Single ေတြရဲ႕ အားသာခ်က္ ၅ခ်က္ …

မတ္ ၂၀

လူပ်ိဳ၊ အပ်ိဳႀကီးေတြ အတြက္ကေတာ့ အခု ေဆာင္းပါးေလး ဖတ္ၿပီး လက္မ ရဲရဲေထာင္လုိ႔ ရပါၿပီ။ Singleသမားေတြမွာ Couple ေတြ မရႏုိင္တဲ့ အားသာခ်က္ေတြ ရွိပါတယ္။ အဲဒါေတြက …

(၁) Singleသမားေတြဟာ ေပါင္းသင္းဆက္ဆံေရးပိုမို ေကာင္းမြန္ေျပျပစ္တယ္ – ဟုတ္ပါတယ္၊ သူတို႔ဟာ တျခား ခ်စ္သူေတြနဲ႔ စံုတြဲေတြထက္ေရာ မဂၤလာေဆာင္ၿပီး လင္မယားေတြထက္ပါ ေပါင္းသင္းဆက္ဆံေရး အပိုင္းမွာပိုမို အားေကာင္းၾကပါတယ္။ အဓိက အေၾကာင္းအရင္းကေတာ့ ကိုယ္ပိုင္အခ်ိန္ရွိ္မႈနဲ႔ အတူ မိမိရဲ႕ သူငယ္ခ်င္း မိတ္ေဆြေတြကို အခ်ိ္န္ပိုေပးႏုိင္တာေၾကာင့္ အေပါင္းအသင္းေတြရဲ႕ အေလးထား ခ်စ္ခင္မႈကို ပိုမို ရရွိတာ ျဖစ္ပါတယ္။

(၂) Single သမားေတြဟာ ရုပ္ပိုင္းဆိုင္ရာ ႀကံ့ခုိင္မႈမွာလည္း ပိုမို က်န္းမာေကာင္္းမြန္ၾကတယ္ – ေလ့လာခ်က္ေတြ အရေတာ့ အသက္ ၁၈ႏွစ္ကေန ၆၄ႏွစ္ အတြင္း Singleသမားေပါင္း ၁၃၀၀၀ ခန္႔ကို ေလ့လာၾကည့္ရာမွာ တကုိယ္ေရ သမားေတြဟာ စံုတြဲရွိသူေတြထက္ အားကစားေလ့က်င့္ခန္းခ်ိ္န္ ပိုမို ေပးျခင္း၊ က်န္းမာေအာင္ ေနထိုင္ျခင္းေတြ ေတြ႔ရသလို ၂၀၁၅ ခုႏွစ္ အတြင္းက Social Science and Medicineဂ်ာနယ္မွာ ေဖာ္ျပခ်က္မွာလည္း ဥေရာပက လူဦးေရ ၄၅၀၀ အေပၚမွာ ေလ့လာခ်က္ေတြအရ Single သမားေတြဟာ ကိုယ္အေလးခ်ိန္မွာေရာ က်န္းမာမႈမွာပါ ပိုမို ေကာင္းမြန္တာေ တြ႔ရပါတယ္။

(၃) Single ဟာ အျခားသူေတြထက္ ပုိမို သာလြန္တဲ့ ေလ့လာတတ္ေျမာက္မႈေတြ ရွိၾကတယ္ – National Survey of Families and Householdsရဲ႕ ေလ့လာခ်က္ေတြအရ Singleသမား ၁၀၀၀နဲ႔ စံုတြဲ ၃၀၀၀အၾကား ေလ့လာခ်က္မွာကိုပဲ တကုိယ္ေရ သမားေတြဟာ ဘ၀တိုးတက္မႈပိုင္းဆိုင္ရာမွာ အေလးေပးၾကတာ ေတြ႔႔ရပါတယ္။ အဖြဲ႔အစည္းက ေလ့လာခ်က္မွာ အဓိက ေမးခြန္းႏွစ္ခုကို စစ္ေဆးသြားၿပီး Singleသမားေတြက အဆိုပါ ေမးခြန္းႏွစ္ခုလံုးကို လက္ခံ ႏွစ္သက္ၾကတာပါ။ အဆိုပါ ေမးခြန္းေတြကေတာ့ (၁) ဘ၀ဆိုတာ ေလ့လာဖို႔၊ ေျပာင္းလဲဖုိ႔၊ တိုးတက္ေအာင္ ႀကံစည္ဖုိ႔ ျဖစ္တယ္ (၂) ကၽြန္ေတာ္တုိ႔ဟာ ကမာၻအတြက္ အသံုး၀င္ေအာင္၊ ေျပာင္းလဲ တိုးတက္ႏုိင္ေအာင္ လုပ္ေဆာင္သင့္တဲ့သူေတြ ျဖစ္တယ္ဆိုတဲ့ အခ်က္ေတြကို Singleသမားေတြက ပိုမို လက္ခံၾကသလို ႀကိဳးစားလုပ္ေဆာင္ေနၾကတာလည္း ျဖစ္ပါတယ္။

