ထိုင္းတြင္ ေယာက္်ားတန္ဆာပုံ ေက်ာက္တုံးေနာက္ခံထား၍ လိင္အသားေပး ဓာတ္ပုံ႐ိုက္တဲ့ႏိုင္ငံျခားသူ အျပစ္တင္ခံရ | Myanmar News Agency

ထိုင္းတြင္ ေယာက္်ားတန္ဆာပုံ ေက်ာက္တုံးေနာက္ခံထား၍ လိင္အသားေပး ဓာတ္ပုံ႐ိုက္တဲ့ႏိုင္ငံျခားသူ အျပစ္တင္ခံရ

မတ္ ၃

ထိုင္းႏိုင္ငံ ၊ ေက့ာစမြီကြၽန္းမွာ လူအမ်ားက ေက်ာက္တုံးဘိုးေတာ္လို႔ သမုတ္ထားၿပီး ပူေဇာ္ကိုးကြယ္ေနၾကတဲ့ ေယာက်ာ္းတန္ဆာပုံ ေက်ာက္တုံးအား ေနာက္ခံထား၍ မတ္လ (၁၂)ရက္က လိင္အသားေပး ဓာတ္ပုံေတြ ႐ိုက္ကူးၿပီး လူမႈကြန္ရက္ေပၚ တင္ခဲ့တဲ့ ႏိုင္ငံျခားသူ အမ်ိဳးသမီးကို ထိုင္းလူမ်ိဳးေတြက စိတ္ဆိုးေဒါသထြက္ ေနၾကေၾကာင္း ၿဗိတိန္ The Sun သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

သူမေနာက္ခံထားၿပီး ဓာတ္ပုံ႐ိုက္ကူးခဲ့တဲ့ အမ်ိဳးသားလိင္အဂၤါပုံ ေက်ာက္တုံးဟာ အျမင့္ ၁၂ ေပ႐ွိၿပီး ပင္လယ္ကမ္းစပ္မွာ သဘာဝအတိုင္း ထိုးထြက္ေနတာျဖစ္ပါတယ္။အဆိုပါ ေက်ာက္တုံးဟာ ဘိုးေတာ္တစ္ဦး၏ ပစၥည္းျဖစ္ၿပီး ၎ကိုယ္တိုင္ ေက်ာက္တုံးကို စာင့္ေ႐ွာက္ေနတယ္လို႔ ေဒသခံလူေတြက ယုံၾကည္ၿပီး ပူေဇာ္ကိုးကြယ္ေနၾကတာ ျဖစ္ပါတယ္။

ဒီလိုကိုးကြယ္ေနၾကတဲ့ ေက်ာက္တုံးကို ကမၻာလွည့္ခရီးသည္အမ်ိဳးသမီးက လိင္အသားေပးပို႔စ္အမ်ိဳးမ်ိဳးနဲ႔ ဓာတ္ပုံ႐ိုက္ကူးၿပီး လူမႈကြန္ယက္ ေပၚ တင္ခဲ့တာေၾကာင့္ ေဒသခံေတြက သူမကို စိတ္ဆိုးေဒါသထြက္ ၿပီး ဝန္ခ် ေတာင္းပန္ခိုင္းေနၾကပါတယ္။

ကြၽန္းေပၚမွာ အစားအေသာက္ေရာင္းခ်သူ ဆူဒီတာေဝါင္႐ိုင္ က “ဒီေက်ာက္တုံးက အေတာ္တန္ခိုးႀကီးပါတယ္။ကြၽန္မတို႔ ကြၽန္းကို ေစာင့္ေ႐ွာက္ေပးေနတာပါ….ဒီလိုလုပ္တာ ေက်ာက္တုံးဘိုးေတာ္ကို ေစာ္ကားတာပဲ”လို႔ ေျပာပါတယ္။

ေကာ့စမြီကြၽန္းေပၚက ဟိုတယ္ပိုင္႐ွင္ ဆူရီယာပရြမ္ဆရီက “ဒီေနရာမွာ ဘယ္သူမွ ဝတ္လစ္စလစ္ေနလို႔မရဘူး..
ဘိုးေတာ္အျပစ္ေပးလိမ့္မယ္…ၿပီးေတ့ာ ဒီလိုလုပ္တာက ေစာ္ကားတာလည္းျဖစ္တယ္…ရဲက ေနာက္လူေတြဒီလိုမလုပ္ရဲေအာင္ အဲ့အမ်ိဳးသမီးကို ႐ွာေဖြၿပီး စြဲခ်က္တင္သင့္တယ္”လို႔ ဆိုပါတယ္။

“ေနာက္ထပ္မျဖစ္ေအာင္ ရဲကဖမ္းၿပီး အျပစ္ေပးသင့္တယ္…ပုံေတြကို ျမင္ရတာ စိတ္မခ်မ္းေျမ့ဘူး…ေက်ာက္တုံးဘိုးေတာ္က သမိုင္းလည္း ႐ွည္ၾကာၿပီး တန္ခိုးလည္းႀကီးတယ္..ကြၽန္မတို႔ကြၽန္းက ဒါကို ဂုဏ္ယူေနရတာ” လို႔ ေျပာပါတယ္။

