အိႏၵိယတြင္ မုဒိမ္းက်င့္ရန္ႀကိဳးစားရာ ျငင္းပယ္ရုန္းထြက္သည့္ အမ်ိဳးသမီး မီးရႈိ႕သတ္ခံရ | Myanmar News Agency

အိႏၵိယတြင္ မုဒိမ္းက်င့္ရန္ႀကိဳးစားရာ ျငင္းပယ္ရုန္းထြက္သည့္ အမ်ိဳးသမီး မီးရႈိ႕သတ္ခံရ

ကုိတာ မတ္ ၆

အိႏၵိယနုိင္ငံ ရာဂ်ပ္စတန္ျပည္နယ္ ကုိတာျမိဳ႕တြင္ အမ်ဳိးသားတစ္ဦးက အမ်ဳိးသမီးတစ္ဦးကုိ မုဒိမ္းက်င့္ရန္ႀကိဳးစားခဲ႔ျပီးေနာက္ ျငင္းပယ္ခံရသျဖင့္ အရွင္လတ္လတ္ မီးရႈိ႕သတ္ခဲ႔သည္ဟု အိႏၵိယရဲတပ္ဖြဲ႔မွွ ေျပာၾကားသည္။

ရီနာကုိလီ ၃၅ ႏွစ္ကုိ ရမ္ဘာရန္ရာဒဗ္ဆုိသူ ၃၁ႏွွစ္အရြယ္ အမ်ဳိးသားက သူတုိ႔ႏွစ္ဥိီး အိမ္ငွားေနရာအေဆာက္အဦးအတြင္း အတင္းအဓမၼ မုဒိမ္းက်င့္ရန္ ၾကိဳးစားခဲ႔သည္ဟု စြပ္စြဲထားျပီး ရီနာကုိလီက လက္မခံပဲ ျငင္းပယ္ခဲ႔သည္။
၎တုိ႔ႏွစ္ဦးမွာ အေဆာက္တစ္ဦးတစ္ခုအတြင္း သီးသန္႔အခန္းမ်ားတြင္ သပ္သပ္စီ အိမ္ငွားေနသူမ်ား ျဖစ္သည္။

အူတာပရာဒရွ္ျပည္နယ္မွ လာေရာက္ေနထုိင္ေသာ အလုပ္သမားတစ္ဦးျဖစ္သူ ရာဒဗ္က မုဒိမ္းက်င့္ရန္ႀကိဳးစားမႈကုိ ရီနာက ခုခံကာကြယ္ျငင္းဆန္ခဲ႔သည္ကုိ ေဒါသထြက္ခဲ႔သည္။ ထုိ႔ေၾကာင့္ အမ်ဳိးသမီးရီနာေပၚသုိ႔ ေရနံဆီမ်ားေလာင္းခ်ကာ မီးရႈိ႕ခဲ႔သည္ဟု စြပ္စြဲထားေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာၾကားသည္။

ေသာၾကာေန႔မနက္ပုိင္းတြင္ ရာဒဗ္က မုဒိမ္းက်င့္ရန္ မႀကိဳးစားမွီ အိမ္ေထာင္ရွင္ျဖစ္သူ ရီနာအား သူ႔အခန္းသု္ိ႔လုိက္ခဲ႔ရန္ ေတာင္းဆုိခဲ႔ေၾကာင္း ရီနာမွ ျငင္းဆုိသျဖင့္ အင္အားသုံးကာ မေတာ္မတရားျပဳက်င့္ရန္ ႀကိဳးစားခဲ႔ေၾကာင္း Times of India မွေဖာ္ျပသည္။

ရီနာမွ ရုန္းကန္ကာ အခန္းအျပင္မထြက္နုိင္မွီ ေရနံဆီေလာင္းခ်ကာ မီးရႈိ႕ခံရသျဖင့္ အနီးအနားရွိ က်န္းမာေရးစင္တာသုိ႔ အလ်င္အျမန္ ပုိ႔ေဆာင္ခဲ႔ေသာ္လည္း မသက္သာသျဖင့္ ကုိတာျမိဳ႕ MBS ေဆးရုံႀကီးသုိ႔ လႊဲေျပာင္းကုသခဲ႔သည္ဟု Times Of India တြင္ေဖာ္ျပသည္။

ဒဏ္ရာရခဲ႔သူ ရီနာကုိလီမွာ မီးေလာင္ဒဏ္ရာျပင္းထန္သျဖင့္ ေသာၾကာေန႔က ေဆးရုံတြင္ ေသဆုံးခဲ႔သည္။ ေသဆုံးသူ၏ ရုပ္အေလာင္းကုိ ေဆးစစ္မႈမ်ားျပဳလုပ္ျပီးေနာက္ မိသားစုထံသုိ႔ လႊဲေျပာင္းေပးခဲ႔သည္။ အခင္းျဖစ္ပြားရာေနရာမွ တိမ္းေရွာင္ထြက္ေျပးသြားသူ ရာဒဗ္ကုိ မီးရထားဘူတာရုံတြင္ ဖမ္းဆီးရမိေၾကာင္း ရဲတပ္ဖြဲ႔က ေျပာၾကားသည္။

