လိင္သင္တန္းေပးမႈေၾကာင့္ ထိုင္းမွာ အဖမ္းခံထားရတဲ့ ႐ု႐ွားႏိုင္ငံသားေတြကို FBI က ဆက္သြယ္ထား | Myanmar News Agency

လိင္သင္တန္းေပးမႈေၾကာင့္ ထိုင္းမွာ အဖမ္းခံထားရတဲ့ ႐ု႐ွားႏိုင္ငံသားေတြကို FBI က ဆက္သြယ္ထား

မတ္ ၁၃

အေမရိကန္ဖက္ဒရယ္ ေထာက္လွမ္းေရး ဗ်ဴ႐ို (FBI) က ေအးဂ်င့္ေတြအေနနဲ႔ ၂၀၁၆ ခုႏွစ္ အေမရိကန္ေရြးေကာက္ပြဲမွာ ႐ု႐ွား ပါဝင္ပတ္သက္တဲ့ သက္ေသအေထာက္အထားေတြ႐ွိေၾကာင္းေျပာဆိုထားတဲ့  ထိုင္းႏိုင္ငံ ၊ ဘန္ေကာက္ၿမိဳ႕႐ွိ  အက်ဥ္းေထာင္မွာ လိင္သင္တန္းေပးမႈေၾကာင့္ ဖမ္းဆီး ခံထားရသူေတြကို  ေတြ႔ဆုံဖို႔ႀကိဳးစားခဲ့တယ္လို႔ ထိုင္းအႀကီးတန္း အရာ႐ွိတစ္ဦးက CNN သတင္းဌာကို ေျပာၾကားခဲ့ပါတယ္။

ဖမ္းဆီးခံထားရတဲ့ အန္နာစတာစီရာ ဗာ႐ွဴကီဗစ္ခ်္နဲ ႔ အလက္ဇႏၵား ကီးရီးေလာ့ဘ္ တို႔က ၎တို႔လြတ္ေျမာက္ဖို႔အတြက္ FBI က ကူညီေပးရင္ FBI က လိုခ်င္ေနတဲ့ အေမရိကန္သမၼတ ေရြးေကာက္ပြဲ မွာ ႐ု႐ွားပါဝင္ပတ္သက္ေၾကာင္း အေထာက္အထားေတြကို အလဲအလွယ္အျဖစ္ ျပန္လည္ေပးသြားမယ္လို႔ ဘန္ေကာက္႐ွိ အေမရိကန္သံ႐ုံးကေနတစ္ဆင့္ လက္ေရးစာတစ္ေစာင္ကို FBI ထံ ေပးပို႔ခဲ့တာျဖစ္ပါတယ္။

ဒီ့အတြက္ FBI က စုံစမ္းေထာက္လွမ္းေရး အရာ႐ွိေတြက ထိုင္းလူဝင္မႈႀကီးၾကပ္ေရးဗ်ဴ႐ို ကို လြန္ခဲ့တဲ့ အပတ္က ဆက္သြယ္ထားၿပီး အဆိုပါ ႐ု႐ွားႏိုင္ငံသားေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးဖို႔ ေတာင္းဆိုထားတယ္လို႔ ဌာန႐ွိ အမည္မေဖာ္လိုသူ  အႀကီးတန္းအရာ႐ွိ တစ္ဦးက ေျပာၾကားပါတယ္။ဒါေပမယ့္   အထိန္းသိမ္းခံ ႐ု႐ွားႏိုင္ငံသားေတြရဲ႕ တရားဝင္ကိုယ္စားလွယ္(သို႔မဟုတ္) မိဘျဖစ္သူေတြထံက ခြင့္ျပဳခ်က္လိုအပ္တာေၾကာင့္ ထိုင္းအာဏာပိုင္ေတြက FBI ရဲ႕ ေတာင္းဆိုခ်က္ကို ျငင္းပယ္ခဲ့တယ္လို႔ အဆိုပါ ပုဂၢိဳလ္က ထပ္မံေျပာၾကားပါတယ္။

FBI က အဆိုပါ ႐ု႐ွားႏွစ္ေယာက္ကို ေတြ႔ဆုံဖို႔ ႀကိဳးစားတာနဲ႔ ပတ္သက္ၿပီး ဘန္ေကာက္႐ွိ အေမရိကန္သံ႐ုံးကို CNN သတင္းဌာနက ေမးျမန္းရာမွာေတာ့ “ဒီလိုကိစၥေတြနဲ႔ ပတ္သက္ၿပီး ကြၽန္မတို႔အေနနဲ႔ မီဒီယာကို ေျဖၾကားဖို႔ အေတာ္ေလးသတိထားရပါတယ္။ေတြ႔ဆုံမယ့္ သူဟာ အေမရိကန္ႏိုင္ငံသူလည္း မဟုတ္ပါဘူး။ေနာက္ ေမးမယ့္ ေမးခြန္းေတြအတြက္ေတာ့ ထိုင္းဥပေဒအတိုင္း ႐ွင့္ကို ေျဖၾကားသြားရပါလိမ္မယ့္” လို႔ သံ႐ုံးေျပာခြင့္ရသူက CNN သတင္းဌာနကို ေျဖၾကားပါတယ္။

