အင္းစိန္ၿမိဳ႕နယ္ရွိ ဖုန္းဆိုင္မွ ဖုန္း(၄၂)လံုးႏွင့္ ဆင္းကတ္(၅၆)ကဒ္ ခိုးယူသူ (၁)ဦး ဖမ္းမိ | Myanmar News Agency

အင္းစိန္ၿမိဳ႕နယ္ရွိ ဖုန္းဆိုင္မွ ဖုန္း(၄၂)လံုးႏွင့္ ဆင္းကတ္(၅၆)ကဒ္ ခိုးယူသူ (၁)ဦး ဖမ္းမိ

ရန္ကုန္၊ မတ္ ၆

အင္းစိန္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(က+ခ)ရပ္ကြက္၊ ဘုရင့္ေနာင္လမ္းမႀကီးတြင္ ဖြင့္လွစ္ထားေသာ ဖုန္းအေရာင္းဆိုင္မွ လက္ကိုင္ဖုန္းမ်ားႏွင့္ ဆင္းကတ္မ်ားခိုးယူသူ တစ္ဦးဖမ္းဆီးရမိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္သည္။

ျဖစ္စဥ္မွာ လိႈင္ၿမိဳ႕နယ္ေန ကို—–သည္ အင္းစိန္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(က+ခ) ရပ္ကြက္တြင္ ဖြင့္လွစ္ထားေသာ လက္ကိုင္ဖုန္းအေရာင္းဆိုင္အား ၁၇.၂.၂၀၁၈ ရက္ေန႔ ည ၁၀း၀၀ နာရီအခ်ိန္တြင္ ပိတ္ကာ ေနအိမ္သို႔
ျပန္လာ ခဲ့ေၾကာင္း၊ ၁၈.၂.၂၀၁၈ ရက္ေန႔ နံနက္ ၉း၄၀ နာရီအခ်ိန္တြင္ ဆိုင္သို႔ေရာက္ရွိၿပီးေနာက္ ၀င္ေပါက္တံခါးအား ၾကည့္ရႈရာ ေအာက္ေျခရွိ သံျပားမွာ လူတစ္ကိုယ္စာ ၀င္/ထြက္ေပါက္ျဖစ္ေနေၾကာင္း ေတြ႕ရွိရသျဖင့္
ဆိုင္အတြင္း သို႔၀င္ေရာက္ စစ္ေဆးခဲ့ရာ လက္ကိုင္ဖုန္းမ်ိဳးစံု (၄၂)လံုးႏွင့္ MPT ႏွင့္ တယ္လီေနာဆင္းကတ္ စုစုေပါင္း (၅၆) ကတ္တို႔မွာေပ်ာက္ဆံုး ေနသည့္ကို ေတြ႕ရွိရသျဖင့္ ခိုးယူသူအား စံုစမ္းေဖာ္ထုတ္ေပးရန္
တိုင္တန္းခဲ႔ရာ အင္းစိန္ၿမိဳ႕မရဲစခန္း(ပ)၄၁၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀ အမႈဖြင့္ကာ စံုစမ္းစစ္ေဆး ေဆာင္ရြက္ခဲ့သည္။

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕မွဴးရံုး၊ မႈခင္းေဖာ္ထုတ္ေရးတပ္ဖဲြ႕၀င္မ်ား သည္ အမႈမွျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီး ရမိေရး စံုစမ္းေဆာင္ရြက္ခဲ့ရာ ေစာရွစ္လံုးမက္ဆိုသူသည္ မိခင္ႏွင့္ စကားမ်ားစိတ္ဆိုးၿပီး ေနအိမ္မွဆင္း ကာ အင္းစိန္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(က+ခ)ရပ္ကြက္တြင္ေနထိုင္လ်က္ရွိၿပီး ၎သည္ ၂၀၁၂ ခုႏွစ္အတြင္းက လက္ကိုင္ဖုန္းတစ္လံုးအား ေဖာက္ထြင္း၀င္ေရာက္ခိုးယူသျဖင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုး၌ ေျဖရွင္းခဲ့ ရဖူးသူ ျဖစ္ေၾကာင္းႏွင့္ ၎ထံတြင္ အမႈမွ ေပ်ာက္ဆံုးလက္ကိုင္ဖုန္းအမ်ိဳး အစားတူ လက္ကိုင္ဖုန္းမ်ား ေရာင္းရန္ရွိေၾကာင္း သိရွိခဲ႔ျဖင့္ ဖမ္းဆီးရမိ ေရးေဆာင္ရြက္ခဲ့ရာ ၂၈.၂.၂၀၁၈ ရက္ေန႔ ည ၁၀း၃၀ နာရီအခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္ ေနအိမ္မွ ဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိသူ ေစာရွစ္လံုးမက္ကို စစ္ေဆးရာ ၎သည္ ၁၇.၂.၂၀၁၈ ရက္ေန႔ ည ၁၁း၀၀ နာရီအခ်ိန္တြင္ ေက်ာပိုးအိတ္အတြင္း ကတ္တာ (၁)လက္၊ ၀က္အူလွည့္တစ္ေခ်ာင္းတို႔အား ထည့္ကာ လက္ကိုင္ဖုန္းမ်ားခိုးယူရန္ ေနအိမ္မွထြက္လာခဲ့ေၾကာင္း၊ ၁၈.၂.၂၀၁၈ ရက္ေန႔ နံနက္ ၁း၃၀ နာရီအခ်ိန္တြင္ အခင္းျဖစ္ဖုန္းဆိုင္အတြင္း ၀င္ေရာက္၍ လက္ကိုင္ဖုန္း၊ ဆင္းကတ္မ်ားကို ခိုးယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္သည္။

