အာရွမွာ လည္ပတ္ဖို႔ အေကာင္းဆံုး လႈိဏ္ဂူမ်ား … | Myanmar News Agency

အာရွမွာ လည္ပတ္ဖို႔ အေကာင္းဆံုး လႈိဏ္ဂူမ်ား …

မတ္ ၁၇

အခုေျပာမွာကေတာ့ အာရွနယ္အတြင္းမွာ တည္ရွိတဲ့ လူ႔ယဥ္ေက်းမႈ တိုးတက္လာျခင္းေတြကို သက္ေသခံေပးႏုိင္မယ့္ ေရွးေဟာင္း လူတို႔ ေနထိုင္ ကိုးကြယ္ ဖန္တီးခဲ့ရာ လႈိဏ္ဂူေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။ ဒီေန႔ေခတ္မွာေတာ့ သြားေရာက္ လည္ပတ္ဖို႔ ေကာင္းမြန္တဲ့ ေနရာေတြ ျဖစ္ေနပါၿပီ။

(၁) Ajanta and Ellora Caves – အာရွမွာ နာမည္အႀကီးဆံုး အိႏိၵယမွာ ရွိတဲ့ လႈိဏ္ဂူပါ။ ၂ရာစုေလာက္ကတည္းက ျဖစ္တည္ေနခ့ဲ့တယ္လုိ႔ ယူဆရပါတယ္။ ေက်ာက္သားေတြေပၚမွာ ဗုဒၶကိုးကြယ္မႈ ဆိုင္ရာ ပံုေဖာ္မႈေတြ ေတြ႔ႏုိင္ပါတယ္။ အိႏိၵယ ရိုးရာ ေရွးေခတ္ ေရးဆြဲမႈ လက္ရာေတြလည္း ျမင္ႏုိင္ပါတယ္။ ၅ရာစုကေန ၁၀ရာစုအတြင္း လႈိဏ္ဂူတြင္း ကိုးကြယ္မႈ ပံုစံေတြ ေျပာင္းလဲခဲ့ၿပီး ဗုဒၶ၊ ဟိႏၵဴ၊ ဂ်ိန္း ကိုးကြယ္မႈ ပံုစံေတြ ေလ့လာႏုိင္ပါတယ္။

(၂) Shah Allah Ditta Caves – ပါကစၥတန္ႏုိင္ငံ၊ အစၥလာမ္မာဘက္ရဲ႕ အေနာက္ေတာင္ပိုင္းမွာ ရွိပါတယ္။ ဗုဒၶရုပ္ပြားေတာ္ေတြ ကိုးကြယ္ထားရွိမႈ ေတြ႔႔ႏုိင္ပါတယ္။ ၈ရာစုေလာက္က လက္ရာ ေရးဆြဲမႈေတြကို ေတြ႔ႏုိင္သလို နံရံေပၚမွာ ဗုဒၶရုပ္ပြားေတာ္ထုဆစ္ ပံုေဖာ္ ကိုးကြယ္မႈေတြ ေတြ႔ရၿပီး သက္တမ္း ႏွစ္ေပါင္း ၂၄၀၀ရွိၿပီလုိ႔ ယူဆရေလာက္ေအာင္ ေရွးက်ပါတယ္။ အစပိုင္းမွာ ဗုဒၶဘာသာ ဘုန္းႀကီးေတြ တရားအားထုတ္ခဲ့တယ္လုိ႔ ယူဆရၿပီး ေနာက္ပိုင္းမွာ ဟိႏၵဴကိုးကြယ္မႈေတြ ၀င္လာတယ္လုိ႔ ယူဆရပါတယ္။ အစၥလာမ္မာဘက္ၿမိဳ႕ရဲ႕ အေစာဆံုး ျဖစ္တည္မႈ အျဖစ္လည္း မွတ္ယူႏိုင္မယ္လုိ႔ ယူဆရပါတယ္။

