အေကာင္းဆံုး အေနေတာ္အရြယ္ Android ဖုန္းမ်ား …

မတ္ ၂

အခုေျပာမွာကေတာ့ ေစ်းကြက္ထဲမွာ ရႏုိင္ေနတဲ့ အေကာင္းဆံုး အေနေတာ္ အရြယ္ Android ဖုန္းေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။

(၁) Google Pixel – Full HDရုပ္ထြက္ ျပသေပးႏုိင္တဲ့ ၅လက္မ အရြယ္ ျပသမ်က္ႏွာျပင္နဲ႔ ဖုန္းပါ။ Snapdragon 821 ကို ထုိင္ထားတယ္၊ RAM 4 GBပါတယ္၊ ရုပ္ထြက္ပိုင္း အားေကာင္းမႈက အေကာင္းဆံုး အားသာခ်က္ပါ။ ကင္မရာမွာ ေနာက္ဖက္က 12.3 MPရွိတယ္၊ Google ကေတာ့ ေစ်းကြက္၀င္ ဖုန္းေတြထဲမွာ ကင္မရာ အေကာင္းဆံုးလုိ႔ေတာင္ ဆိုထားပါတယ္။

DxOMark ကေတာ့ ရမွတ္ ၈၉မွတ္ေပးထားပါတယ္၊ အဆုိပါ စာရင္းမွာေတာ့ HTC U11က ရမွတ္ ၉၀နဲ႔ ပထမ ရထားတာပါ။ အသံုးျပဳရမႈ ျမန္ဆန္ၿပီး ရုပ္ထြက္ေကာင္းေကာင္းနဲ႔ ကင္မရာေကာင္းေကာင္း လိ္ုခ်င္သူေတြ အတြက္ အေကာင္းဆုံး ျဖစ္မွာပါ။ 32 GBကို ၆၄၉ေဒၚလာနဲ႔ ရႏုိင္သလို 128GBဆိုရင္ေတာ့ ၇၄၉ေဒၚလာနဲ႔ ၀ယ္ႏုိင္ပါတယ္။

(၂) Samsung Galaxy A3 2017 – HDရုပ္ထြက္ ျပသေပးႏိိုင္တဲ့ ၄.၇လက္မ အရြယ္ ျပသမ်က္ႏွာျပင္နဲ႔ ေမာ္ဒယ္ပါ။ ဇန္န၀ါရီကမွ မိတ္ဆက္ ေရာင္းခ်ေနတာ ျဖစ္ၿပီး သတၱဳကိုယ္ထည္၊ 3Dမွန္သား စနစ္နဲ႔ပါ။ ေရစိုခံႏုိ္င္လာပါတယ္၊ Exynos 7870 ကို ထုိ္င္ထားပါတယ္၊ RAM 2 GBပါတယ္၊ Android v6.0.1ကို သံုးႏုိင္တယ္၊ ပင္မကင္မရာက 13 MPအားရွိတယ္၊ ဘက္ထရီက 2350 mAhနဲ႔ အားခံႏုိင္မႈ ေကာင္းတယ္၊ လက္ေဗြဖတ္စနစ္လည္း ထည့္ထားပါတယ္၊ Memory 16 GBပဲ ပါေပမယ့္ ကတ္စိုက္မယ္ဆိုရင္ 256 GBထိေအာင္ စိုက္ႏုိင္မွာပါ။ အေလးခ်ိန္ ၁၃၈ ဂရမ္ပဲ ေလးတဲ့ အေသးစား ဖုန္းေကာင္းေလး တစ္ခုပါ။

(၃) Sony Xperia X Compact – ျပသမ်က္ႏွာျပင္ အရြယ္အစား ၄.၆လက္မပဲ ရွိပါတယ္။ Snapdragon 650ကို ထုိုင္ထားပါတယ္။ Ram 3GBပါရွိပါတယ္။ စပီကာ ႏွစ္လံုးထိုင္ထားလုိ႔ အသံထြက္ အထူးေကာင္းပါတယ္၊ ဘက္ထရီက 2700 mAhထိေအာင္ ထည့္ထားသလို ကတ္စိုက္မယ္ဆိုရင္ 256GBထိ္ေအာင္ စိုက္ႏုိင္မွာပါ။ ပင္မ ကင္မရာက 23 MPထိေအာင္ ရွိပါတယ္။ Android စနစ္ v7.0ကို သံုးႏုိင္ပါတယ္။ စက္တင္ဘာလအတြင္းက စတင္ေရာင္းခ်ခ်ိန္မွာ ေဒၚလာ ၅၀၀ေလာက္ ရွိခဲ့ေပမယ့္ အခုေတာ့ ေစ်းက်လာပါၿပီ။ အေလးခ်ိန္ ၁၃၅ဂရမ္ ေလးပါတယ္။