ေပၚေပါက္ခ်က္အရ အမႈမွ ေပ်ာက္ဆံုးလက္ကိုင္ဖုန္းမ်ားႏွင့္ ဆင္းကတ္မ်ား ကို ျပန္လည္သိမ္းဆည္းႏိုင္ခဲ့ကာ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္းႏွင့္ အျခားခိုးမႈမ်ားက်ဴးလြန္ထားျခင္းရွိ မရွိ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း ဆက္လက္ေဖာ္ျပထားသည္။

MUNA
Photo – Yangon Police

(Unicode)

ရန်ကုန်၊ မတ် ၆

အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးတွင် ဖွင့်လှစ်ထားသော ဖုန်းအရောင်းဆိုင်မှ လက်ကိုင်ဖုန်းများနှင့် ဆင်းကတ်များခိုးယူသူ တစ်ဦးဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ ကို—–သည် အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ) ရပ်ကွက်တွင် ဖွင့်လှစ်ထားသော လက်ကိုင်ဖုန်းအရောင်းဆိုင်အား ၁၇.၂.၂၀၁၈ ရက်နေ့ ည ၁၀း၀၀ နာရီအချိန်တွင် ပိတ်ကာ နေအိမ်သို့
ပြန်လာ ခဲ့ကြောင်း၊ ၁၈.၂.၂၀၁၈ ရက်နေ့ နံနက် ၉း၄၀ နာရီအချိန်တွင် ဆိုင်သို့ရောက်ရှိပြီးနောက် ဝင်ပေါက်တံခါးအား ကြည့်ရှုရာ အောက်ခြေရှိ သံပြားမှာ လူတစ်ကိုယ်စာ ဝင်/ထွက်ပေါက်ဖြစ်နေကြောင်း တွေ့ရှိရသဖြင့်
ဆိုင်အတွင်း သို့ဝင်ရောက် စစ်ဆေးခဲ့ရာ လက်ကိုင်ဖုန်းမျိုးစုံ (၄၂)လုံးနှင့် MPT နှင့် တယ်လီနောဆင်းကတ် စုစုပေါင်း (၅၆) ကတ်တို့မှာပျောက်ဆုံး နေသည့်ကို တွေ့ရှိရသဖြင့် ခိုးယူသူအား စုံစမ်းဖော်ထုတ်ပေးရန်
တိုင်တန်းခဲ့ရာ အင်းစိန်မြို့မရဲစခန်း(ပ)၄၁၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အမှုဖွင့်ကာ စုံစမ်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များ သည် အမှုမှပြစ်မှုကျူးလွန်သူကို ဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ စောရှစ်လုံးမက်ဆိုသူသည် မိခင်နှင့် စကားများစိတ်ဆိုးပြီး နေအိမ်မှဆင်း ကာ အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်တွင်နေထိုင်လျက်ရှိပြီး ၎င်းသည် ၂၀၁၂ ခုနှစ်အတွင်းက လက်ကိုင်ဖုန်းတစ်လုံးအား ဖောက်ထွင်းဝင်ရောက်ခိုးယူသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဖြေရှင်းခဲ့ ရဖူးသူ ဖြစ်ကြောင်းနှင့် ၎င်းထံတွင် အမှုမှ ပျောက်ဆုံးလက်ကိုင်ဖုန်းအမျိုး အစားတူ လက်ကိုင်ဖုန်းများ ရောင်းရန်ရှိကြောင်း သိရှိခဲ့ဖြင့် ဖမ်းဆီးရမိ ရေးဆောင်ရွက်ခဲ့ရာ ၂၈.၂.၂၀၁၈ ရက်နေ့ ည ၁၀း၃၀ နာရီအချိန်တွင် အင်းစိန်မြို့နယ် နေအိမ်မှ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ စောရှစ်လုံးမက်ကို စစ်ဆေးရာ ၎င်းသည် ၁၇.၂.၂၀၁၈ ရက်နေ့ ည ၁၁း၀၀ နာရီအချိန်တွင် ကျောပိုးအိတ်အတွင်း ကတ်တာ (၁)လက်၊ ဝက်အူလှည့်တစ်ချောင်းတို့အား ထည့်ကာ လက်ကိုင်ဖုန်းများခိုးယူရန် နေအိမ်မှထွက်လာခဲ့ကြောင်း၊ ၁၈.၂.၂၀၁၈ ရက်နေ့ နံနက် ၁း၃၀ နာရီအချိန်တွင် အခင်းဖြစ်ဖုန်းဆိုင်အတွင်း ဝင်ရောက်၍ လက်ကိုင်ဖုန်း၊ ဆင်းကတ်များကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ပေါ်ပေါက်ချက်အရ အမှုမှ ပျောက်ဆုံးလက်ကိုင်ဖုန်းများနှင့် ဆင်းကတ်များ ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ဖော်ပြထားသည်။

MUNA
Photo – Yangon Police

 

 

Comments

comments

You May Also Like