ထရမ့္က နုိင္ငံျခားေရးဝန္ႀကီး တီလာဆန္ကုိ ရာထူးမွထုတ္ပယ္ | Myanmar News Agency

ထရမ့္က နုိင္ငံျခားေရးဝန္ႀကီး တီလာဆန္ကုိ ရာထူးမွထုတ္ပယ္

ဝါရွင္တန္ မတ္ ၁၃

အေမရိကန္နုိင္ငံျခားေရးဝန္ႀကီး ရက္စ္တီလာဆန္ကုိ ရာထူးတာဝန္မွ ထုတ္္ပယ္လုိက္ျပီး စီအုိင္ေအဒါရုိက္တာ မုိက္ပြမ္ပီယုိႏွွင့္ အစားထုိးလုိက္ေၾကာင္း သမၼၼတထရမ့္မွ ယေန႔ေျပာၾကားသည္။

တီလာဆန္ကုိ ထုတ္ပယ္မႈက ထရမ့္အစုိးရအတြက္ အႀကီးမားဆုံး ဂယက္ရုိက္မႈ ျဖစ္သည္။ ExxonMobil ၏ အမႈေဆာင္အရာရွိခ်ဳပ္ CEO ရာထူးကုိ စြန္႔လႊတ္ခဲ႔သူ အသက္ ၆၅ႏွစ္ရွိ တီလာဆန္နွင့္ သမၼတထရမ္႔ၾကား ယမန္ႏွစ္ေအာက္တုိဘာလကတည္းက အဆင္မေျပမႈမ်ားရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚခဲ႔၍ တီလာဆန္ကုိ ထုတ္ပယ္ေတာ့မည္ဟု ေမ်ွာ္လင့္ထားၾကသည္။

တီလာဆန္၏ သံတမန္ေရး အားထုတ္မႈမ်ားအေပၚ ထရမ္႔က ႀကိမ္ဖန္မ်ားစြာ ေလ်ာ့ေပါ့ျဖတ္ေတာက္မႈမ်ားရွိခဲ႔သည္။ တနလၤာေန႔က ရုရွားႏွင့္ပတ္သက္၍ ယခင္ႏိုင္ငံျခားေရးဝန္ႀကီးမွ အိမ္ျဖဴေတာ္ကုိ မွတ္ခ်က္ေပးမႈမ်ား ထြက္ေပၚခဲ႔ရာ အခက္အခဲမ်ား ျဖစ္ေစခဲ႔သည္။

ထရမ္႔က ေျမာက္ကုိးရီးယားေခါင္းေဆာင္ႏွင့္ ေတြ႔ဆုံမည္ ျဖစ္ေၾကာင္းႏွင့္ ယင္းသု္ိ႔ပထမဆုံး ေတြ႔ဆုံမည့္ အေမရိကန္သမၼတျဖစ္လာမည္ဟု ယခင္အပတ္အတြင္း ေၾကညာခဲ႔ရာတြင္ တီလာဆန္ ထုတ္ပယ္ခံရသည့္ အေၾကာင္း ျဖစ္ဖြယ္ရွိသည္။

” CIA ဒါရုိက္တာ မုိက္ပြမ္ပီယုိဟာ က်ြန္ေတာ္တုိ႔ရဲ႕ နု္ိင္ငံျခားေရးဝန္ႀကီးသစ္ ျဖစ္လာပါမယ္။ သူက ထူးဆန္းအံ႔ၾသဖြယ္အလုပ္ကုိ ထမ္းေဆာင္ပါလိမ့္မယ္။ တီလာဆန္ထမ္းေဆာင္ခဲ႔တာေတြအတြက္ ေက်းဇူးတင္ပါတယ္။ ဂ်ီနာဟတ္စ္ပဲလ္ ကေတာ့ စီအုိင္ေအဒါရုိက္တာအျဖစ္ တာဝန္ထမ္းေဆာင္ရတဲ႔ ပထမဆုံး အမ်ဳိးသမီး ျဖစ္လာမယ္။ အားလုံးအတြက္ ဂုဏ္ယူပါတယ္ ” ဟု ထရမ္႔က Twitter တြင္ ေရးသားခဲ႔သည္။

By – KSM / MUNA
Ref: Reuters

(Unicode)

ဝါရှင်တန် မတ် ၁၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်ကို ရာထူးတာဝန်မှ ထုတ်ပယ်လိုက်ပြီး စီအိုင်အေဒါရိုက်တာ မိုက်ပွမ်ပီယိုနှှင့် အစားထိုးလိုက်ကြောင်း သမ္မ္မတထရမ့်မှ ယနေ့ပြောကြားသည်။

တီလာဆန်ကို ထုတ်ပယ်မှုက ထရမ့်အစိုးရအတွက် အကြီးမားဆုံး ဂယက်ရိုက်မှု ဖြစ်သည်။ ExxonMobil ၏ အမှုဆောင်အရာရှိချုပ် CEO ရာထူးကို စွန့်လွှတ်ခဲ့သူ အသက် ၆၅နှစ်ရှိ တီလာဆန်နှင့် သမ္မတထရမ့်ကြား ယမန်နှစ်အောက်တိုဘာလကတည်းက အဆင်မပြေမှုများရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့၍ တီလာဆန်ကို ထုတ်ပယ်တော့မည်ဟု မျှော်လင့်ထားကြသည်။

တီလာဆန်၏ သံတမန်ရေး အားထုတ်မှုများအပေါ် ထရမ့်က ကြိမ်ဖန်များစွာ လျော့ပေါ့ဖြတ်တောက်မှုများရှိခဲ့သည်။ တနင်္လာနေ့က ရုရှားနှင့်ပတ်သက်၍ ယခင်နိုင်ငံခြားရေးဝန်ကြီးမှ အိမ်ဖြူတော်ကို မှတ်ချက်ပေးမှုများ ထွက်ပေါ်ခဲ့ရာ အခက်အခဲများ ဖြစ်စေခဲ့သည်။

ထရမ့်က မြောက်ကိုးရီးယားခေါင်းဆောင်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်းနှင့် ယင်းသို့ပထမဆုံး တွေ့ဆုံမည့် အမေရိကန်သမ္မတဖြစ်လာမည်ဟု ယခင်အပတ်အတွင်း ကြေညာခဲ့ရာတွင် တီလာဆန် ထုတ်ပယ်ခံရသည့် အကြောင်း ဖြစ်ဖွယ်ရှိသည်။

” CIA ဒါရိုက်တာ မိုက်ပွမ်ပီယိုဟာ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာပါမယ်။ သူက ထူးဆန်းအံ့သြဖွယ်အလုပ်ကို ထမ်းဆောင်ပါလိမ့်မယ်။ တီလာဆန်ထမ်းဆောင်ခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ ဂျီနာဟတ်စ်ပဲလ် ကတော့ စီအိုင်အေဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ရတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာမယ်။ အားလုံးအတွက် ဂုဏ်ယူပါတယ် ” ဟု ထရမ့်က Twitter တွင် ရေးသားခဲ့သည်။

By – KSM / MUNA
Ref: Reuters

Comments

comments

You May Also Like