FBI ကို ဆက္သြယ္ခဲ့တဲ့ ႐ု႐ွားႏိုင္ငံသူရဲ႕ လူမႈကြန္ရက္အမည္ကေတာ့ Nastya Rybka ျဖစ္ၿပီး သူ႔ရဲ႕ အမည္ရင္းကေတာ့ ဗာ႐ွဴကီဗစ္ခ်္ ျဖစ္ပါတယ္။ သူမပါဝင္တဲ့ ႐ု႐ွားလိင္သင္တန္းေပးေရး ဂိုဏ္းအဖြဲ႔ကို ထိုင္းရဲတပ္ဖြဲ႔က ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔မွာ ထိုင္းပင္လယ္ကမ္းေျခၿမိဳ႕ျဖစ္တဲ့ ပတၱရား႐ွိ ဟုိတယ္တစ္ခုတြင္ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

By – Shine Htet Aung
MUNA

(Unicode)

မတ် ၁၃

အမေရိကန်ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI) က အေးဂျင့်တွေအနေနဲ့ ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှား ပါဝင်ပတ်သက်တဲ့ သက်သေအထောက်အထားတွေရှိကြောင်းပြောဆိုထားတဲ့  ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရှိ  အကျဉ်းထောင်မှာ လိင်သင်တန်းပေးမှုကြောင့် ဖမ်းဆီး ခံထားရသူတွေကို  တွေ့ဆုံဖို့ကြိုးစားခဲ့တယ်လို့ ထိုင်းအကြီးတန်း အရာရှိတစ်ဦးက CNN သတင်းဌာကို ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ အန်နာစတာစီရာ ဗာရှူကီဗစ်ချ်နဲ့ အလက်ဇန္ဒား ကီးရီးလော့ဘ် တို့က ၎င်းတို့လွတ်မြောက်ဖို့အတွက် FBI က ကူညီပေးရင် FBI က လိုချင်နေတဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မှာ ရုရှားပါဝင်ပတ်သက်ကြောင်း အထောက်အထားတွေကို အလဲအလှယ်အဖြစ် ပြန်လည်ပေးသွားမယ်လို့ ဘန်ကောက်ရှိ အမေရိကန်သံရုံးကနေတစ်ဆင့် လက်ရေးစာတစ်စောင်ကို FBI ထံ ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒီ့အတွက် FBI က စုံစမ်းထောက်လှမ်းရေး အရာရှိတွေက ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရို ကို လွန်ခဲ့တဲ့ အပတ်က ဆက်သွယ်ထားပြီး အဆိုပါ ရုရှားနိုင်ငံသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားတယ်လို့ ဌာနရှိ အမည်မဖော်လိုသူ  အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားပါတယ်။ဒါပေမယ့်   အထိန်းသိမ်းခံ ရုရှားနိုင်ငံသားတွေရဲ့ တရားဝင်ကိုယ်စားလှယ်(သို့မဟုတ်) မိဘဖြစ်သူတွေထံက ခွင့်ပြုချက်လိုအပ်တာကြောင့် ထိုင်းအာဏာပိုင်တွေက FBI ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့တယ်လို့ အဆိုပါ ပုဂ္ဂိုလ်က ထပ်မံပြောကြားပါတယ်။

FBI က အဆိုပါ ရုရှားနှစ်ယောက်ကို တွေ့ဆုံဖို့ ကြိုးစားတာနဲ့ ပတ်သက်ပြီး ဘန်ကောက်ရှိ အမေရိကန်သံရုံးကို CNN သတင်းဌာနက မေးမြန်းရာမှာတော့ “ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့အနေနဲ့ မီဒီယာကို ဖြေကြားဖို့ အတော်လေးသတိထားရပါတယ်။တွေ့ဆုံမယ့် သူဟာ အမေရိကန်နိုင်ငံသူလည်း မဟုတ်ပါဘူး။နောက် မေးမယ့် မေးခွန်းတွေအတွက်တော့ ထိုင်းဥပဒေအတိုင်း ရှင့်ကို ဖြေကြားသွားရပါလိမ်မယ့်” လို့ သံရုံးပြောခွင့်ရသူက CNN သတင်းဌာနကို ဖြေကြားပါတယ်။

FBI ကို ဆက်သွယ်ခဲ့တဲ့ ရုရှားနိုင်ငံသူရဲ့ လူမှုကွန်ရက်အမည်ကတော့ Nastya Rybka ဖြစ်ပြီး သူ့ရဲ့ အမည်ရင်းကတော့ ဗာရှူကီဗစ်ချ် ဖြစ်ပါတယ်။ သူမပါဝင်တဲ့ ရုရှားလိင်သင်တန်းပေးရေး ဂိုဏ်းအဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ထိုင်းပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ပတ္တရားရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

By – Shine Htet Aung
MUNA

Comments

comments

You May Also Like