကာတွန်းကား ပြသထားသည့်တိုင်အောင် ဘယ်မျောက်က ရယ်ရတယ် ဆိုတာ ကောင်းကောင်း မှတ်မိပါတယ်၊ အနောက်တိုင်း ကလေးတွေ ကြားထဲမှာ တရုတ်ကလေးငယ် တစ်ယောက် ရောပါနေမှုကို ခွဲခြားပြနိုင်ပါတယ်၊ ဒီလို အမြင်ပိုင်း မှတ်သားနိုင်မှု အားကောင်းကြပါတယ်။ ဒါပေမယ့် အသက် ကြီးလာချိန်မှာတော့ အဆိုပါ အစွမ်းတွေ လျော့နည်းသွားပါတော့တယ်။

(၈) အိုင်းစတိုင်းလို ဦးနှောက်စွမ်းရည်ကို ပိုင်ဆိုင်ထားတယ် – သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်ပေါင်း များစွာ အရ ကလေးတွေရဲ့ ဦးနှောက်ဟာ သင်ကြားနိုင်မှု အပါအ၀င် ပြသနာ ဖြေရှင်းနိုင်မှုက အစ ဦးနှောက်နဲ့ လုပ်ဆောင်ရတဲ့ အပိုင်းတွေမှာ အရွယ်ရောက်ပြီး သူတွေ အားလုံးထက် ပိုမို ကောင်းမွန်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ အသက်အရွယ် ကြီးလာလေလေ ဦးနှောက် စွမ်းရည် လျော့ကျ သွားလေလေ ဖြစ်ပါတယ်။

By – KKS / MUNA

Ref; businessinsider.com

Comments

comments

You May Also Like