(၃) Shapur Cave – အီရန္ေတာင္ပိုင္း၊ Zagrosေတာင္တန္းမွာ ရွိပါတယ္။ ဘီရွာပါ ၿမိဳ႕ကေန ကီလိုမီတာ အနည္းငယ္ပဲ ေ၀းပါတယ္။ AD 240ေလာက္ကေန စတင္ ဖန္္တီး လူသိခဲ့တယ္လုိ႔ ယူဆရပါတယ္။ ဘုရင္ ရွာပါရဲ႕ ရုပ္ထုကို ၇မီတာေလာက္ အျမင့္ရွိေအာင္ ဖန္တီးထားတာလည္း ေတြ႔ရပါတယ္။ ဒီရုပ္ထုက အနည္းဆံုး သက္တမ္း ႏွစ္ေပါင္း ၁၄၀၀ေလာက္ ရွိေနပါၿပီ။ ၁၄ရာစုႏွစ္ေတြမွာ ေျမေအာက္မွာ နစ္ေနခဲ့ၿပီး ၁၉၅၇ခုႏွစ္ အတြင္းကေနမွ ျပန္လည္ တူးေဖာ္မႈေတြ လုပ္ေဆာင္ထားခဲ့တာပါ။

(၄) Sangeshkan Cave – Sang Shekanan Caveအျဖစ္လည္း လူသိမ်ားပါတယ္။ အီရန္ႏုိင္ငံ၊ ဂ်ရြန္ၿမိဳ႕ အနီးမွာ ရွိပါတယ္။ Alborz ေတာင္နဲ႔လည္း နီးပါတယ္။ လႈိဏ္ဂူက အလယ္တည့္တည့္ေလာက္မွာ ေကာက္ေကြ႔သြားပါတယ္။ လူတို႔ ဖန္တီးထားတဲ့ အေကာင္းဆံုးနဲ႔ အခမ္းနားဆံုး လႈိဏ္ဂူအျဖစ္ သတ္မွတ္ထားပါတယ္။ အဓိက ၿပိဳင္ဖက္ အေနနဲ႔ေတာ့ ေနာ္တင္ဂမ္မွာ ရွိတဲ့ City of Caves လႈိဏ္ဂူပဲ ရွိပါတယ္။

(၅) Phraya Nakhon Cave – Khao Sam Roi Yot National Parkထဲမွာ တည္ရွိပါတယ္။ ထံုးေက်ာက္ေတာင္ သဖြယ္ ျဖစ္တည္ေနတာပါ။ ၁၈၉၀ မွာ ဘုရင္ ခ်ာလြန္ေလာင္ကြန္ လာေရာက္လည္ပတ္ရင္း The Kuha Karuhas အမည္ရွိ ပြဲၾကည့္စင္ကို တည္ေဆာက္ထားခဲ့တာလည္း ေတြ႔ရပါတယ္။ သူ႔ေနာက္မွာေတာ့ အျခားေသာ ဘုရင္ေတြလည္း အမ်ားအျပား လာေရာက္ လည္ပတ္ၾကတာ ေတြ႔ရပါတယ္။

(၆) Batu Caves – ထံုးေက်ာက္ လႈိဏ္ဂူအမ်ိဳးအစား ျဖစ္ၿပီး ကြာလမ္လာပူမွာ ရွိပါတယ္။ လႈိဏ္ဂူဘုရားေက်ာင္း အျဖစ္ ေခၚႏိုင္ပါတယ္။ လႈိဏ္ဂူမွာ ဘုရားေက်ာင္းရွိပါတယ္။ အိႏိၵယ ျပင္ပ ဟိႏိၵဴ ဘုရားေက်ာင္းေတြထဲကအေက်ာ္ၾကားဆံုး တစ္ခုပါ။ လႈိဏ္ဂူကို ေရာက္ဖို႔ ေလွခါးထစ္ ၂၇၂ထစ္ တက္ရပါတယ္။ ပင္မ လႈိဏ္ဂူႀကီး ၃ခု၊ အျခား လႈိဏ္ဂူငယ္ေလးေတြန႔ဲ ဂူတြင္းေ ဆးဆိုး ေရးဆြဲခ်က္ေတြ ျမင္ႏုိင္ပါတယ္။

(၇) Mogao Grottoes – သူ႔ကို Caves of Thousand Buddhas and Dunhuang Cavesအျဖစ္လည္း လူသိမ်ားပါတယ္။ ကမာၻမွာ ဗုဒၶရုပ္ပြားေတာ္ေတြ ထားရွိ ကိုးကြယ္မႈနဲ႔ ပတ္သတ္ၿပီး တန္ဖုိးအႀကီးဆံုး ေရွးေဟာင္း နယ္ပယ္တစ္ခုပါ။ ဘုရားေက်ာင္းေပါင္း ေထာင္နဲ႔ခ်ီၿပီး ရွိပါတယ္။ AD ၃၆၆မွာ စတင္ တည္ေဆာက္ခဲ့တယ္လုိ႔ ယူဆရပါတယ္။ လႈိဏ္ဂူေပါင္း ၄၉၂ခုရွိၿပီး မမ်က္စီးေအာင္ ထိန္းသိမ္းထားတာ ေတြ႔ရပါတယ္။

