ျပည္သူ႔လႊတ္ေတာ္ဥကၠ႒အျဖစ္ ဦးတီခြန္ျမတ္ေရြးခ်ယ္ခံရ | Myanmar News Agency

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒အျဖစ္ ဦးတီခြန္ျမတ္ေရြးခ်ယ္ခံရ

ေနျပည္ေတာ္ မတ္(၂၂)

ယေန႔ (၂၂.၃.၂၀၁၈) ဒုုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ သတၱမပံုမွန္အစည္းအေဝး (၃၁) ရက္ေျမာက္ေန႔အစည္းအေဝးတြင္ ျပည္သူ႔လႊတ္ေတာ္ လႊတ္ေတာ္ဥကၠ႒ေနရာ ေရြးခ်ယ္တင္ေျမွာက္ရန္အတြက္ သဘာပတိအျဖစ္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးခင္ေမာင္ဝင္းက ေဆာင္ရြက္သည္။

သဘာပတိက ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ေရြးခ်ယ္ေရး အမည္စာရင္းတင္သြင္းမႈေလ်ွာက္ထားရန္ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားကုိ ဖိတ္ေခၚသည္။

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒အျဖစ္ ျပည္သူလႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚခင္စန္းလႈိင္က ကြတ္ခုိင္မဲဆႏၵနယ္မွ ဦးတီခြန္ျမတ္ ကုိလည္းေကာင္း ေက်ာင္းကုန္းမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးသိန္းထြန္းက ေပ်ာ္ဘြယ္မဲဆႏၵနယ္ လႊတ္ေတာ္ကု္ိယ္စားလွယ္ ဦးေသာင္းေအးကုိလည္းေကာင္း အဆုိျပဳတင္သြင္းသည္။

လႊတ္ေတာ္က စက္ခလုတ္ႏွိပ္၍ မဲေပးေရြးခ်ယ္ရာ ကြတ္ခုိင္မဲဆႏၵနယ္မွ ဦးတီခြန္ျမတ္က ေထာက္ခံမဲ ၂၈၀ ျဖင့္ ေပ်ာ္ဘြယ္မဲဆႏၵနယ္မွ ဦးေသာင္းေအး ေထာက္ခံမဲ ၁၄၁ ထက္ ေထာက္ခံမဲမ်ားသျဖင့္ သဘာပတိက လႊတ္ေတာ္ဥကၠ႒ အျဖစ္ ဦးတီခြန္ျမတ္ကုိ အတည္ျပဳေၾကာင္း ေၾကညာသည္။

ဆက္လက္၍ လစ္လပ္သြားေသာ ျပည္သူ႔လႊတ္ေတာ္ ဒုဥကၠ႒ေနရာအတြက္ အမည္စာရင္း အဆုိျပဳလြာမ်ား တင္ျပရန္ရွိျပီး မဲေပးေရြးခ်ယ္သြားမည္ဟု
လႊတ္ေတာ္ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

MUNA

(Unicode)

နေပြည်တော် မတ်(၂၂)

ယနေ့ (၂၂.၃.၂၀၁၈) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် လွှတ်တော်ဥက္ကဋ္ဌနေရာ ရွေးချယ်တင်မြှောက်ရန်အတွက် သဘာပတိအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ဆောင်ရွက်သည်။

သဘာပတိက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်ရေး အမည်စာရင်းတင်သွင်းမှုလျှောက်ထားရန် လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ခေါ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ် ကိုလည်းကောင်း ကျောင်းကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ပျော်ဘွယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကိုလည်းကောင်း အဆိုပြုတင်သွင်းသည်။

လွှတ်တော်က စက်ခလုတ်နှိပ်၍ မဲပေးရွေးချယ်ရာ ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်က ထောက်ခံမဲ ၂၈၀ ဖြင့် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး ထောက်ခံမဲ ၁၄၁ ထက် ထောက်ခံမဲများသဖြင့် သဘာပတိက လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးတီခွန်မြတ်ကို အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ လစ်လပ်သွားသော ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌနေရာအတွက် အမည်စာရင်း အဆိုပြုလွာများ တင်ပြရန်ရှိပြီး မဲပေးရွေးချယ်သွားမည်ဟု
လွှတ်တော်ထုတ်ပြန်ချက်များအရ သိရသည်။

MUNA

Comments

comments

You May Also Like