(၄) Wileyfox Swift 2, Swift 2 Plus – အဂၤလန္ အေျခစိုက္ Wileyfoxရဲ႕ ထုတ္လုပ္မႈပါ။ ေမာ္ဒယ္ ၂ခုလံုးက ၅လက္မ အရြယ္ ျပသ မ်က္ႏွာျပင္ ရွိပါတယ္။ Snapdragon 430ကို ထုိင္ထားပါတယ္၊ Swift 2မွာက RAM 2GB၊ Memory 16 GBနဲ႔ 13 MPကင္မရာ ပါရွိပါတယ္။ Plus ေမာ္ဒယ္မွာေတာ့ RAM 3GB၊ Memory 32 GBနဲ႔ 16 MP ကင္မရာေတြ ပါပါတယ္။ ဘက္ထရီေတြက 2700 mAhေတြ ထည့္ထားတာပါ။ Quick Charge 3ကို သံုးႏုိင္ၿပီး ဘက္ထရီအား ၇၅ရာခိုင္ႏႈန္းကို ၄၅မိနစ္နဲ႔ သြင္းႏုိင္ပါတယ္။ Swift 2 ကေတာ့ ေဒၚလာ ၂၀၀ ၀န္းက်င္ ေစ်းရွိၿပီး 2 Plus ကေတာ့ ၂၄၀ေလာက္ ရွိပါတယ္။

(၅) Sony Xperia XA – ျပသမ်က္ႏွာျပင္ အရြယ္ ၅လက္မရွိပါတယ္။ MediaTek MT6755ကို ထိုင္ထားပါတယ္၊ RAM 2 GBပါ၊ ပင္မ ကင္မရာက 13 MP ရွိပါတယ္။ Android Marshallow ကို သံုးထားပါတယ္။ ဘက္ထရီက 2300 mAhပါရွိတယ္၊ Fast Chargingအတြက္ Pump Express+ 2.0ပါရွိတာ ေတြ႔ရတယ္၊ လက္ေဗြဖတ္စနစ္ေတာ့ မပါပါဘူး။ အေမရိကန္ေစ်းကြက္မွာေတာ့ ၂၀၁၆ခုႏွစ္ ဇူလိုင္ကတည္းက ေရာင္းခ်ေနတာပါ။ ေဒၚလာ ၂၈၀ေလာက္ တန္ပါတယ္။ အေရာင္ ၅ေရာင္ ထုတ္လုပ္ပါတယ္။ အခုေတာ့ Amazonမွာ ေဒၚလာ ၁၆၀နဲ႔ ရနုိင္ေနတာ ေတြ႔ရပါတယ္။

(၆) Moto G5 – Moto G5 Plusနဲ႔ အတူ ေစး်ကြက္၀င္လာတဲ့ ေမာ္ဒယ္ပါ။ Full HDရုပ္ထြက္ကို ျပသေပးႏိုင္တဲ့ ၅လက္မ အရြယ္ ျပသမ်က္ႏွာျပင္နဲ႔ပါ။ Snapdragon 430ကို ထုိင္ထားပါတယ္၊ RAMက 2GBနဲ႔ 3GB ေတြ ရႏိုင္ပါတယ္။ သတၱဳကိုယ္ထည္နဲ႔ ျဖစ္လုိ႔ တန္ဖိုးျမင့္ ဖုန္းအျဖစ္ ခံစားမိေစပါတယ္။ လက္ေဗြဖတ္စနစ္လည္း ပါတယ္၊ ဖုန္းမ်က္ႏွာျပင္မွာ ဘယ္ဘက္ကို ပြတ္ၿပီး ေနာက္ျပန္သြားနုိင္သလို ညာဘက္ကို ပြတ္ၿပီး ေနာက္ဆံုး သံုးခဲ့တဲ့ Appေတြကို ျပန္ေခၚႏုိင္ပါတယ္။ ဘက္ထရီက 2800 mAhထိေအာင္ ထည့္ထားသလို ပင္မကင္မရာက 13 MPရွိပါတယ္။ ေဒၚလာ ၂၅၀ေလာက္နဲ႔ ရႏုိင္ပါတယ္။ Android 7.0ကို သံုးႏုိင္ပါတယ္။

