မွတ္ဥာဏ္တို စြမ္းရည္ေကာင္းမြန္ေအာင္ … | Myanmar News Agency

မွတ္ဥာဏ္တို စြမ္းရည္ေကာင္းမြန္ေအာင္ …

မတ္ ၄

အခုေျပာမွာကေတာ့ လူတစ္ေယာက္မွာ မွတ္ဥာဏ္တို၊ မွတ္ဥာဏ္ရွည္ဆိုၿပီး ၂မ်ိ္ဳးရွိတဲ့ အထဲက မွတ္ဥာဏ္တို စြမ္းအားကို ေကာင္းမြန္ေစမယ့္ အခ်က္ေတြပဲဲ ျဖစ္ပါတယ္။ ဘယ္လိုေနထုိင္မလဲ၊ ဘယ္္လိုျပင္ဆင္မလဲ။ ဒီလိုဆိုရင္ မွတ္ဥာဏ္တို စြမ္းရည္ တိုးတက္လာပါလိမ့္မယ္။

(၁) ပီေက၀ါးပါ – ေလ့လာခ်က္ေတြ အရ ပီေက၀ါးတတ္သူေတြက ေလ့လာရာမွာ ပိုမို တိက် ေသခ်ာတဲ့ ေလ့လာသင္ယူမႈေတြ လုပ္ႏိုင္ၿပီး မွတ္ဥာဏ္တိုအားေကာင္းတယ္လုိ႔ ဆိုပါတယ္။ ဦးေႏွာက္ရဲ႕ မွတ္သားမႈ အပိုင္းကို ႏိုးၾကြေစမႈေၾကာင့္လုိ႔ ဆိုပါတယ္။ အဂၤလန္မွာ ပီေကစားတဲ့ ကေလးေတြက မစားတဲ့ ကေလးေတြထက္ မွတ္ဉာဏ္တိုစြမ္းရည္ ၂၄ရာခိုင္ႏႈန္းေလာက္ ပိုမို ေကာင္းမြန္တာ ေတြ႔ရပါတယ္။

(၂) မ်က္လံုးကို ေထာင့္တဖက္ကေန ေနာက္တဖက္ ေျပာင္းပါ – ေဘးလူကေတာ့ ကိုယ့္ကို နည္းနည္း စိတ္မႏွံ႔ခ်င္ဘူး ထင္ေစႏုိင္ပါတယ္။ ဒါေပမယ့္ အဲဒီလို မ်က္လံုးကို အၾကည့္တဖက္ေထာင့္ကေန ေနာက္တဖက္ ေျပာင္းၿပီး ၾကည့္မႈက မွတ္ဉာဏ္စြမ္းရည္ကို တုိးတက္ႏုိးၾကြေစပါတယ္။ ဦးေႏွာက္ရဲ႕ ပင္မ ႏွစ္ျခမ္းလံုးကို လႈပ္ရွား လုပ္ကိုင္ေစတယ္၊ မနက္တိုင္း စကၠန္႔ ၃၀ေလာက္ အဆုိပါ ပံုစံ လုပ္ေဆာင္ေပးသူေတြက အျခား သူေတြထက္ မွတ္ဉာဏ္တိုစြမ္းရည္ ၁၀ရာခုိင္ႏႈန္းေလာက္ ပိုေကာင္းတယ္လုိ႔ ေလ့လာခ်က္ေတြ အရ သိရပါတယ္။

(၃) လက္သီးကို က်စ္က်စ္ ဆုပ္ေပးပါ – လက္သီးကိုက်စ္က်စ္ဆုပ္ကိုင္လိုက္ျခင္းက လက္မွာ ရွိတဲ့ ဦးေႏွာက္ဆိုင္ရာ အေၾကာေတြကေန တဆင့္ ဦးေႏွာက္ကို ႏိုးၾကြေစတယ္လုိ႔ သိရပါတယ္။ တစ္ရက္ကို လက္သီးက်စ္က်စ္ဆုပ္ျခင္း ၄၅စကၠန္႔ေလာက္ အခ်ိန္ရသလို လုပ္ေပးပါမယ္ ဆိုရင္ မွတ္ဉာဏ္တိုစြမ္းရည္ ပိုေကာင္းလာေစပါလိမ့္မယ္။