By – KKS / MUNA
Ref: wonderslist.com

(Unicode)

မတ် ၁၇

အခုပြောမှာကတော့ အာရှနယ်အတွင်းမှာ တည်ရှိတဲ့ လူ့ယဉ်ကျေးမှု တိုးတက်လာခြင်းတွေကို သက်သေခံပေးနိုင်မယ့် ရှေးဟောင်း လူတို့ နေထိုင် ကိုးကွယ် ဖန်တီးခဲ့ရာ လှိုဏ်ဂူတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ သွားရောက် လည်ပတ်ဖို့ ကောင်းမွန်တဲ့ နေရာတွေ ဖြစ်နေပါပြီ။

(၁) Ajanta and Ellora Caves – အာရှမှာ နာမည်အကြီးဆုံး အိနိ္ဒယမှာ ရှိတဲ့ လှိုဏ်ဂူပါ။ ၂ရာစုလောက်ကတည်းက ဖြစ်တည်နေခဲ့တယ်လို့ ယူဆရပါတယ်။ ကျောက်သားတွေပေါ်မှာ ဗုဒ္ဓကိုးကွယ်မှု ဆိုင်ရာ ပုံဖော်မှုတွေ တွေ့နိုင်ပါတယ်။ အိနိ္ဒယ ရိုးရာ ရှေးခေတ် ရေးဆွဲမှု လက်ရာတွေလည်း မြင်နိုင်ပါတယ်။ ၅ရာစုကနေ ၁၀ရာစုအတွင်း လှိုဏ်ဂူတွင်း ကိုးကွယ်မှု ပုံစံတွေ ပြောင်းလဲခဲ့ပြီး ဗုဒ္ဓ၊ ဟိန္ဒူ၊ ဂျိန်း ကိုးကွယ်မှု ပုံစံတွေ လေ့လာနိုင်ပါတယ်။

(၂) Shah Allah Ditta Caves – ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘက်ရဲ့ အနောက်တောင်ပိုင်းမှာ ရှိပါတယ်။ ဗုဒ္ဓရုပ်ပွားတော်တွေ ကိုးကွယ်ထားရှိမှု တွေ့နိုင်ပါတယ်။ ၈ရာစုလောက်က လက်ရာ ရေးဆွဲမှုတွေကို တွေ့နိုင်သလို နံရံပေါ်မှာ ဗုဒ္ဓရုပ်ပွားတော်ထုဆစ် ပုံဖော် ကိုးကွယ်မှုတွေ တွေ့ရပြီး သက်တမ်း နှစ်ပေါင်း ၂၄၀၀ရှိပြီလို့ ယူဆရလောက်အောင် ရှေးကျပါတယ်။ အစပိုင်းမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ တရားအားထုတ်ခဲ့တယ်လို့ ယူဆရပြီး နောက်ပိုင်းမှာ ဟိန္ဒူကိုးကွယ်မှုတွေ ဝင်လာတယ်လို့ ယူဆရပါတယ်။ အစ္စလာမ်မာဘက်မြို့ရဲ့ အစောဆုံး ဖြစ်တည်မှု အဖြစ်လည်း မှတ်ယူနိုင်မယ်လို့ ယူဆရပါတယ်။

(၃) Shapur Cave – အီရန်တောင်ပိုင်း၊ Zagrosတောင်တန်းမှာ ရှိပါတယ်။ ဘီရှာပါ မြို့ကနေ ကီလိုမီတာ အနည်းငယ်ပဲ ဝေးပါတယ်။ AD 240လောက်ကနေ စတင် ဖန်တီး လူသိခဲ့တယ်လို့ ယူဆရပါတယ်။ ဘုရင် ရှာပါရဲ့ ရုပ်ထုကို ၇မီတာလောက် အမြင့်ရှိအောင် ဖန်တီးထားတာလည်း တွေ့ရပါတယ်။ ဒီရုပ်ထုက အနည်းဆုံး သက်တမ်း နှစ်ပေါင်း ၁၄၀၀လောက် ရှိနေပါပြီ။ ၁၄ရာစုနှစ်တွေမှာ မြေအောက်မှာ နစ်နေခဲ့ပြီး ၁၉၅၇ခုနှစ် အတွင်းကနေမှ ပြန်လည် တူးဖော်မှုတွေ လုပ်ဆောင်ထားခဲ့တာပါ။

