သေႏၶသား ပံုစံတူ သံုးဘက္ျမင္ အတိအက် ပံုသြန္းေလာင္းသည့္ နည္းပညာ ရုရွားတီထြင္ | Myanmar News Agency

သေႏၶသား ပံုစံတူ သံုးဘက္ျမင္ အတိအက် ပံုသြန္းေလာင္းသည့္ နည္းပညာ ရုရွားတီထြင္

မတ္ ၁၀

သားဦးလြယ္ထားရတဲ့ မိဘေတြအေနနဲ႔ မိမိတို႔ရဲ႕ မေမြးဖြေသးတဲ့ ရင္ေသြးငယ္ရဲ႕ ပုံရိပ္ကို ျမင္ေတြ႔ရဖို႔ အာထရာေဆာင္း ႐ိုက္ၿပီး ၾကည့္႐ႈရေလ့႐ွိပါတယ္။ဒီအတြက္ ႐ု႐ွားႏိုင္ငံမွာ ကုမၸဏီတစ္ခုက နည္းပညာဆိုင္ရာ ဝန္ေဆာင္မႈတစ္ခုကို မိတ္ဆက္လိုက္ပါၿပီ။အဆိုပါ နည္းပညာဟာ မိခင္ဝမ္းဗိုက္ထဲမွာ႐ွိေနတဲ့ ကေလးငယ္ရဲ႕ ပုံရိပ္ကို သုံးဖက္ျမင္ အာထရာေဆာင္းနဲ႔ ႐ိုက္ယူၿပီး သုံးဖက္ျမင္ ႐ုပ္တုအျဖစ္ ပလာစတာေတြနဲ႔သာမက ေရႊ၊ေငြ နဲ႔ ပလက္တီနမ္တို႔လိုသတၱဳေတြနဲ႔ပင္ ထုတ္လုပ္ေပးႏိုင္မွာ ျဖစ္ပါတယ္။

အဆိုပါ ဝန္ေဆာင္မႈကို စတင္ခဲ့တဲ့ ႐ု႐ွားကုမၸဏီကေတာ့ အမ္ဘ႐ိုင္႐ို ျဖစ္ၿပီး သုံးဖက္ျမင္ အာထရာေဆာင္းပုံရိပ္ထဲ႐ွိ ကေလးငယ္ရဲ႕ မ်က္ႏွာ၊ေျခ၊လက္ စတာေတြကို ပရင့္ထုတ္ၿပီး အတိအက် ပုံသြန္းေလာင္းေပးတာျဖစ္ပါတယ္။အမ္ဘ႐ိုင္႐ိုကုမၸဏီရဲ႕ ဥကၠဌျဖစ္သူ အီဗန္ဂရစ္ဒင္က သူ႔အေနနဲ႔ အိမ္ေထာင္သည္ သူငယ္ခ်င္းေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ ဒီလိုကုမၸဏီကို ထူေထာင္ျဖစ္ခဲ့တာလို႔ ေျပာပါတယ္။

“ကြၽန္ေတာ့္မွာ ဗာ႐ိုနစ္ကာ လို႔ အမည္ရတဲ့ အိမ္ေထာင္သည္ သူငယ္ခ်င္း အမ်ိဳးသမီးတစ္ေယာက္႐ွိတယ္။သူက ကိုယ္ဝန္နဲ႔ဆိုေတာ့ သူ႔ကေလးရဲ႕ က်န္းမာေရးအေျခအေနကို အျမဲတမ္းသိခ်င္ေနခဲ့တာ။ဒါကိုပဲ တခ်ိန္လုံးသိခ်င္ေနတာ။အာထရာေဆာင္းေတြလည္း အႀကိမ္ေပါင္းမ်ားစြာ ႐ိုက္ၾကည့္ၿပီးတာေတာင္ သူ႔အတြက္ မလုံေလာက္ေသးဘူး။ဒါနဲ႔ ကြၽန္ေတာ္လည္း ကေလးကို စိုးရိမ္မေနရေတာ့ေအာင္ သုံးဖက္ျမင္နည္းပညာနဲ႔ ပုံထုတ္ေပးမယ္လို႔ ေျပာၿပီး ကုမၸဏီ ေထာင္ခဲ့တာ” လို႔ အီဗန္ဂရစ္ဒင္က ဆိုပါတယ္။