By – KKS / MUNA
Ref: androidauthority.com

(Unicode)

မတ် ၂

အခုပြောမှာကတော့ ဈေးကွက်ထဲမှာ ရနိုင်နေတဲ့ အကောင်းဆုံး အနေတော် အရွယ် Android ဖုန်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။

(၁) Google Pixel – Full HDရုပ်ထွက် ပြသပေးနိုင်တဲ့ ၅လက်မ အရွယ် ပြသမျက်နှာပြင်နဲ့ ဖုန်းပါ။ Snapdragon 821 ကို ထိုင်ထားတယ်၊ RAM 4 GBပါတယ်၊ ရုပ်ထွက်ပိုင်း အားကောင်းမှုက အကောင်းဆုံး အားသာချက်ပါ။ ကင်မရာမှာ နောက်ဖက်က 12.3 MPရှိတယ်၊ Google ကတော့ ဈေးကွက်ဝင် ဖုန်းတွေထဲမှာ ကင်မရာ အကောင်းဆုံးလို့တောင် ဆိုထားပါတယ်။

DxOMark ကတော့ ရမှတ် ၈၉မှတ်ပေးထားပါတယ်၊ အဆိုပါ စာရင်းမှာတော့ HTC U11က ရမှတ် ၉၀နဲ့ ပထမ ရထားတာပါ။ အသုံးပြုရမှု မြန်ဆန်ပြီး ရုပ်ထွက်ကောင်းကောင်းနဲ့ ကင်မရာကောင်းကောင်း လိုချင်သူတွေ အတွက် အကောင်းဆုံး ဖြစ်မှာပါ။ 32 GBကို ၆၄၉ဒေါ်လာနဲ့ ရနိုင်သလို 128GBဆိုရင်တော့ ၇၄၉ဒေါ်လာနဲ့ ဝယ်နိုင်ပါတယ်။

(၂) Samsung Galaxy A3 2017 – HDရုပ်ထွက် ပြသပေးနိုင်တဲ့ ၄.၇လက်မ အရွယ် ပြသမျက်နှာပြင်နဲ့ မော်ဒယ်ပါ။ ဇန်နဝါရီကမှ မိတ်ဆက် ရောင်းချနေတာ ဖြစ်ပြီး သတ္တုကိုယ်ထည်၊ 3Dမှန်သား စနစ်နဲ့ပါ။ ရေစိုခံနိုင်လာပါတယ်၊ Exynos 7870 ကို ထိုင်ထားပါတယ်၊ RAM 2 GBပါတယ်၊ Android v6.0.1ကို သုံးနိုင်တယ်၊ ပင်မကင်မရာက 13 MPအားရှိတယ်၊ ဘက်ထရီက 2350 mAhနဲ့ အားခံနိုင်မှု ကောင်းတယ်၊ လက်ဗွေဖတ်စနစ်လည်း ထည့်ထားပါတယ်၊ Memory 16 GBပဲ ပါပေမယ့် ကတ်စိုက်မယ်ဆိုရင် 256 GBထိအောင် စိုက်နိုင်မှာပါ။ အလေးချိန် ၁၃၈ ဂရမ်ပဲ လေးတဲ့ အသေးစား ဖုန်းကောင်းလေး တစ်ခုပါ။

(၃) Sony Xperia X Compact – ပြသမျက်နှာပြင် အရွယ်အစား ၄.၆လက်မပဲ ရှိပါတယ်။ Snapdragon 650ကို ထိုင်ထားပါတယ်။ Ram 3GBပါရှိပါတယ်။ စပီကာ နှစ်လုံးထိုင်ထားလို့ အသံထွက် အထူးကောင်းပါတယ်၊ ဘက်ထရီက 2700 mAhထိအောင် ထည့်ထားသလို ကတ်စိုက်မယ်ဆိုရင် 256GBထိအောင် စိုက်နိုင်မှာပါ။ ပင်မ ကင်မရာက 23 MPထိအောင် ရှိပါတယ်။ Android စနစ် v7.0ကို သုံးနိုင်ပါတယ်။ စက်တင်ဘာလအတွင်းက စတင်ရောင်းချချိန်မှာ ဒေါ်လာ ၅၀၀လောက် ရှိခဲ့ပေမယ့် အခုတော့ ဈေးကျလာပါပြီ။ အလေးချိန် ၁၃၅ဂရမ် လေးပါတယ်။