(၄) စိတ္ကူးတည့္ရာ ေရးျခစ္ပါ – ကၽြန္ေတာ္တုိ႔ ငယ္ငယ္က စာသင္ခန္းက ခံုေတြ၊ နံရံေတြမွာ စိတ္ကူး တည့့္ရာ ေရးဖူး၊ ျခစ္ဖူးပါတယ္။ ဒါေပမယ့္ အဲဒီ အက်င့္ေကာင္းပါတယ္။ ခံုေတြ၊ နံရံေတြမွာေတာ့မေရးပါနဲ႔။ မိမိ ကုိယ္ပိုင္ စာအုပ္မွာ ေရးပါ၊ ျခစ္ပါ၊ ေလ့လာႏုိင္စြမ္းေရာ တီထြင္ႏုိင္စြမ္းေရာ မွတ္ဉာဏ္တိုစြမး္ရည္ကုိပါ ပိုမို ေကာင္းမြန္ေစတယ္လုိ႔ ေလ့လာခ်က္ေတြ အရ သိရပါတယ္။

(၅) ရယ္ေမာပါ – ေလ့လာခ်က္ေတြ အရ ရယ္ေမာျခင္းက မွတ္ဥာဏ္တိုစြမ္းရည္ကို အထူးေကာင္းမြန္ေစတယ္လုိ႔ ဆိုပါတယ္။ က်န္းမာေရးကိုလည္း ေကာင္းမြန္ေစသလုိ စိတ္ေပ်ာ္ရႊင္မႈကိုလည္း ေပးပါတယ္။ ရယ္စရာ ရုပ္သံေတြ မိနစ္ ၂၀ခန္႔ တစ္ရက္မွာ ပံုမွန္ ၾကည့္ရႈ ရယ္ေမာသင့္ပါတယ္။

(၆) က်န္းမာေရးနဲ႔ကိုက္ညီတဲ့ အစားအစာေတြ စားသံုးပါ – ေလ့လာခ်က္ေတြ အရေတာ့ အသီးအရြက္စားသံုးမႈ၊ အိုမီဂါ၃ ၾကြယ္၀ေအာင္ စားသူေတြနဲ႔ အသီးအႏွံေတြ စားသံုးမႈ မ်ားသူေတြဟာ မွတ္ဥာဏ္တိုစြမ္းရည္ ပိုမို ေကာင္းတယ္လုိ႔ ဆိုပါတယ္။ အိုမီဂါ၃ကိုေတာ့ ငါးနဲ႔ သံလြင္ဆီေတြကေန ရႏုိင္ပါတယ္။ အဆုိပါ အိုမီဂါ၃နဲ႔ အသီးအရြက္ေတြ အစားနည္းသူေတြကေတာ့ စားသံုးမႈ မ်ားသူေတြထက္ မွတ္ဉာဏ္တိုစြမ္းရည္ ၁၉ရာခိုင္ႏႈန္းေလာက္ ပိုနည္းတယ္လုိ႔ ဆိုပါတယ္။

(၇) တရားထိုင္ပါ – ေလ့လာခ်က္ေတြအရေတာ့ အနည္းဆံုး တရားထိုင္တဲ့ အက်င့္ေန႔စဥ္ ပံုမွန္ကေန သတင္းပတ္ ၈ပတ္ထိေအာင္ လုပ္ေဆာင္လာခဲ့ၿပီးရင္ မွတ္ဉာဏ္တိုစြမ္းရည္ သိသိသာသာ တိုးတက္လာတယ္လို႔ ဆိုပါတယ္။ ဟားဗက္ေဆးေက်ာင္းကေန ေလ့လာခ်က္မွာလည္း တရားထိုင္သူေတြက မွတ္ဉာဏ္တိုစြမ္းရည္တုိးတက္လာသလို ေလ့လာမႈမွာ အာရုံစိုက္ႏုိင္မႈေရာ အလြယ္တကူ နားလည္ႏုိင္စြမ္းပါ တိုးတက္ေကာင္းမြန္လာတယ္လို႔ ဆိုပါတယ္။ အနည္းဆံုး ၁၅မိနစ္ ေန႔စဥ္ တရားထိုင္ေပးဖို႔ လိုအပ္ပါတယ္။

