မေလး႐ွားတြင္ ျမန္မာအမ်ိဳးသမီး(၁)ဦး အသတ္ခံရ | Myanmar News Agency

မေလး႐ွားတြင္ ျမန္မာအမ်ိဳးသမီး(၁)ဦး အသတ္ခံရ

မတ္ ၁၃

မေလး႐ွားႏိုင္ငံ ၊ အန္ပန္းျပည္နယ္၊ ပန္ဒန္းအင္းဒါ့ၿမိဳ႕႐ွိ ေနအိမ္တစ္ခုတြင္ ျမန္မာအမ်ိဳးသမီးတစ္ဦးအား ေသဆုံးလ်ွက္အေနအထားနဲ႔ ေတြ႔႐ွိရတယ္လို႔ မေလး႐ွား The Star Online သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

အသက္ (၄၀)အရြယ္ ျမန္မာအမ်ိဳးသမီးဟာ သူမရဲ႕ အိပ္ရာထဲ႐ွိ ေသြးအိုင္ထဲမွာ မ်က္ႏွာနဲ႔ လက္ေမာင္းတို႔မွာ ႐ိုက္ႏွက္ထားတဲ့ဒဏ္ရာေတြနဲ႔ လဲက်ေသဆုံးေနခဲ့တာကို မေလး႐ွားရဲတပ္ဖြဲ႔က ေတြ႔႐ွိခဲ့တာျဖစ္ပါတယ္။

အန္ပန္းရဲဌာနက ဒုတိယရဲမႉး ဟမ္ဇာ့က ေသဆုံးေနသူအား သူမရဲ႕ ျမန္မာသူငယ္ခ်င္းတစ္ဦးျဖစ္သူနဲ႔အတူ တနလၤာေန႔ (မတ္ ၁၂) ညေန ၂ နာရီ ၅၂ မိနစ္မွာ ေတြ႔႐ွိခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

“သူငယ္ခ်င္းလို႔ဆိုတဲ့သူက ေသဆုံးသူကို ဖုန္းေခၚမရလို႔ အိမ္ထိသြားလို္က္တယ္လို႔ေျပာတယ္။တံခါးဖြင့္လိုက္တဲ့အခ်ိန္မွာ ကေလးက ေဘးမွာ ငိုေနၿပီး ေသဆုံးသူကို ေသြးအိုင္ထဲမွာ လဲလ်ွက္အေနအထားနဲ႔ ေတြ႔လိုက္ရတယ္လို႔ေျပာတယ္” ဟု ဟမ္ဇာ့က အဂါၤေန႔ (မတ္ ၁၃) မွာ The Star Online က ဆက္သြယ္ေမးျမန္းတာကို ေျဖၾကားခဲ့ပါတယ္။

ေသဆုံးသူျမန္မာအမ်ိဳးသမီးဟာ မေလး႐ွားႏိုင္ငံသို႔ အလုပ္လာလုပ္ၾကတဲ့ ႏိုင္ငံျခားသားေတြကို က်န္းမာေရးေစာင့္ေ႐ွာက္မႈေပးတဲ့ ကုမၸဏီ မွာ လက္ေထာက္ရာထူးနဲ႔ အလုပ္ လုပ္ကိုင္ေနသူျဖစ္ပါတယ္။

ေသဆုံးသူရဲ႕ သူငယ္ခ်င္းျဖစ္သူ အသက္ ၂၆ ႏွစ္အရြယ္ ျမန္မာအမ်ိဳးသားကိုေတာ့ ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ ဒုရဲမႉး ဟမ္ဇာ့ကထပ္ေလာင္းေျပာၾကားပါတယ္။

“သူ႔ကို စုံစမ္းစစ္ေဆးဖို႔ ေနာက္အပတ္ အဂါၤ ေန႔ (မတ္ ၂၀)အထိ ရမန္ ရယူ ဖမ္းဆီးထားပါတယ္” လို႔ ၎ကဆိုပါတယ္။

By – Shine Htet Aung
MUNA

(Unicode)

မတ် ၁၃

မလေးရှားနိုင်ငံ ၊ အန်ပန်းပြည်နယ်၊ ပန်ဒန်းအင်းဒါ့မြို့ရှိ နေအိမ်တစ်ခုတွင် မြန်မာအမျိုးသမီးတစ်ဦးအား သေဆုံးလျှက်အနေအထားနဲ့ တွေ့ရှိရတယ်လို့ မလေးရှား The Star Online သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အသက် (၄၀)အရွယ် မြန်မာအမျိုးသမီးဟာ သူမရဲ့ အိပ်ရာထဲရှိ သွေးအိုင်ထဲမှာ မျက်နှာနဲ့ လက်မောင်းတို့မှာ ရိုက်နှက်ထားတဲ့ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေခဲ့တာကို မလေးရှားရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အန်ပန်းရဲဌာနက ဒုတိယရဲမှူး ဟမ်ဇာ့က သေဆုံးနေသူအား သူမရဲ့ မြန်မာသူငယ်ချင်းတစ်ဦးဖြစ်သူနဲ့အတူ တနင်္လာနေ့ (မတ် ၁၂) ညနေ ၂ နာရီ ၅၂ မိနစ်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူငယ်ချင်းလို့ဆိုတဲ့သူက သေဆုံးသူကို ဖုန်းခေါ်မရလို့ အိမ်ထိသွားလိုက်တယ်လို့ပြောတယ်။တံခါးဖွင့်လိုက်တဲ့အချိန်မှာ ကလေးက ဘေးမှာ ငိုနေပြီး သေဆုံးသူကို သွေးအိုင်ထဲမှာ လဲလျှက်အနေအထားနဲ့ တွေ့လိုက်ရတယ်လို့ပြောတယ်” ဟု ဟမ်ဇာ့က အဂါၤနေ့ (မတ် ၁၃) မှာ The Star Online က ဆက်သွယ်မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။

သေဆုံးသူမြန်မာအမျိုးသမီးဟာ မလေးရှားနိုင်ငံသို့ အလုပ်လာလုပ်ကြတဲ့ နိုင်ငံခြားသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ကုမ္ပဏီ မှာ လက်ထောက်ရာထူးနဲ့ အလုပ် လုပ်ကိုင်နေသူဖြစ်ပါတယ်။

သေဆုံးသူရဲ့ သူငယ်ချင်းဖြစ်သူ အသက် ၂၆ နှစ်အရွယ် မြန်မာအမျိုးသားကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒုရဲမှူး ဟမ်ဇာ့ကထပ်လောင်းပြောကြားပါတယ်။

“သူ့ကို စုံစမ်းစစ်ဆေးဖို့ နောက်အပတ် အဂါၤ နေ့ (မတ် ၂၀)အထိ ရမန် ရယူ ဖမ်းဆီးထားပါတယ်” လို့ ၎င်းကဆိုပါတယ်။

By – Shine Htet Aung
MUNA

 

 

Comments

comments

You May Also Like