ဂါဇာတြင္ ပါလက္စတုိင္းဝန္ႀကီးခ်ဳပ္ ယာဥ္တန္းအနီး ေဖာက္ခြဲ တု္ိက္ခုိက္ခံရ | Myanmar News Agency

ဂါဇာတြင္ ပါလက္စတုိင္းဝန္ႀကီးခ်ဳပ္ ယာဥ္တန္းအနီး ေဖာက္ခြဲ တု္ိက္ခုိက္ခံရ

ေဘရြတ္ မတ္ ၁၃

ပါလက္စတု္ိင္းဝန္ႀကီးခ်ဳပ္ ရာမီဟမ္ဒါးလားဟ္ ရွားရွားပါးပါး ဂါဇာကမ္းေျမွာင္သုိ႔ ယာဥ္တန္းျဖင့္ သြားေရာက္လည္ပတ္စဥ္ ေဖာက္ခြဲတုိက္ခုိက္မႈတစ္ခု ျဖစ္ပြားခဲ႔သည္။

အဂၤါေန႔က ဟားမတ္စ္ထိန္းခ်ဳပ္နယ္ေျမသုိ႕ ျဖတ္သန္းဝင္ေရာက္လာစဥ္ တုိက္ခုိက္ခံရမႈတြင္ ဝန္ႀကီးခ်ဳပ္ဟမ္ဒါးလားဟ္ ထိခုိက္ခဲ႔ျခင္းမရွိေပ။ ယာဥ္သုံးစီးပ်က္စီးခဲ႔ျပီး ျပဳတ္ထြက္ေနေသာ တံခါးမ်ားေပၚတြင္ ေသြးမ်ားေပက်ံေနသည္ကုိ ေတြ႔ရသည္။

IED ေဖာက္ခြဲေရးပစၥည္းျဖင့္ တုိက္ခုိက္ခဲ႔မႈတြင္ လူခုႏွစ္ဦး ဒဏ္ရာအနည္းငယ္ရခဲ႔သည္ဟု ေဒသခံသတင္းမ်ားတြင္ ေဖာ္ျပေသာ္လည္း ဟားမတ္စ္ျပည္ထဲေရးဝန္ႀကီးကမူ ဒဏ္ရာရသူမရွိဟု ေျပာၾကားသည္။

အေနာက္ဖက္ကမ္းရွိ ပါလက္စတုိင္း အာဏာပုိင္အဖြဲ႔က ဝန္ႀကီးခ်ဳပ္ကုိ လုပ္ႀကံရန္အားထုတ္မႈဟု ဂါဇာလက္နက္ကုိင္မ်ားကုိ စြပ္စြဲခဲ႔ျပီး ဟားမတ္စ္တုိ႔က လုံျခံဳေရး အလုံအေလာက္မေပးခဲ႔ဟု ေျပာၾကားသည္။ စုံစမ္းစစ္ေဆးမႈမ်ား စတင္လုပ္ေဆာင္ေနျပီး တုိက္ခုိက္မႈကုိ ရာဇဝတ္ျပစ္မႈက်ဴ းလြန္ျခင္းဟု ျပစ္တင္ရႈတ္ခ်ေၾကာင္း ဟားမတ္စ္ျပည္ထဲေရးဝန္ႀကီး၏ ေျပာခြင့္ရသူက ေျပာၾကားသည္။

ေရဆုိးသန္႔စင္စက္ရုံဖြင့္ပြဲ တက္ေရာက္ရန္ ဝန္ႀကီးခ်ဳပ္ ဂါဇာသုိ႔ေရာက္ရွိလာခဲ႔ျပီး ေဖါက္ခြဲမႈမျဖစ္မွီအခ်ိန္က  စိီစဥ္ထားသည့္အတုိင္း မိန္႔ခြန္းေျပာခဲ႔ေသးသည္။ ”ဒါက လ်ဳိ႕ဝွက္ႀကံစည္မႈႀကီးပါ။ ဒီေန႔အျဖစ္အပ်က္က က်ြန္ေတာ္တုိ႔ ျပန္လည္စည္းလုံးညီညြတ္ေရး ဆုံးျဖတ္ခ်က္ေအာင္ျမင္ဖုိ႔ အင္အားေတြခုိင္မာလာပါတယ္။ ဂါဇာကုိ က်ြန္ေတာ္ျပန္လာပါ့မယ္” ဟု ဝန္ႀကီးခ်ဳပ္ ဟမ္ဒါးလားဟ္က ေျပာၾကားသည္။

၂၀၀၇ တြင္ ဟားမတ္စ္တုိ႔ ဂါဇာကုိသိမ္းပုိက္ျပီးေနာက္ပု္ိင္း အစၥေရးႏွင့္ အႀကိမ္ႀကိမ္တုိက္ခုိက္ခဲ႔ရျပီး စီးပြားေရးယုိယြင္းလာခဲ႔ရာ လ်ပ္စစ္ျပတ္ေတာက္မႈမ်ားအျပင္ အီဂ်စ္ႏွင့္ အစၥေရးတုိ႔ ပိတ္ဆုိ႔မႈမ်ား ခံစားရသည္။