(၄) Wileyfox Swift 2, Swift 2 Plus – အင်္ဂလန် အခြေစိုက် Wileyfoxရဲ့ ထုတ်လုပ်မှုပါ။ မော်ဒယ် ၂ခုလုံးက ၅လက်မ အရွယ် ပြသ မျက်နှာပြင် ရှိပါတယ်။ Snapdragon 430ကို ထိုင်ထားပါတယ်၊ Swift 2မှာက RAM 2GB၊ Memory 16 GBနဲ့ 13 MPကင်မရာ ပါရှိပါတယ်။ Plus မော်ဒယ်မှာတော့ RAM 3GB၊ Memory 32 GBနဲ့ 16 MP ကင်မရာတွေ ပါပါတယ်။ ဘက်ထရီတွေက 2700 mAhတွေ ထည့်ထားတာပါ။ Quick Charge 3ကို သုံးနိုင်ပြီး ဘက်ထရီအား ၇၅ရာခိုင်နှုန်းကို ၄၅မိနစ်နဲ့ သွင်းနိုင်ပါတယ်။ Swift 2 ကတော့ ဒေါ်လာ ၂၀၀ ဝန်းကျင် ဈေးရှိပြီး 2 Plus ကတော့ ၂၄၀လောက် ရှိပါတယ်။

(၅) Sony Xperia XA – ပြသမျက်နှာပြင် အရွယ် ၅လက်မရှိပါတယ်။ MediaTek MT6755ကို ထိုင်ထားပါတယ်၊ RAM 2 GBပါ၊ ပင်မ ကင်မရာက 13 MP ရှိပါတယ်။ Android Marshallow ကို သုံးထားပါတယ်။ ဘက်ထရီက 2300 mAhပါရှိတယ်၊ Fast Chargingအတွက် Pump Express+ 2.0ပါရှိတာ တွေ့ရတယ်၊ လက်ဗွေဖတ်စနစ်တော့ မပါပါဘူး။ အမေရိကန်ဈေးကွက်မှာတော့ ၂၀၁၆ခုနှစ် ဇူလိုင်ကတည်းက ရောင်းချနေတာပါ။ ဒေါ်လာ ၂၈၀လောက် တန်ပါတယ်။ အရောင် ၅ရောင် ထုတ်လုပ်ပါတယ်။ အခုတော့ Amazonမှာ ဒေါ်လာ ၁၆၀နဲ့ ရနိုင်နေတာ တွေ့ရပါတယ်။

(၆) Moto G5 – Moto G5 Plusနဲ့ အတူ စေးျကွက်ဝင်လာတဲ့ မော်ဒယ်ပါ။ Full HDရုပ်ထွက်ကို ပြသပေးနိုင်တဲ့ ၅လက်မ အရွယ် ပြသမျက်နှာပြင်နဲ့ပါ။ Snapdragon 430ကို ထိုင်ထားပါတယ်၊ RAMက 2GBနဲ့ 3GB တွေ ရနိုင်ပါတယ်။ သတ္တုကိုယ်ထည်နဲ့ ဖြစ်လို့ တန်ဖိုးမြင့် ဖုန်းအဖြစ် ခံစားမိစေပါတယ်။ လက်ဗွေဖတ်စနစ်လည်း ပါတယ်၊ ဖုန်းမျက်နှာပြင်မှာ ဘယ်ဘက်ကို ပွတ်ပြီး နောက်ပြန်သွားနိုင်သလို ညာဘက်ကို ပွတ်ပြီး နောက်ဆုံး သုံးခဲ့တဲ့ Appတွေကို ပြန်ခေါ်နိုင်ပါတယ်။ ဘက်ထရီက 2800 mAhထိအောင် ထည့်ထားသလို ပင်မကင်မရာက 13 MPရှိပါတယ်။ ဒေါ်လာ ၂၅၀လောက်နဲ့ ရနိုင်ပါတယ်။ Android 7.0ကို သုံးနိုင်ပါတယ်။

By – KKS / MUNA
Ref: androidauthority.com

Comments

comments

You May Also Like