PNA အသြင္ေျပာင္းျပည္သူစစ္တပ္​မွ စစ္​သားမ်ား ရြာသားကို ေဆးရံုတက္ရသည္​့အထိ ႐ိုက္​ႏွက္​

မတ္​ ၂၁  ဆီဆိုင္​

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဆီဆိုင္ၿမိဳ႕နယ္ ပါ​ေလာပါကယ္ေက်းရြာအုပ္စု ထိကလိုင္ေက်းရြာမွရြာသားကို PNAအသြင္ေျပာင္းျပည္သူ႔စစ္​ဌာ​ေနမွ စစ္​သားမ်ား႐ိုက္ႏွက္ရာ ေဆးရံုတက္ေနရေၾကာင္း မတ္လ၂၁ရက္ေန႔တြင္ သိရသည္။

မတ္လ၂၀ရက္ေန႔ ည၈နာရီ၄၀ခန္႔အခ်ိန္တြင္​ ဘန္းယဥ္ရဲတိုက္နယ္ေဆးရံုသို႔ ထိကလိုင္ေက်းရြာမွဦးထြန္းေအာင္သည္ ေဆးရံုသို႔ဒဏ္​​ရာမ်ားႏွင့္ေဆးကုသရန္ေရာက္လာရတြင္​ ​ေမးျမန္​းရာ PNA ဌာေနအသြင္ေျပာင္း ျပည္သူ႔စစ္ဌာ​ေနမွ စစ္​သား ၃ဦးက ႐ိုက္နက္​ျခင္းေၾကာင္​့ ့ေရာက္လာျခင္းျဖစ္ေၾကာင္းသိရိွေသာေၾကာင့္ ဆီဆိုင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ ခမရ၄၂၆တပ္ရင္းႏွင့္ PNA အဖြဲ႔ဗိုလ္မွဴးေအးေဖတို႔ မွ႐ိုက္နက္ေသာတရာခံမ်ားအား သြားေရာက္ဖမ္းဆီးရာတြင္ တရားခံမ်ားမွာ ထြက္ေျပးတိမ္းေ႐ွာင္သြားေၾကာင္းသိရသည္။

မတ္​၂၀ ရက္​​ေန႔တြင္​ ထိကလိုင္ရြာသားႏွစ္ေယာက္ ဘန္းယဥ္တိုက္နယ္ေဆးရံုးကို ဒဏ္ရာမ်ားႏွင့္ ေဆးကုသဖို႔ေရာက္လာေၾကာင္း ျဖစ္စဥ္အား စစ္ေဆးေမးျမန္းရာ PNAအဖြဲ႔မွတပ္ဖြဲ႔ဝင္သံုးဦးမွ ထိကလိုင္ေက်းရြာ ဦးေစာဆိုသည့္ ေက်းရြာသူႀကီးအား ေငြေတာင္းရာ မရေသာေၾကာင့္ ႐ိုက္ႏွက္ေနျခင္းကို ရြာသားေမာင္ပ်ိဳႏွင္​့ ေမာင္ႏိုင္က တရြာတည္းေန ဦးထြန္းေအာင္အား အကူညီေတာင္းရာ ဦးထြန္းေအာင္မွ မ႐ိုက္ႏွက္ရန္ေတာင္းပန္ရာ ဦးထြန္းေအာင္အား ေသနတ္ဒင္ႏွင့္ထုျခင္း တုတ္​ႏွင့္႐ိုက္​ႏွက္ျခင္းတို႔ေၾကာင့္ ေဆးရံုသ္ို႔ေရာက္လာရျခင္းျဖစ္ေၾကာင္း သိရသည္။

လက္နက္ကိုင္ဆိုတာစည္းကမ္းရိွရန္လိုအပ္ေၾကာင္း ဘယ္္အဖြဲ႔အစည္းျဖစ္ျဖစ္ဥပေဒကိုမွက်ဴးလြန္လို႔မရေၾကာင္း အခုဟာကလည္း PNA အသြင္ေျပာင္းျပည္သူစစ္ျဖစ္ေနေသာေၾကာင္႔ PNA ျပည္သူ႔စစ္အႀကီးအကဲေတြႏွင္​့​ ေပါင္းၿပီး ေနာက္ထပ္ဒီလိုမ်ိဳးမျဖစ္ရန္ႏွင့္ PNA ျပည္သူ႔စစ္အဖြဲ႔တာဝန္ရိွသူေတြအေနႏွင့္ေျပာရင္ပိုၿပီးေကာင္းမည္ျဖစ္ေၾကာင္း PNA ျပည္သူ႕စစ္ကလည္း လက္နက္ကိုင္ျဖစ္သလို ျပည္သူ႔ရဲကလည္း လက္နက္ကိုင္ျဖစ္ေသာေၾကာင့္ မလိုလားအပ္တာေတြျဖစ္လာႏိုင္ေၾကာင္း ဆီဆိုင္ၿမိဳ႕ရဲတပ္ဖြဲ႔ၿမိဳ႕နယ္မွဴး ဦးအုန္းလြင္ကဆိုသည္။

“ဒီမွာတာဝန္က်တာႏွစ္ႏွစ္ခြဲရိွၿပီဒီလိုတစ္ခါမွေတာ္မၾကားဖူးဘူး ခုဟာက သူတို႔သံုးေယာက္တည္း ခြၽန္ျဖစ္ေနတာဒီလိုတစ္ခါမွေတာ ့မၾကားဖူးဘူး”ဟု ၎ကဆက္ေျပာသည္။