(၄) Sangeshkan Cave – Sang Shekanan Caveအဖြစ်လည်း လူသိများပါတယ်။ အီရန်နိုင်ငံ၊ ဂျရွန်မြို့ အနီးမှာ ရှိပါတယ်။ Alborz တောင်နဲ့လည်း နီးပါတယ်။ လှိုဏ်ဂူက အလယ်တည့်တည့်လောက်မှာ ကောက်ကွေ့သွားပါတယ်။ လူတို့ ဖန်တီးထားတဲ့ အကောင်းဆုံးနဲ့ အခမ်းနားဆုံး လှိုဏ်ဂူအဖြစ် သတ်မှတ်ထားပါတယ်။ အဓိက ပြိုင်ဖက် အနေနဲ့တော့ နော်တင်ဂမ်မှာ ရှိတဲ့ City of Caves လှိုဏ်ဂူပဲ ရှိပါတယ်။

(၅) Phraya Nakhon Cave – Khao Sam Roi Yot National Parkထဲမှာ တည်ရှိပါတယ်။ ထုံးကျောက်တောင် သဖွယ် ဖြစ်တည်နေတာပါ။ ၁၈၉၀ မှာ ဘုရင် ချာလွန်လောင်ကွန် လာရောက်လည်ပတ်ရင်း The Kuha Karuhas အမည်ရှိ ပွဲကြည့်စင်ကို တည်ဆောက်ထားခဲ့တာလည်း တွေ့ရပါတယ်။ သူ့နောက်မှာတော့ အခြားသော ဘုရင်တွေလည်း အများအပြား လာရောက် လည်ပတ်ကြတာ တွေ့ရပါတယ်။

(၆) Batu Caves – ထုံးကျောက် လှိုဏ်ဂူအမျိုးအစား ဖြစ်ပြီး ကွာလမ်လာပူမှာ ရှိပါတယ်။ လှိုဏ်ဂူဘုရားကျောင်း အဖြစ် ခေါ်နိုင်ပါတယ်။ လှိုဏ်ဂူမှာ ဘုရားကျောင်းရှိပါတယ်။ အိနိ္ဒယ ပြင်ပ ဟိနိ္ဒူ ဘုရားကျောင်းတွေထဲကအကျော်ကြားဆုံး တစ်ခုပါ။ လှိုဏ်ဂူကို ရောက်ဖို့ လှေခါးထစ် ၂၇၂ထစ် တက်ရပါတယ်။ ပင်မ လှိုဏ်ဂူကြီး ၃ခု၊ အခြား လှိုဏ်ဂူငယ်လေးတွေနဲ့ ဂူတွင်းေ ဆးဆိုး ရေးဆွဲချက်တွေ မြင်နိုင်ပါတယ်။

(၇) Mogao Grottoes – သူ့ကို Caves of Thousand Buddhas and Dunhuang Cavesအဖြစ်လည်း လူသိများပါတယ်။ ကမ္ဘာမှာ ဗုဒ္ဓရုပ်ပွားတော်တွေ ထားရှိ ကိုးကွယ်မှုနဲ့ ပတ်သတ်ပြီး တန်ဖိုးအကြီးဆုံး ရှေးဟောင်း နယ်ပယ်တစ်ခုပါ။ ဘုရားကျောင်းပေါင်း ထောင်နဲ့ချီပြီး ရှိပါတယ်။ AD ၃၆၆မှာ စတင် တည်ဆောက်ခဲ့တယ်လို့ ယူဆရပါတယ်။ လှိုဏ်ဂူပေါင်း ၄၉၂ခုရှိပြီး မမျက်စီးအောင် ထိန်းသိမ်းထားတာ တွေ့ရပါတယ်။

By – KKS / MUNA
Ref: wonderslist.com

 

Comments

comments

You May Also Like