ေကာ့စမြီရဲစခန္းကေတာ့ ႏိုင္ငံျခားသူ အမ်ိဳးသမီးကို ဖမ္းဆီးစစ္ေဆးဖို႔လိုက္႐ွာေနတယ္လို႔ ဆိုပါတယ္။
“ဒါက လက္မခံႏိုင္စရာပဲေလ…ရဲအရာ႐ွိေတြအေနနဲ႔ ဖရန္း (ႏိုင္ငံျခားသား)ကို ဖမ္းဆီး ဖို႔ ပုံေတြကို စစ္ေဆးေနတယ္” လို႔ ေျပာေရးဆိုခြင့္ ႐ွိသူက ဆိုပါတယ္။

By – Shine Htet Aung
MUNA

(Unicode)

မတ် ၃

ထိုင်းနိုင်ငံ ၊ ကေ့ာစမွီကျွန်းမှာ လူအများက ကျောက်တုံးဘိုးတော်လို့ သမုတ်ထားပြီး ပူဇော်ကိုးကွယ်နေကြတဲ့ ယောကျာ်းတန်ဆာပုံ ကျောက်တုံးအား နောက်ခံထား၍ မတ်လ (၁၂)ရက်က လိင်အသားပေး ဓာတ်ပုံတွေ ရိုက်ကူးပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ နိုင်ငံခြားသူ အမျိုးသမီးကို ထိုင်းလူမျိုးတွေက စိတ်ဆိုးဒေါသထွက် နေကြကြောင်း ဗြိတိန် The Sun သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

သူမနောက်ခံထားပြီး ဓာတ်ပုံရိုက်ကူးခဲ့တဲ့ အမျိုးသားလိင်အင်္ဂါပုံ ကျောက်တုံးဟာ အမြင့် ၁၂ ပေရှိပြီး ပင်လယ်ကမ်းစပ်မှာ သဘာဝအတိုင်း ထိုးထွက်နေတာဖြစ်ပါတယ်။အဆိုပါ ကျောက်တုံးဟာ ဘိုးတော်တစ်ဦး၏ ပစ္စည်းဖြစ်ပြီး ၎င်းကိုယ်တိုင် ကျောက်တုံးကို စာင့်ရှောက်နေတယ်လို့ ဒေသခံလူတွေက ယုံကြည်ပြီး ပူဇော်ကိုးကွယ်နေကြတာ ဖြစ်ပါတယ်။

ဒီလိုကိုးကွယ်နေကြတဲ့ ကျောက်တုံးကို ကမ္ဘာလှည့်ခရီးသည်အမျိုးသမီးက လိင်အသားပေးပို့စ်အမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကူးပြီး လူမှုကွန်ယက် ပေါ် တင်ခဲ့တာကြောင့် ဒေသခံတွေက သူမကို စိတ်ဆိုးဒေါသထွက် ပြီး ဝန်ချ တောင်းပန်ခိုင်းနေကြပါတယ်။

ကျွန်းပေါ်မှာ အစားအသောက်ရောင်းချသူ ဆူဒီတာဝေါင်ရိုင် က “ဒီကျောက်တုံးက အတော်တန်ခိုးကြီးပါတယ်။ကျွန်မတို့ ကျွန်းကို စောင့်ရှောက်ပေးနေတာပါ….ဒီလိုလုပ်တာ ကျောက်တုံးဘိုးတော်ကို စော်ကားတာပဲ”လို့ ပြောပါတယ်။

ကော့စမွီကျွန်းပေါ်က ဟိုတယ်ပိုင်ရှင် ဆူရီယာပရွမ်ဆရီက “ဒီနေရာမှာ ဘယ်သူမှ ဝတ်လစ်စလစ်နေလို့မရဘူး..
ဘိုးတော်အပြစ်ပေးလိမ့်မယ်…ပြီးတေ့ာ ဒီလိုလုပ်တာက စော်ကားတာလည်းဖြစ်တယ်…ရဲက နောက်လူတွေဒီလိုမလုပ်ရဲအောင် အဲ့အမျိုးသမီးကို ရှာဖွေပြီး စွဲချက်တင်သင့်တယ်”လို့ ဆိုပါတယ်။

“နောက်ထပ်မဖြစ်အောင် ရဲကဖမ်းပြီး အပြစ်ပေးသင့်တယ်…ပုံတွေကို မြင်ရတာ စိတ်မချမ်းမြေ့ဘူး…ကျောက်တုံးဘိုးတော်က သမိုင်းလည်း ရှည်ကြာပြီး တန်ခိုးလည်းကြီးတယ်..ကျွန်မတို့ကျွန်းက ဒါကို ဂုဏ်ယူနေရတာ” လို့ ပြောပါတယ်။

ကော့စမွီရဲစခန်းကတော့ နိုင်ငံခြားသူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးဖို့လိုက်ရှာနေတယ်လို့ ဆိုပါတယ်။
“ဒါက လက်မခံနိုင်စရာပဲလေ…ရဲအရာရှိတွေအနေနဲ့ ဖရန်း (နိုင်ငံခြားသား)ကို ဖမ်းဆီး ဖို့ ပုံတွေကို စစ်ဆေးနေတယ်” လို့ ပြောရေးဆိုခွင့် ရှိသူက ဆိုပါတယ်။

By – Shine Htet Aung
MUNA

 

 

Comments

comments

You May Also Like