ေသဆုံးသူ ရီနာက မကြယ္လြန္မွီ ရဲတပ္ဖြဲ႔သုိ႔ ေသတမ္းစာတစ္ခု ေရးသားခဲ႔ရာတြင္ ရာဒဗ္က သူမကုိ မုဒိမ္းက်င့္ရန္ ႀကိဳးစားခဲ႔ျပီး သူမကျငင္းဆန္ခဲ႔သျဖင့္ ေရနံဆီေလာင္းကာ မီးရႈိ႕ခဲ႔ေၾကာင္း စြပ္စြဲေဖာ္ျပထားသည္။ အဆုိပါအမႈအား တရားရုံးတြင္ ရုံးထုတ္စစ္ေဆးခဲ႔ျပီး လူသတ္မႈပုဒ္မ ၃၀၂ ႏွင့္ SC/ST ပုဒ္မမ်ား ျဖင့္ စြဲခ်က္တင္ခဲ႔သည္။

By – KSM / MUNA

Ref: Times Of India

(Unicode)

ကိုတာ မတ် ၆

အိန္ဒိယနိုင်ငံ ရာဂျပ်စတန်ပြည်နယ် ကိုတာမြို့တွင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ရန်ကြိုးစားခဲ့ပြီးနောက် ငြင်းပယ်ခံရသဖြင့် အရှင်လတ်လတ် မီးရှို့သတ်ခဲ့သည်ဟု အိန္ဒိယရဲတပ်ဖွဲ့မှှ ပြောကြားသည်။

ရီနာကိုလီ ၃၅ နှစ်ကို ရမ်ဘာရန်ရာဒဗ်ဆိုသူ ၃၁နှှစ်အရွယ် အမျိုးသားက သူတို့နှစ်ဦး အိမ်ငှားနေရာအဆောက်အဦးအတွင်း အတင်းအဓမ္မ မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သည်ဟု စွပ်စွဲထားပြီး ရီနာကိုလီက လက်မခံပဲ ငြင်းပယ်ခဲ့သည်။
၎င်းတို့နှစ်ဦးမှာ အဆောက်တစ်ဦးတစ်ခုအတွင်း သီးသန့်အခန်းများတွင် သပ်သပ်စီ အိမ်ငှားနေသူများ ဖြစ်သည်။

အူတာပရာဒရှ်ပြည်နယ်မှ လာရောက်နေထိုင်သော အလုပ်သမားတစ်ဦးဖြစ်သူ ရာဒဗ်က မုဒိမ်းကျင့်ရန်ကြိုးစားမှုကို ရီနာက ခုခံကာကွယ်ငြင်းဆန်ခဲ့သည်ကို ဒေါသထွက်ခဲ့သည်။ ထို့ကြောင့် အမျိုးသမီးရီနာပေါ်သို့ ရေနံဆီများလောင်းချကာ မီးရှို့ခဲ့သည်ဟု စွပ်စွဲထားကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားသည်။

သောကြာနေ့မနက်ပိုင်းတွင် ရာဒဗ်က မုဒိမ်းကျင့်ရန် မကြိုးစားမှီ အိမ်ထောင်ရှင်ဖြစ်သူ ရီနာအား သူ့အခန်းသို့လိုက်ခဲ့ရန် တောင်းဆိုခဲ့ကြောင်း ရီနာမှ ငြင်းဆိုသဖြင့် အင်အားသုံးကာ မတော်မတရားပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း Times of India မှဖော်ပြသည်။

ရီနာမှ ရုန်းကန်ကာ အခန်းအပြင်မထွက်နိုင်မှီ ရေနံဆီလောင်းချကာ မီးရှို့ခံရသဖြင့် အနီးအနားရှိ ကျန်းမာရေးစင်တာသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော်လည်း မသက်သာသဖြင့် ကိုတာမြို့ MBS ဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့သည်ဟု Times Of India တွင်ဖော်ပြသည်။

ဒဏ်ရာရခဲ့သူ ရီနာကိုလီမှာ မီးလောင်ဒဏ်ရာပြင်းထန်သဖြင့် သောကြာနေ့က ဆေးရုံတွင် သေဆုံးခဲ့သည်။ သေဆုံးသူ၏ ရုပ်အလောင်းကို ဆေးစစ်မှုများပြုလုပ်ပြီးနောက် မိသားစုထံသို့ လွှဲပြောင်းပေးခဲ့သည်။ အခင်းဖြစ်ပွားရာနေရာမှ တိမ်းရှောင်ထွက်ပြေးသွားသူ ရာဒဗ်ကို မီးရထားဘူတာရုံတွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

သေဆုံးသူ ရီနာက မကွယ်လွန်မှီ ရဲတပ်ဖွဲ့သို့ သေတမ်းစာတစ်ခု ရေးသားခဲ့ရာတွင် ရာဒဗ်က သူမကို မုဒိမ်းကျင့်ရန် ကြိုးစားခဲ့ပြီး သူမကငြင်းဆန်ခဲ့သဖြင့် ရေနံဆီလောင်းကာ မီးရှို့ခဲ့ကြောင်း စွပ်စွဲဖော်ပြထားသည်။ အဆိုပါအမှုအား တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး လူသတ်မှုပုဒ်မ ၃၀၂ နှင့် SC/ST ပုဒ်မများ ဖြင့် စွဲချက်တင်ခဲ့သည်။

By – KSM / MUNA

Ref: Times Of India

 

Comments

comments

You May Also Like