တ႐ုတ္ျပည္တြင္ အလုပ္ရမည္ဟုေျပာ၍ လူ(၃၂)ဦး စည္း႐ုံးေခၚေဆာင္သူ (၂)ဦးအား ေတာင္ကုတ္တြင္ ဖမ္းမိ | Myanmar News Agency

တ႐ုတ္ျပည္တြင္ အလုပ္ရမည္ဟုေျပာ၍ လူ(၃၂)ဦး စည္း႐ုံးေခၚေဆာင္သူ (၂)ဦးအား ေတာင္ကုတ္တြင္ ဖမ္းမိ

မတ္ ၅

တ႐ုတ္ျပည္တြင္ အလုပ္ရရွိမည္ဟု ေျပာဆိုစည္း႐ုံးေခၚေဆာင္ခဲ့သူ(၂)ဦးအား ေတာင္ကုတ္ၿမိဳ႕တြင္ ဖမ္းဆီး အေရးယူထားေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္သည္။

ျဖစ္စဥ္မွာ ၂၀၁၈ ခုႏွစ္၊ မတ္လ ၃ ရက္ေန႔ ည ၈ နာရီအခ်ိန္ ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ ဝန္ထမ္းမ်ား၊ ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရး ဦးစီးဌာနမွ ဝန္ထမ္းမ်ား၊ သတင္းရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ ေတာင္ကုတ္ၿမိဳ႕အထြက္ ေစတီကြင္းေက်းရြာအနီး၌ ေစာင့္ဆိုင္းေနစဥ္ ေတာင္ကုတ္ ၿမိဳ႕ဘက္မွ ဂူတာရပ္ကြက္ေန သူရေအာင္(၃၅)ႏွစ္ေမာင္းႏွင္ၿပီး ယာဥ္ေနာက္လိုက္ျဖစ္သူ တစ္ရပ္ကြက္ တည္းေန ဆန္းေဒး(၃၉)ႏွစ္လိုက္ပါလာသည့္ 2A/×××× ဟြန္းဒိုင္း မာန္သစၥာယာဥ္လိုင္းအား ရပ္တန႔္ရွာေဖြခဲ့ရာ ယာဥ္ေပၚတြင္ ေတာင္ကုတ္ၿမိဳ႕နယ္၊ လမူးေမာ္ေက်းရြာေန ေနမ်ိဳးေအာင္(၃၃) ႏွစ္ အပါအဝင္ အမ်ိဳးသား ၂၀ဦး အမ်ိဳးသမီး ၁၃ဦး စုစုေပါင္း(၃၃)ဦးတို႔အား ေတြ႕ရွိရသျဖင့္ စစ္ေဆးေမးျမန္းခဲ့သည္။

ေနမ်ိဳးေအာင္ မွ ရန္ကုန္-ေက်ာက္ျဖဴေျပးဆြဲသည့္ မာန္သစၥာယာဥ္လိုင္းအား ယာဥ္စီးခ(၄)သိန္းက်ပ္ျဖင့္ ငွားရမ္းခဲ့ၿပီး ယာဥ္ေပၚပါ က်န္(၃၂)ဦးအား ရန္ကုန္ၿမိဳ႕၊ ေအာင္မဂၤလာအေဝးေျပးကားဂိတ္သို႔ ပို႔ေဆာင္ေပးရန္ျဖစ္ေၾကာင္း၊ ေအာင္မဂၤလာကားဂိတ္၌ တစ္ရြာတည္းေန ေမာင္က်န္လူ(ခ)မ်ိဳးမင္း (၂၃)ႏွစ္မွ ေစာင့္ဆိုင္းေနၿပီး  ေခၚေဆာင္လာသူမ်ားအား တ႐ုတ္နိုင္ငံ၊ ဖူခ်င္းၿမိဳ႕ရွိ ဖိနပ္စက္႐ုံ၌ (၁)လလ်င္ (၁)ဦးအား ယြမ္(၂၅၀၀)ျဖင့္ အလုပ္သြင္းေပးရန္ ပို႔ေဆာင္မည္ျဖစ္ေၾကာင္းႏွင့္ အလုပ္ ရရွိပါက ပထမလစာကို ေမာင္က်န္လူ(ခ)မ်ိဳးမင္းအား ေပးရမည္ဟုစည္း႐ုံးေခၚေဆာင္ခဲ့ျခင္းျဖစ္သည္ကို စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေနမ်ိဳးေအာင္ ႏွင့္ ေမာင္က်န္လူ (ခ) မ်ိဳးမင္း တို႔အား ေတာင္ကုတ္ၿမိဳ႕မရဲစခန္းမွ  (ပ) ၂၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၇ ျဖင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