ပထမေတာ့ ကုမၸဏီ အေနနဲ႔ ပုံသြန္းေလာင္းမႈေတြအတြက္ ပလက္စတစ္ကို အသုံးျပဳခဲ့ၿပီး ေနာက္ပိုင္း ပလာစတာေတြနဲ႔ အသုံးျပဳလာႏိုင္တဲ့ျပင္ မိဘ ျဖစ္သူေတြရဲ႕ ေတာင္းဆိုခ်က္အရ အဖိုးတန္ ေရႊ၊ေငြ၊ပလက္တီနမ္တို႔ျဖင့္ပင္ ျပဳလုပ္လာႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ အူဖာၿမိဳ႕႐ွိ အဆိုပါကုမၸဏီမွာ ဝန္ေဆာင္မႈ သြားေရာက္ရယူခဲ့တဲ့ မိခင္ေလာင္းတစ္ဦးျဖစ္သူ ယူလီယန္နာရီကန္က ” ကြၽန္မ ဝမ္းဗိုက္ထဲမွာ ႐ွိေသးတဲ့ ကေလးငယ္ရဲ႕ သုံးဘက္ျမင္ပုံရိပ္ကို ေအာ္ဒါမွာခဲ့တာပါ။အရမ္းဝမ္းသာဖို႔ေကာင္းပါတယ္။ကေလးက မေမြးရေသးေပမယ့္ အျပင္မွာ အစစ္ကေလးအတိုင္း ထိေတြ႔ကိုင္တြယ္လို႔ရတယ္” လို႔ ဝမ္းသာၾကည္ႏူးစြာ ေျပာျပပါတယ္။

ဒီနည္းပညာဟာ ဝမ္းဗိုက္ထဲ႐ွိ ကေလးငယ္ရဲ႕ ပုံရိပ္ကို သာမန္အာထရာေဆာင္း ႐ိုက္ၿပီး ျပဳလုပ္တာမ်ိဳးမဟုတ္ဘဲ သုံးဖက္ျမင္ ၊ ေလးဖက္ျမင္ အာထရာေဆာင္း နည္းပညာေတြနဲ႔ ႐ိုက္ယူၿပီး ပုံသြန္းေလာင္းတာျဖစ္ပါတယ္။အဆိုပါ နည္းပညာနဲ႔ ပက္သက္ၿပီး ေျမာက္အေမရိကဓာတ္ေရာင္ျခည္ဆိုင္ရာ အဖြဲ႔အစည္းမွ ေဒါက္တာ ဒီဘိုရာလဗင္း က “မိဘေတြကေတာ့ သုံးဖက္ျမင္ပုံရိပ္ေတြနဲ႔ ၾကည့္ရေတာ့ ႀကိဳက္တာေပါ့ေလ။ဒါေပမယ့္ ဓာတ္ေရာင္ျခည္အသုံးျပဳေတြအေနနဲ႔ ကေလးကို မထိခိုက္ေစဖို႔ အေတာ္ေလးဂ႐ုစိုက္ရပါမယ္။အာထရာေဆာင္းကို ကေလးကစားသလို ေပ်ာ္ရႊင္ဖို႔အတြက္ အသုံးခ်ဖို႔ မသင့္ဘူး” လို႔ ေဝဖန္အၾကံျပဳပါတယ္။

Shine – Htet Aung
MUNA

(Unicode)

မတ် ၁၀

သားဦးလွယ်ထားရတဲ့ မိဘတွေအနေနဲ့ မိမိတို့ရဲ့ မမွေးဖွသေးတဲ့ ရင်သွေးငယ်ရဲ့ ပုံရိပ်ကို မြင်တွေ့ရဖို့ အာထရာဆောင်း ရိုက်ပြီး ကြည့်ရှုရလေ့ရှိပါတယ်။ဒီအတွက် ရုရှားနိုင်ငံမှာ ကုမ္ပဏီတစ်ခုက နည်းပညာဆိုင်ရာ ဝန်ဆောင်မှုတစ်ခုကို မိတ်ဆက်လိုက်ပါပြီ။အဆိုပါ နည်းပညာဟာ မိခင်ဝမ်းဗိုက်ထဲမှာရှိနေတဲ့ ကလေးငယ်ရဲ့ ပုံရိပ်ကို သုံးဖက်မြင် အာထရာဆောင်းနဲ့ ရိုက်ယူပြီး သုံးဖက်မြင် ရုပ်တုအဖြစ် ပလာစတာတွေနဲ့သာမက ရွှေ၊ငွေ နဲ့ ပလက်တီနမ်တို့လိုသတ္တုတွေနဲ့ပင် ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ ဝန်ဆောင်မှုကို စတင်ခဲ့တဲ့ ရုရှားကုမ္ပဏီကတော့ အမ်ဘရိုင်ရို ဖြစ်ပြီး သုံးဖက်မြင် အာထရာဆောင်းပုံရိပ်ထဲရှိ ကလေးငယ်ရဲ့ မျက်နှာ၊ခြေ၊လက် စတာတွေကို ပရင့်ထုတ်ပြီး အတိအကျ ပုံသွန်းလောင်းပေးတာဖြစ်ပါတယ်။အမ်ဘရိုင်ရိုကုမ္ပဏီရဲ့ ဥက္ကဌဖြစ်သူ အီဗန်ဂရစ်ဒင်က သူ့အနေနဲ့ အိမ်ထောင်သည် သူငယ်ချင်းတွေရဲ့ တောင်းဆိုမှုကြောင့် ဒီလိုကုမ္ပဏီကို ထူထောင်ဖြစ်ခဲ့တာလို့ ပြောပါတယ်။

