ကမာၻ႔အေကာင္းဆံုး အမိ်ဳးသမီး ေဘာလံုးသမားမ်ား …

မတ္ ၂၂

ေဘာလံုးေလာကမွာ အမ်ိဳးသားေတြလို သန္မာၿပီး ကစားဟန္လွပစြာ ေဘာလံုးကစားၾကတဲ႔ အမ်ိဳးသမီးေတြအမ်ားအျပားရွိပါတယ္။
အခုေျပာျပမွာကေတာ့ ကမၻာ့အေကာင္းဆံုး အမ်ိဳးသမီးေဘာလံုးသမားေတြ အေၾကာင္းပဲျဖစ္ပါတယ္။

(၁) Abby Wambach – တက္ၾကြတယ္၊ သန္မာတယ္၊ သီးျခား ကစားဟန္နဲ႔ ပြဲကို ထိန္းခ်ဳပ္ႏုိ္င္တယ္၊ တစ္ဦးတည္း ထိုးေဖာက္ကစားႏုိင္မႈ အားေကာင္းတယ္၊ ကစားသက္ ၁၅ႏွစ္ အတြင္းႏိုင္ငံတကာပြဲေတြမွာ ၁၈၄ဂိုးထိေအာင္ သြင္းယူထားတယ္၊ ဒီထဲက ၇၇ဂိုးက သူမ တစ္ေယာက္တည္း ႀကိဳးစားမႈနဲ႔ ရခ့ဲတာလည္း ျဖစ္ပါတယ္။

(၂) Carli Llyod – ၂၀၁၅ခုႏွစ္ အတြက္ FIFAရဲ႕ အေကာင္းဆံုုး ကစားသမားဆု ရရွိထားသူပါ။ အသင္းကို ၂၀၁၅ခုႏွစ္ ကမာၻ႔ဖလားရေစသူ၊ ႏုိင္ငံတကာ ပြဲေပါင္း ၂၂၂ပြဲ ကစားထားသူ၊ အသင္း အတြက္ ၈၇ဂိုး သြင္းထားေပးသူပါ။ လွပမႈထက္ ေဘာလံုးကစားတာေကာင္းလို႔ လူႀကိဳက္မ်ားသူလည္း ျဖစ္ပါတယ္။

(၃) Alex Morgan – သူလည္း လွပသူ တစ္ဦးပါ။ ဒါေပမယ့္ အသင္းကို ဆြဲေခၚႏိုင္တယ္၊ ဦးေဆာင္ႏုိ္င္တယ္၊ တခ်ိဳ႕က အစပိုင္းမွာ Morganကို ကစားကြက္အတြက္ အလုပ္မျဖစ္ေလာက္ဘူး ထင္ေပမယ့္ ပြဲခ်ိန္ၾကာလာခ်ိန္မွာ သူဟာ ကစားကြက္ကို ခ်ဳပ္ကိုင္ႏုိင္သူ ျဖစ္လာၿပီး နာမည္ေက်ာ္လာသူပါ။

(၄) Marta Vieira Da Silva – ဘရာဇီးသူ ျဖစ္ၿပီး အမ်ိဳးသားကစားသမားတစ္ေယာက္လို သန္မာလွပါတယ္။ အမ်ိဳးသား ေဘာလံုး အသင္း Rio de Janeiroကေန ေခၚယူ စမ္းသပ္မႈေတြေတာင္ ရွိခဲ့ပါတယ္။ တြန္းတြန္းတိုက္တိုက္ကစားတတ္ၿပီး ကိုယ္ပိုင္ဟန္နဲ႔ ကစားသူ တစ္ဦး ျဖစ္ပါတယ္။

(၅) Hope Solo -သူကေတာ့ ျပည္တြင္းမွာေတာင္ လူသိမ်ားတဲ့ အေမရိကန္သူပါ။ ႀကံ့ခိုင္ ေတာင့္တင္းတဲ့ သူတစ္ဦး ျဖစ္ၿပီး ဂ်နီဖာလိုဖက္န႔ဲ တခ်ိဳ႕က တင္စားေျပာဆိုခံရသူပါ။ ဒါေပမယ့္ သူမက အလွအပထက္ ေဘာလံုးကို ဦးစားေပး ႀကိဳးစားကစားေနသူ တစ္ေယာက္ပါ။

(၆) Dzsenifer Marozsan – အလွဆံုး အမ်ိဳးသမီး ေဘာလံုးသမားေတြထဲက တစ္ေယာက္ပါ။ တက္တူးထုိးရတာ ႏွစ္သက္သူပါ။ ဂ်ာမနီသူ ျဖစ္ၿပီး သူကေတာ့ ေဘာလံုးကို လွည့္ထြက္ ထိုးေဖာက္ကစားရတာ ပိုႏွစ္သက္ပံုရၿပီး လွည့္ကြက္နဲ႔ ကစားသူ ျဖစ္ပါတယ္။

(၇) Sydney Leroux – ေဘာလံုးသမားဆိုေပမယ့္ ဆြဲေဆာင္မႈ အထူးေကာင္းမြန္လုိ႔ ပုရိသေတြ အႀကိဳက္မ်ားပါတယ္။ ခံစစ္ ကစားသမား အျဖစ္ပါ အေကာင္းဆံုး တြန္းတြန္းတိုက္တိုက္ ကစားႏုိင္တာ ေတြ႔ရပါတယ္။ ယံုၾကည္မႈ အျပည့္နဲ႔ ကစားတတ္ၿပီး ကြင္းလယ္နဲ႔ ေနာက္ပို္င္းကိုပါ တာ၀န္ယူႏို္င္တဲ့ ကေနဒါသူတစ္ဦးပါ။