MUNA

ဓါတ္ပံု – ျပည္ထဲေရးဝန္ႀကီးဌာန

(Unicode)

မတ် ၅

တရုတ်ပြည်တွင် အလုပ်ရရှိမည်ဟု ပြောဆိုစည်းရုံးခေါ်ဆောင်ခဲ့သူ(၂)ဦးအား တောင်ကုတ်မြို့တွင် ဖမ်းဆီး အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၃ ရက်နေ့ ည ၈ နာရီအချိန် ရခိုင်ပြည်နယ်၊ တောင်ကုတ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ကုတ်မြို့အထွက် စေတီကွင်းကျေးရွာအနီး၌ စောင့်ဆိုင်းနေစဉ် တောင်ကုတ် မြို့ဘက်မှ ဂူတာရပ်ကွက်နေ သူရအောင်(၃၅)နှစ်မောင်းနှင်ပြီး ယာဉ်နောက်လိုက်ဖြစ်သူ တစ်ရပ်ကွက် တည်းနေ ဆန်းဒေး(၃၉)နှစ်လိုက်ပါလာသည့် 2A/×××× ဟွန်းဒိုင်း မာန်သစ္စာယာဉ်လိုင်းအား ရပ်တန့်ရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် တောင်ကုတ်မြို့နယ်၊ လမူးမော်ကျေးရွာနေ နေမျိုးအောင်(၃၃) နှစ် အပါအဝင် အမျိုးသား ၂၀ဦး အမျိုးသမီး ၁၃ဦး စုစုပေါင်း(၃၃)ဦးတို့အား တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းခဲ့သည်။

နေမျိုးအောင် မှ ရန်ကုန်-ကျောက်ဖြူပြေးဆွဲသည့် မာန်သစ္စာယာဉ်လိုင်းအား ယာဉ်စီးခ(၄)သိန်းကျပ်ဖြင့် ငှားရမ်းခဲ့ပြီး ယာဉ်ပေါ်ပါ ကျန်(၃၂)ဦးအား ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဂိတ်သို့ ပို့ဆောင်ပေးရန်ဖြစ်ကြောင်း၊ အောင်မင်္ဂလာကားဂိတ်၌ တစ်ရွာတည်းနေ မောင်ကျန်လူ(ခ)မျိုးမင်း (၂၃)နှစ်မှ စောင့်ဆိုင်းနေပြီး  ခေါ်ဆောင်လာသူများအား တရုတ်နိုင်ငံ၊ ဖူချင်းမြို့ရှိ ဖိနပ်စက်ရုံ၌ (၁)လလျင် (၁)ဦးအား ယွမ်(၂၅၀၀)ဖြင့် အလုပ်သွင်းပေးရန် ပို့ဆောင်မည်ဖြစ်ကြောင်းနှင့် အလုပ် ရရှိပါက ပထမလစာကို မောင်ကျန်လူ(ခ)မျိုးမင်းအား ပေးရမည်ဟုစည်းရုံးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နေမျိုးအောင် နှင့် မောင်ကျန်လူ (ခ) မျိုးမင်း တို့အား တောင်ကုတ်မြို့မရဲစခန်းမှ  (ပ) ၂၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

MUNA

ဓါတ်ပုံ – ပြည်ထဲရေးဝန်ကြီးဌာန

Comments

comments

You May Also Like