“ကျွန်တော့်မှာ ဗာရိုနစ်ကာ လို့ အမည်ရတဲ့ အိမ်ထောင်သည် သူငယ်ချင်း အမျိုးသမီးတစ်ယောက်ရှိတယ်။သူက ကိုယ်ဝန်နဲ့ဆိုတော့ သူ့ကလေးရဲ့ ကျန်းမာရေးအခြေအနေကို အမြဲတမ်းသိချင်နေခဲ့တာ။ဒါကိုပဲ တချိန်လုံးသိချင်နေတာ။အာထရာဆောင်းတွေလည်း အကြိမ်ပေါင်းများစွာ ရိုက်ကြည့်ပြီးတာတောင် သူ့အတွက် မလုံလောက်သေးဘူး။ဒါနဲ့ ကျွန်တော်လည်း ကလေးကို စိုးရိမ်မနေရတော့အောင် သုံးဖက်မြင်နည်းပညာနဲ့ ပုံထုတ်ပေးမယ်လို့ ပြောပြီး ကုမ္ပဏီ ထောင်ခဲ့တာ” လို့ အီဗန်ဂရစ်ဒင်က ဆိုပါတယ်။

ပထမတော့ ကုမ္ပဏီ အနေနဲ့ ပုံသွန်းလောင်းမှုတွေအတွက် ပလက်စတစ်ကို အသုံးပြုခဲ့ပြီး နောက်ပိုင်း ပလာစတာတွေနဲ့ အသုံးပြုလာနိုင်တဲ့ပြင် မိဘ ဖြစ်သူတွေရဲ့ တောင်းဆိုချက်အရ အဖိုးတန် ရွှေ၊ငွေ၊ပလက်တီနမ်တို့ဖြင့်ပင် ပြုလုပ်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အူဖာမြို့ရှိ အဆိုပါကုမ္ပဏီမှာ ဝန်ဆောင်မှု သွားရောက်ရယူခဲ့တဲ့ မိခင်လောင်းတစ်ဦးဖြစ်သူ ယူလီယန်နာရီကန်က ” ကျွန်မ ဝမ်းဗိုက်ထဲမှာ ရှိသေးတဲ့ ကလေးငယ်ရဲ့ သုံးဘက်မြင်ပုံရိပ်ကို အော်ဒါမှာခဲ့တာပါ။အရမ်းဝမ်းသာဖို့ကောင်းပါတယ်။ကလေးက မမွေးရသေးပေမယ့် အပြင်မှာ အစစ်ကလေးအတိုင်း ထိတွေ့ကိုင်တွယ်လို့ရတယ်” လို့ ဝမ်းသာကြည်နူးစွာ ပြောပြပါတယ်။

ဒီနည်းပညာဟာ ဝမ်းဗိုက်ထဲရှိ ကလေးငယ်ရဲ့ ပုံရိပ်ကို သာမန်အာထရာဆောင်း ရိုက်ပြီး ပြုလုပ်တာမျိုးမဟုတ်ဘဲ သုံးဖက်မြင် ၊ လေးဖက်မြင် အာထရာဆောင်း နည်းပညာတွေနဲ့ ရိုက်ယူပြီး ပုံသွန်းလောင်းတာဖြစ်ပါတယ်။အဆိုပါ နည်းပညာနဲ့ ပက်သက်ပြီး မြောက်အမေရိကဓာတ်ရောင်ခြည်ဆိုင်ရာ အဖွဲ့အစည်းမှ ဒေါက်တာ ဒီဘိုရာလဗင်း က “မိဘတွေကတော့ သုံးဖက်မြင်ပုံရိပ်တွေနဲ့ ကြည့်ရတော့ ကြိုက်တာပေါ့လေ။ဒါပေမယ့် ဓာတ်ရောင်ခြည်အသုံးပြုတွေအနေနဲ့ ကလေးကို မထိခိုက်စေဖို့ အတော်လေးဂရုစိုက်ရပါမယ်။အာထရာဆောင်းကို ကလေးကစားသလို ပျော်ရွှင်ဖို့အတွက် အသုံးချဖို့ မသင့်ဘူး” လို့ ဝေဖန်အကြံပြုပါတယ်။

Shine – Htet Aung
MUNA

 

 

Comments

comments

You May Also Like