By – KKS / MUNA
Ref; wonderslist.com

(Unicode)

မတ် ၂၂

ဘောလုံးလောကမှာ အမျိုးသားတွေလို သန်မာပြီး ကစားဟန်လှပစွာ ဘောလုံးကစားကြတဲ့ အမျိုးသမီးတွေအများအပြားရှိပါတယ်။
အခုပြောပြမှာကတော့ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးဘောလုံးသမားတွေ အကြောင်းပဲဖြစ်ပါတယ်။

(၁) Abby Wambach – တက်ကြွတယ်၊ သန်မာတယ်၊ သီးခြား ကစားဟန်နဲ့ ပွဲကို ထိန်းချုပ်နိုင်တယ်၊ တစ်ဦးတည်း ထိုးဖောက်ကစားနိုင်မှု အားကောင်းတယ်၊ ကစားသက် ၁၅နှစ် အတွင်းနိုင်ငံတကာပွဲတွေမှာ ၁၈၄ဂိုးထိအောင် သွင်းယူထားတယ်၊ ဒီထဲက ၇၇ဂိုးက သူမ တစ်ယောက်တည်း ကြိုးစားမှုနဲ့ ရခဲ့တာလည်း ဖြစ်ပါတယ်။

(၂) Carli Llyod – ၂၀၁၅ခုနှစ် အတွက် FIFAရဲ့ အကောင်းဆုံး ကစားသမားဆု ရရှိထားသူပါ။ အသင်းကို ၂၀၁၅ခုနှစ် ကမ္ဘာ့ဖလားရစေသူ၊ နိုင်ငံတကာ ပွဲပေါင်း ၂၂၂ပွဲ ကစားထားသူ၊ အသင်း အတွက် ၈၇ဂိုး သွင်းထားပေးသူပါ။ လှပမှုထက် ဘောလုံးကစားတာကောင်းလို့ လူကြိုက်များသူလည်း ဖြစ်ပါတယ်။

(၃) Alex Morgan – သူလည်း လှပသူ တစ်ဦးပါ။ ဒါပေမယ့် အသင်းကို ဆွဲခေါ်နိုင်တယ်၊ ဦးဆောင်နိုင်တယ်၊ တချို့က အစပိုင်းမှာ Morganကို ကစားကွက်အတွက် အလုပ်မဖြစ်လောက်ဘူး ထင်ပေမယ့် ပွဲချိန်ကြာလာချိန်မှာ သူဟာ ကစားကွက်ကို ချုပ်ကိုင်နိုင်သူ ဖြစ်လာပြီး နာမည်ကျော်လာသူပါ။

(၄) Marta Vieira Da Silva – ဘရာဇီးသူ ဖြစ်ပြီး အမျိုးသားကစားသမားတစ်ယောက်လို သန်မာလှပါတယ်။ အမျိုးသား ဘောလုံး အသင်း Rio de Janeiroကနေ ခေါ်ယူ စမ်းသပ်မှုတွေတောင် ရှိခဲ့ပါတယ်။ တွန်းတွန်းတိုက်တိုက်ကစားတတ်ပြီး ကိုယ်ပိုင်ဟန်နဲ့ ကစားသူ တစ်ဦး ဖြစ်ပါတယ်။

(၅) Hope Solo -သူကတော့ ပြည်တွင်းမှာတောင် လူသိများတဲ့ အမေရိကန်သူပါ။ ကြံ့ခိုင် တောင့်တင်းတဲ့ သူတစ်ဦး ဖြစ်ပြီး ဂျနီဖာလိုဖက်နဲ့ တချို့က တင်စားပြောဆိုခံရသူပါ။ ဒါပေမယ့် သူမက အလှအပထက် ဘောလုံးကို ဦးစားပေး ကြိုးစားကစားနေသူ တစ်ယောက်ပါ။

(၆) Dzsenifer Marozsan – အလှဆုံး အမျိုးသမီး ဘောလုံးသမားတွေထဲက တစ်ယောက်ပါ။ တက်တူးထိုးရတာ နှစ်သက်သူပါ။ ဂျာမနီသူ ဖြစ်ပြီး သူကတော့ ဘောလုံးကို လှည့်ထွက် ထိုးဖောက်ကစားရတာ ပိုနှစ်သက်ပုံရပြီး လှည့်ကွက်နဲ့ ကစားသူ ဖြစ်ပါတယ်။

(၇) Sydney Leroux – ဘောလုံးသမားဆိုပေမယ့် ဆွဲဆောင်မှု အထူးကောင်းမွန်လို့ ပုရိသတွေ အကြိုက်များပါတယ်။ ခံစစ် ကစားသမား အဖြစ်ပါ အကောင်းဆုံး တွန်းတွန်းတိုက်တိုက် ကစားနိုင်တာ တွေ့ရပါတယ်။ ယုံကြည်မှု အပြည့်နဲ့ ကစားတတ်ပြီး ကွင်းလယ်နဲ့ နောက်ပိုင်းကိုပါ တာဝန်ယူနိုင်တဲ့ ကနေဒါသူတစ်ဦးပါ။

By – KKS / MUNA
Ref; wonderslist.com

 

Comments

comments

You May Also Like