ဟားမတ္စ္ႏွင့္ ပါလက္စတုိင္းအစုိးရတုိ႔ ယမန္ႏွစ္ေအာက္တုိဘာလအတြင္း ျပန္လည္သင့္ျမတ္ေရး သေဘာတူ လက္မွတ္ေရးထုိးခဲ႔ရာ ၂၀၁၉ တြင္ ေရြးေကာက္ပြဲက်င္းပရန္ သေဘာတူညီထားသည္။ ၂၀၁၃တြင္ဝန္ႀကီးခ်ဳပ္တာဝန္ယူခဲ႔သူ ဟမ္ဒါလားဟ္မွာ ပထမဆုံးအႀကိမ္အျဖစ္ တုိက္ခုိက္မႈ ႀကံဳႀကိဳက္ခဲ႔ျခင္းျဖစ္သည္။

By – KSM / MUNA

Ref; Aljazeera

(Unicode)

ဘေရွတ် မတ် ၁၃

ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီဟမ်ဒါးလားဟ် ရှားရှားပါးပါး ဂါဇာကမ်းမြှောင်သို့ ယာဉ်တန်းဖြင့် သွားရောက်လည်ပတ်စဉ် ဖောက်ခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

အင်္ဂါနေ့က ဟားမတ်စ်ထိန်းချုပ်နယ်မြေသို့ ဖြတ်သန်းဝင်ရောက်လာစဉ် တိုက်ခိုက်ခံရမှုတွင် ဝန်ကြီးချုပ်ဟမ်ဒါးလားဟ် ထိခိုက်ခဲ့ခြင်းမရှိပေ။ ယာဉ်သုံးစီးပျက်စီးခဲ့ပြီး ပြုတ်ထွက်နေသော တံခါးများပေါ်တွင် သွေးများပေကျံနေသည်ကို တွေ့ရသည်။

IED ဖောက်ခွဲရေးပစ္စည်းဖြင့် တိုက်ခိုက်ခဲ့မှုတွင် လူခုနှစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟု ဒေသခံသတင်းများတွင် ဖော်ပြသော်လည်း ဟားမတ်စ်ပြည်ထဲရေးဝန်ကြီးကမူ ဒဏ်ရာရသူမရှိဟု ပြောကြားသည်။

အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ဝန်ကြီးချုပ်ကို လုပ်ကြံရန်အားထုတ်မှုဟု ဂါဇာလက်နက်ကိုင်များကို စွပ်စွဲခဲ့ပြီး ဟားမတ်စ်တို့က လုံခြုံရေး အလုံအလောက်မပေးခဲ့ဟု ပြောကြားသည်။ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီး တိုက်ခိုက်မှုကို ရာဇဝတ်ပြစ်မှုကျူ းလွန်ခြင်းဟု ပြစ်တင်ရှုတ်ချကြောင်း ဟားမတ်စ်ပြည်ထဲရေးဝန်ကြီး၏ ပြောခွင့်ရသူက ပြောကြားသည်။

ရေဆိုးသန့်စင်စက်ရုံဖွင့်ပွဲ တက်ရောက်ရန် ဝန်ကြီးချုပ် ဂါဇာသို့ရောက်ရှိလာခဲ့ပြီး ဖေါက်ခွဲမှုမဖြစ်မှီအချိန်က  စီစဉ်ထားသည့်အတိုင်း မိန့်ခွန်းပြောခဲ့သေးသည်။ ”ဒါက လျို့ဝှက်ကြံစည်မှုကြီးပါ။ ဒီနေ့အဖြစ်အပျက်က ကျွန်တော်တို့ ပြန်လည်စည်းလုံးညီညွတ်ရေး ဆုံးဖြတ်ချက်အောင်မြင်ဖို့ အင်အားတွေခိုင်မာလာပါတယ်။ ဂါဇာကို ကျွန်တော်ပြန်လာပါ့မယ်” ဟု ဝန်ကြီးချုပ် ဟမ်ဒါးလားဟ်က ပြောကြားသည်။

၂၀၀၇ တွင် ဟားမတ်စ်တို့ ဂါဇာကိုသိမ်းပိုက်ပြီးနောက်ပိုင်း အစ္စရေးနှင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရပြီး စီးပွားရေးယိုယွင်းလာခဲ့ရာ လျပ်စစ်ပြတ်တောက်မှုများအပြင် အီဂျစ်နှင့် အစ္စရေးတို့ ပိတ်ဆို့မှုများ ခံစားရသည်။

ဟားမတ်စ်နှင့် ပါလက်စတိုင်းအစိုးရတို့ ယမန်နှစ်အောက်တိုဘာလအတွင်း ပြန်လည်သင့်မြတ်ရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ရာ ၂၀၁၉ တွင် ရွေးကောက်ပွဲကျင်းပရန် သဘောတူညီထားသည်။ ၂၀၁၃တွင်ဝန်ကြီးချုပ်တာဝန်ယူခဲ့သူ ဟမ်ဒါလားဟ်မှာ ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်မှု ကြုံကြိုက်ခဲ့ခြင်းဖြစ်သည်။

By – KSM / MUNA

Ref; Aljazeera

Comments

comments

You May Also Like