By – KKS / MUNA

Ref: businessinsider.com

(Unicode)

မတ် ၄

အခုပြောမှာကတော့ လူတစ်ယောက်မှာ မှတ်ဉာဏ်တို၊ မှတ်ဉာဏ်ရှည်ဆိုပြီး ၂မျိုးရှိတဲ့ အထဲက မှတ်ဉာဏ်တို စွမ်းအားကို ကောင်းမွန်စေမယ့် အချက်တွေပဲ ဖြစ်ပါတယ်။ ဘယ်လိုနေထိုင်မလဲ၊ ဘယ်လိုပြင်ဆင်မလဲ။ ဒီလိုဆိုရင် မှတ်ဉာဏ်တို စွမ်းရည် တိုးတက်လာပါလိမ့်မယ်။

(၁) ပီကေဝါးပါ – လေ့လာချက်တွေ အရ ပီကေဝါးတတ်သူတွေက လေ့လာရာမှာ ပိုမို တိကျ သေချာတဲ့ လေ့လာသင်ယူမှုတွေ လုပ်နိုင်ပြီး မှတ်ဉာဏ်တိုအားကောင်းတယ်လို့ ဆိုပါတယ်။ ဦးနှောက်ရဲ့ မှတ်သားမှု အပိုင်းကို နိုးကြွစေမှုကြောင့်လို့ ဆိုပါတယ်။ အင်္ဂလန်မှာ ပီကေစားတဲ့ ကလေးတွေက မစားတဲ့ ကလေးတွေထက် မှတ်ဉာဏ်တိုစွမ်းရည် ၂၄ရာခိုင်နှုန်းလောက် ပိုမို ကောင်းမွန်တာ တွေ့ရပါတယ်။

(၂) မျက်လုံးကို ထောင့်တဖက်ကနေ နောက်တဖက် ပြောင်းပါ – ဘေးလူကတော့ ကိုယ့်ကို နည်းနည်း စိတ်မနှံ့ချင်ဘူး ထင်စေနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို မျက်လုံးကို အကြည့်တဖက်ထောင့်ကနေ နောက်တဖက် ပြောင်းပြီး ကြည့်မှုက မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်နိုးကြွစေပါတယ်။ ဦးနှောက်ရဲ့ ပင်မ နှစ်ခြမ်းလုံးကို လှုပ်ရှား လုပ်ကိုင်စေတယ်၊ မနက်တိုင်း စက္ကန့် ၃၀လောက် အဆိုပါ ပုံစံ လုပ်ဆောင်ပေးသူတွေက အခြား သူတွေထက် မှတ်ဉာဏ်တိုစွမ်းရည် ၁၀ရာခိုင်နှုန်းလောက် ပိုကောင်းတယ်လို့ လေ့လာချက်တွေ အရ သိရပါတယ်။

(၃) လက်သီးကို ကျစ်ကျစ် ဆုပ်ပေးပါ – လက်သီးကိုကျစ်ကျစ်ဆုပ်ကိုင်လိုက်ခြင်းက လက်မှာ ရှိတဲ့ ဦးနှောက်ဆိုင်ရာ အကြောတွေကနေ တဆင့် ဦးနှောက်ကို နိုးကြွစေတယ်လို့ သိရပါတယ်။ တစ်ရက်ကို လက်သီးကျစ်ကျစ်ဆုပ်ခြင်း ၄၅စက္ကန့်လောက် အချိန်ရသလို လုပ်ပေးပါမယ် ဆိုရင် မှတ်ဉာဏ်တိုစွမ်းရည် ပိုကောင်းလာစေပါလိမ့်မယ်။

