ျပည္နယ္ႏွင့္တိုင္း (၁၀)ခုတြင္ မိုးရြာမည္ | Myanmar News Agency

ျပည္နယ္ႏွင့္တိုင္း (၁၀)ခုတြင္ မိုးရြာမည္

ရန္ကုန္ မတ္ ၁၃

မနက္ျဖန္မြန္းတည့္ခ်ိန္အထိခန္႔မွန္းခ်က္တြင္ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ တနသၤာရီတိုင္းေဒသႀကီး ႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္း ေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္း(၈၀) ျဖစ္သည္။ က်န္တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္တို႔တြင္ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္ျဖစ္ေၾကာင္း ယေန႔ည (၇)နာရီအခ်ိန္ မိုးဇလထုတ္ျပန္ေသာ မိုးေလဝသသတင္းတြင္ ေဖာ္ျပထားသည္။

ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းတြင္ တိမ္အနည္းငယ္ ျဖစ္ထြန္းေနၿပီး၊ ကပၸလီပင္လယ္ျပင္ႏွင့္ က်န္ဘဂၤလားပင္လယ္ေအာ္တို႔တြင္ တိမ္အသင့္အတင့္ ျဖစ္ထြန္းေနေၾကာင္း ဆက္လက္ေဖာ္ျပသည္။

ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအနည္းငယ္မွ အသင့္အတင့္ရွိမည္ျဖစ္ၿပီး လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလၽွာက္ ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၃)ေပမွ (၅)ေပခန္႔ ရွိႏိုင္ေၾကာင္း ခန္႔မွန္းထားသည္။

MUNA

ဓါတ္ပံု – မိုးဇလ

(Unicode)

ရန်ကုန် မတ် ၁၃

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း ယနေ့ည (၇)နာရီအချိန် မိုးဇလထုတ်ပြန်သော မိုးလေဝသသတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း ဆက်လက်ဖော်ပြသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

MUNA

ဓါတ်ပုံ – မိုးဇလ

 

Comments

comments

You May Also Like