ဦးထြန္းေအာင္၏ ဇနီးမွ အမူဖြင့္ရာ ဦးထြန္းေအာင္ကို လက္က်ိဳးသြားသည္​့အထိ ႐ိုက္​ႏွက္​​ေသာေၾကာင့္ ရာဇသတ္ႀကီးပုဒ္မ ၃၅၂ႏွင့္ တစ္ေယာက္တည္း ႐ိုက္တာမဟုတ္ဘဲ အားေပးကူညီေသာေၾကာင့္ ပုဒ္မ ၁၄၄ႏွင့္ ဘန္းယဥ္ရဲစခန္းတြင္အမႈဖြင့္ ထားရွိေၾကာင္း သိရသည္။

By – ခြန္​ယံ / MUNA

(Unicode)

မတ် ၂၁  ဆီဆိုင်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ထိကလိုင်ကျေးရွာမှရွာသားကို PNAအသွင်ပြောင်းပြည်သူ့စစ်ဌာနေမှ စစ်သားများရိုက်နှက်ရာ ဆေးရုံတက်နေရကြောင်း မတ်လ၂၁ရက်နေ့တွင် သိရသည်။

မတ်လ၂၀ရက်နေ့ ည၈နာရီ၄၀ခန့်အချိန်တွင် ဘန်းယဉ်ရဲတိုက်နယ်ဆေးရုံသို့ ထိကလိုင်ကျေးရွာမှဦးထွန်းအောင်သည် ဆေးရုံသို့ဒဏ်ရာများနှင့်ဆေးကုသရန်ရောက်လာရတွင် မေးမြန်းရာ PNA ဌာနေအသွင်ပြောင်း ပြည်သူ့စစ်ဌာနေမှ စစ်သား ၃ဦးက ရိုက်နက်ခြင်းကြောင့့်ရောက်လာခြင်းဖြစ်ကြောင်းသိရှိသောကြောင့် ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့ ခမရ၄၂၆တပ်ရင်းနှင့် PNA အဖွဲ့ဗိုလ်မှူးအေးဖေတို့ မှရိုက်နက်သောတရာခံများအား သွားရောက်ဖမ်းဆီးရာတွင် တရားခံများမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။

မတ်၂၀ ရက်နေ့တွင် ထိကလိုင်ရွာသားနှစ်ယောက် ဘန်းယဉ်တိုက်နယ်ဆေးရုံးကို ဒဏ်ရာများနှင့် ဆေးကုသဖို့ရောက်လာကြောင်း ဖြစ်စဉ်အား စစ်ဆေးမေးမြန်းရာ PNAအဖွဲ့မှတပ်ဖွဲ့ဝင်သုံးဦးမှ ထိကလိုင်ကျေးရွာ ဦးစောဆိုသည့် ကျေးရွာသူကြီးအား ငွေတောင်းရာ မရသောကြောင့် ရိုက်နှက်နေခြင်းကို ရွာသားမောင်ပျိုနှင့် မောင်နိုင်က တရွာတည်းနေ ဦးထွန်းအောင်အား အကူညီတောင်းရာ ဦးထွန်းအောင်မှ မရိုက်နှက်ရန်တောင်းပန်ရာ ဦးထွန်းအောင်အား သေနတ်ဒင်နှင့်ထုခြင်း တုတ်နှင့်ရိုက်နှက်ခြင်းတို့ကြောင့် ဆေးရုံသို့ရောက်လာရခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ကိုင်ဆိုတာစည်းကမ်းရှိရန်လိုအပ်ကြောင်း ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်ဥပဒေကိုမှကျူးလွန်လို့မရကြောင်း အခုဟာကလည်း PNA အသွင်ပြောင်းပြည်သူစစ်ဖြစ်နေသောကြောင့် PNA ပြည်သူ့စစ်အကြီးအကဲတွေနှင့် ပေါင်းပြီး နောက်ထပ်ဒီလိုမျိုးမဖြစ်ရန်နှင့် PNA ပြည်သူ့စစ်အဖွဲ့တာဝန်ရှိသူတွေအနေနှင့်ပြောရင်ပိုပြီးကောင်းမည်ဖြစ်ကြောင်း PNA ပြည်သူ့စစ်ကလည်း လက်နက်ကိုင်ဖြစ်သလို ပြည်သူ့ရဲကလည်း လက်နက်ကိုင်ဖြစ်သောကြောင့် မလိုလားအပ်တာတွေဖြစ်လာနိုင်ကြောင်း ဆီဆိုင်မြို့ရဲတပ်ဖွဲ့မြို့နယ်မှူး ဦးအုန်းလွင်ကဆိုသည်။

“ဒီမှာတာဝန်ကျတာနှစ်နှစ်ခွဲရှိပြီဒီလိုတစ်ခါမှတော်မကြားဖူးဘူး ခုဟာက သူတို့သုံးယောက်တည်း ချွန်ဖြစ်နေတာဒီလိုတစ်ခါမှတော့မကြားဖူးဘူး”ဟု ၎င်းကဆက်ပြောသည်။

ဦးထွန်းအောင်၏ ဇနီးမှ အမူဖွင့်ရာ ဦးထွန်းအောင်ကို လက်ကျိုးသွားသည့်အထိ ရိုက်နှက်သောကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၅၂နှင့် တစ်ယောက်တည်း ရိုက်တာမဟုတ်ဘဲ အားပေးကူညီသောကြောင့် ပုဒ်မ ၁၄၄နှင့် ဘန်းယဉ်ရဲစခန်းတွင်အမှုဖွင့် ထားရှိကြောင်း သိရသည်။

By – ခွန်ယံ / MUNA

 

Comments

comments

You May Also Like