ပဲခူးတြင္ အိမ္အကူအမ်ိဳးသမီး(၁)ဦး အလိုမတူဘဲ ၿခိမ္းေျခာက္ သားမယားျပဳက်င့္ခံရ | Myanmar News Agency

ပဲခူးတြင္ အိမ္အကူအမ်ိဳးသမီး(၁)ဦး အလိုမတူဘဲ ၿခိမ္းေျခာက္ သားမယားျပဳက်င့္ခံရ

မတ္ ၅

ပဲခူးၿမိဳ႕တြင္ အသက္(၄၀)ႏွစ္အရြယ္ အိမ္အကူအမ်ိဳးသမီးတစ္ဦး အလိုမတူဘဲ ၿခိမ္းေျခာက္ သားမယားျပဳက်င့္ခံရ သျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ မေကြးတိုင္းေဒသႀကီး၊ ေရနံေခ်ာင္းၿမိဳ႕နယ္ေန ေဒၚ××× (၄၀)ႏွစ္သည္ ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕နယ္ေန ဦး×××ႏွင့္ ေဒၚ×××တို႔၏ ေနအိမ္တြင္ အိမ္အကူလုပ္ကိုင္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္၊ မတ္လ ၁ ရက္ေန႔ နံနက္ ၆ နာရီအခ်ိန္ အိမ္ရွင္ျဖစ္သူမ်ားသည္ ရန္ကုန္သို႔ လုပ္ငန္းကိစၥျဖင့္ ခရီးထြက္မည္ ျဖစ္သျဖင့္ ေနထိုင္ရန္ အိမ္ရွင္ျဖစ္သူ ဦး××× မွ ပဲခူးၿမိဳ႕၊ ဥႆၿမိဳ႕သစ္၊ ××ရပ္ကြက္ရွိ ဂိုေထာင္ ႐ုံခန္းအား ေပးခဲ့ေသာေၾကာင့္ ၎မွ သြားေရာက္ေနထိုင္ခဲ့ၿပီး ႐ုံးခန္းအတြင္းအိပ္ေပ်ာ္ေနစဥ္ မြန္းလြဲ ၁၂ နာရီခန႔္အခ်ိန္ ဂိုေထာင္၌ ကုန္တင္ကုန္ခ်လုပ္ကိုင္သည့္ ပဲခူးၿမိဳ႕နယ္၊ အိုးေလးစုရပ္ကြက္ေန ေအာင္နိုင္ထြန္း(၂၈)ႏွစ္ေရာက္ရွိလာၿပီး ထမင္းစားရန္ လာေရာက္ႏိႈးခဲ့ေၾကာင္း၊ ေဒၚ×××မွ ထမင္း ခူးေပးရန္ ထထိုင္စဥ္ ေအာင္နိုင္ထြန္း က တြန္းလွဲခဲ့သျဖင့္ အိပ္ယာေပၚသို႔ လဲက်သြားစဥ္ ခႏၶာကိုယ္ ေပၚသို႔ တက္ခြကာ “နင္ေအာင္ရဲေအာ္ၾကည့္ ေအာ္ရင္သတ္ပစ္မည္”ဟု ၿခိမ္းေျခာက္ေျပာဆို၍ အလို မတူဘဲ သားမယားအျဖစ္ျပဳက်င့္ခဲ့ေသာေၾကာင့္ အေရးယူေပးရန္တိုင္တန္းခဲ႔ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

တိုင္တန္းခ်က္အရ ေအာင္နိုင္ထြန္း အား အမွတ္(၃)နယ္ေျမရဲစခန္း (ပ)၁၆၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

MUNA

Photo – Google

(Unicode)

နေပြည်တော်၊ မတ် ၄

ပဲခူးမြို့တွင် အသက်(၄၀)နှစ်အရွယ် အိမ်အကူအမျိုးသမီးတစ်ဦး အလိုမတူဘဲ ခြိမ်းခြောက် သားမယားပြုကျင့်ခံရ သဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်နေ ဒေါ်××× (၄၀)နှစ်သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နေ ဦး×××နှင့် ဒေါ်×××တို့၏ နေအိမ်တွင် အိမ်အကူလုပ်ကိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ မတ်လ ၁ ရက်နေ့ နံနက် ၆ နာရီအချိန် အိမ်ရှင်ဖြစ်သူများသည် ရန်ကုန်သို့ လုပ်ငန်းကိစ္စဖြင့် ခရီးထွက်မည် ဖြစ်သဖြင့် နေထိုင်ရန် အိမ်ရှင်ဖြစ်သူ ဦး××× မှ ပဲခူးမြို့၊ ဥဿမြို့သစ်၊ ××ရပ်ကွက်ရှိ ဂိုထောင် ရုံခန်းအား ပေးခဲ့သောကြောင့် ၎င်းမှ သွားရောက်နေထိုင်ခဲ့ပြီး ရုံးခန်းအတွင်းအိပ်ပျော်နေစဉ် မွန်းလွဲ ၁၂ နာရီခန့်အချိန် ဂိုထောင်၌ ကုန်တင်ကုန်ချလုပ်ကိုင်သည့် ပဲခူးမြို့နယ်၊ အိုးလေးစုရပ်ကွက်နေ အောင်နိုင်ထွန်း(၂၈)နှစ်ရောက်ရှိလာပြီး ထမင်းစားရန် လာရောက်နှိုးခဲ့ကြောင်း၊ ဒေါ်×××မှ ထမင်း ခူးပေးရန် ထထိုင်စဉ် အောင်နိုင်ထွန်း က တွန်းလှဲခဲ့သဖြင့် အိပ်ယာပေါ်သို့ လဲကျသွားစဉ် ခန္ဓာကိုယ် ပေါ်သို့ တက်ခွကာ “နင်အောင်ရဲအော်ကြည့် အော်ရင်သတ်ပစ်မည်”ဟု ခြိမ်းခြောက်ပြောဆို၍ အလို မတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သောကြောင့် အရေးယူပေးရန်တိုင်တန်းခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရသည်။

တိုင်တန်းချက်အရ အောင်နိုင်ထွန်း အား အမှတ်(၃)နယ်မြေရဲစခန်း (ပ)၁၆၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

MUNA

Photo – Google

 

Comments

comments

You May Also Like