(၄) စိတ်ကူးတည့်ရာ ရေးခြစ်ပါ – ကျွန်တော်တို့ ငယ်ငယ်က စာသင်ခန်းက ခုံတွေ၊ နံရံတွေမှာ စိတ်ကူး တည့့်ရာ ရေးဖူး၊ ခြစ်ဖူးပါတယ်။ ဒါပေမယ့် အဲဒီ အကျင့်ကောင်းပါတယ်။ ခုံတွေ၊ နံရံတွေမှာတော့မရေးပါနဲ့။ မိမိ ကိုယ်ပိုင် စာအုပ်မှာ ရေးပါ၊ ခြစ်ပါ၊ လေ့လာနိုင်စွမ်းရော တီထွင်နိုင်စွမ်းရော မှတ်ဉာဏ်တိုစွမ်းရည်ကိုပါ ပိုမို ကောင်းမွန်စေတယ်လို့ လေ့လာချက်တွေ အရ သိရပါတယ်။

(၅) ရယ်မောပါ – လေ့လာချက်တွေ အရ ရယ်မောခြင်းက မှတ်ဉာဏ်တိုစွမ်းရည်ကို အထူးကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးကိုလည်း ကောင်းမွန်စေသလို စိတ်ပျော်ရွှင်မှုကိုလည်း ပေးပါတယ်။ ရယ်စရာ ရုပ်သံတွေ မိနစ် ၂၀ခန့် တစ်ရက်မှာ ပုံမှန် ကြည့်ရှု ရယ်မောသင့်ပါတယ်။

(၆) ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအစာတွေ စားသုံးပါ – လေ့လာချက်တွေ အရတော့ အသီးအရွက်စားသုံးမှု၊ အိုမီဂါ၃ ကြွယ်ဝအောင် စားသူတွေနဲ့ အသီးအနှံတွေ စားသုံးမှု များသူတွေဟာ မှတ်ဉာဏ်တိုစွမ်းရည် ပိုမို ကောင်းတယ်လို့ ဆိုပါတယ်။ အိုမီဂါ၃ကိုတော့ ငါးနဲ့ သံလွင်ဆီတွေကနေ ရနိုင်ပါတယ်။ အဆိုပါ အိုမီဂါ၃နဲ့ အသီးအရွက်တွေ အစားနည်းသူတွေကတော့ စားသုံးမှု များသူတွေထက် မှတ်ဉာဏ်တိုစွမ်းရည် ၁၉ရာခိုင်နှုန်းလောက် ပိုနည်းတယ်လို့ ဆိုပါတယ်။

(၇) တရားထိုင်ပါ – လေ့လာချက်တွေအရတော့ အနည်းဆုံး တရားထိုင်တဲ့ အကျင့်နေ့စဉ် ပုံမှန်ကနေ သတင်းပတ် ၈ပတ်ထိအောင် လုပ်ဆောင်လာခဲ့ပြီးရင် မှတ်ဉာဏ်တိုစွမ်းရည် သိသိသာသာ တိုးတက်လာတယ်လို့ ဆိုပါတယ်။ ဟားဗက်ဆေးကျောင်းကနေ လေ့လာချက်မှာလည်း တရားထိုင်သူတွေက မှတ်ဉာဏ်တိုစွမ်းရည်တိုးတက်လာသလို လေ့လာမှုမှာ အာရုံစိုက်နိုင်မှုရော အလွယ်တကူ နားလည်နိုင်စွမ်းပါ တိုးတက်ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။ အနည်းဆုံး ၁၅မိနစ် နေ့စဉ် တရားထိုင်ပေးဖို့ လိုအပ်ပါတယ်။

By – KKS / MUNA

Ref: businessinsider.com

 

Comments

comments

You May Also Like