(၄) Single အမ်ိဳးသားေတြဟာ သေဘာထားႀကီးၾကတယ္၊ ဒါေပမယ့္ လက္ထပ္ၿပီး ဒါမွမဟုတ္ ခ်စ္သူရၿပီးရင္ သေဘားထားေသးလာတတ္တယ္ – DePaulo ဆိုတဲ့ ေလ့လာသူ တစ္ဦးက အေမရိကန္မွာ ၁၉၈၇-၈၈ခုႏွစ္ကေန ေနာက္ပိုင္း ၅ႏွစ္ ကာလေလာက္ထိေအာင္ အမ်ိဳးသားေတြရဲ႕ သူတို႔ရဲ႕ သူငယ္ခ်င္း မိတ္ေဆြေတြနဲ႔ ပတ္သတ္ၿပီး ေငြသံုးစြဲမႈေရာ ေဆြးမ်ိဳးေတြဆီကို ေထာက္ပံ့မႈေတြကိုပါ ေလ့လာ မွတ္တမ္းတင္ခဲ့ရာမွာ ပထမဆံုး အိ္မ္ေထာင္က်သြားတာနဲ႔ ပ်မ္းမွ် ေဒၚလာ ၁၈၇၅ေလာက္ပဲ အသံုးျပဳ ေထာက္ပံ့ေတာ့တာ ေတြ႔ရၿပီး ဒီပမာဏက အျခားသူေတြဲ႕ အသံုးႏႈန္းထက္ ေလ်ာ့နည္းတာလည္း ျဖစ္သလို ကြာရွင္းမႈ တစ္ခုခု ရွိခဲ့သူေတြကေတာ့ အဆုိပါႏႈန္းထက္ ပိုၿပီး ျပန္လည္ အသံုးျပဳလာတာ ေတြ႔ခဲ့ရတာလည္း ျဖစ္ပါတယ္။ ေနာက္တႀကိမ္ ျပန္လည္ အိမ္ေထာင္ျပဳလုိက္ခ်ိန္မွာေတာ့ ၀င္ေငြကို သူငယ္ခ်င္းနဲ႔ ေဆြမ်ိဳးေတြ အတြက္ အသံုးျပဳမႈ ျပန္နည္းသြားတာလည္း ေတြ႔ရပါတယ္။ ဒီလိုနဲ႔ DePaul က Singled Out စာအုပ္မွာ Single သမားေတြဟာ သူငယ္ခ်င္းနဲ႔ ေဆြမ်ိဳးေတြကို ပိုမို ေထာက္ပံ့ေပးကမ္းမႈေတြရွိၿပီး လူခ်စ္လူခင္ ပိုတယ္လုိ႔ ေရးသားထားတာ ေတြ႔ရပါတယ္။

(၅) Single သမားေတြဟာ အခ်ိန္ပိုရရွိတတ္ၿပီး စံုတြဲေတြထက္ အခိ်န္ကို အက်ိဳးရွိေအာင္ ပိုသံုးတတ္ၾကတယ္ – စိတ္ပညာရွင္ Amy Morinရဲ႕ အဆိုအရ စိတ္က်န္းမာေရးပုိင္းမွာ Singleသမားေတြက စံုတြဲရွိသူေတြထက္ ပိုမို စိတ္ခုိင္ ေပ်ာ္ရႊင္ေအာင္ ေနတတ္တယ္လုိ႔ ဆိုပါတယ္။ တကုိယ္ေရသမားေတြမွာ အခ်ိန္ပိုေတြရွိၾကတယ္၊ ဒါေပမယ့္ သူတို႔ဟာ အဲဒီ အခ်ိန္ပိုေတြနဲ႔ သူတို႔ ဘ၀ကို ပိုေကာင္းေအာင္ ဖန္တီးေလ့ရွိတယ္လုိ႔ ဆိုပါတယ္။ အျခား ေလ့လာခ်က္ တစ္ခုမွာလည္း တကိုယ္ေရ အေတြးနဲ႔ ေနထိုင္ လုပ္ေဆာင္မႈဟာ ပိုမို ေကာင္းမြန္တဲ့ ဖန္တီးမႈေတြကို လုပ္ေဆာင္ႏုိင္ၾကတယ္လုိ႔ ေတြ႔လာရတာပဲ ျဖစ္ပါတယ္။

By – KKS / MUNA
Ref; businessinsider.com

(Unicode)

မတ် ၂၀

လူပျို၊ အပျိုကြီးတွေ အတွက်ကတော့ အခု ဆောင်းပါးလေး ဖတ်ပြီး လက်မ ရဲရဲထောင်လို့ ရပါပြီ။ Singleသမားတွေမှာ Couple တွေ မရနိုင်တဲ့ အားသာချက်တွေ ရှိပါတယ်။ အဲဒါတွေက …

(၁) Singleသမားတွေဟာ ပေါင်းသင်းဆက်ဆံရေးပိုမို ကောင်းမွန်ပြေပြစ်တယ် – ဟုတ်ပါတယ်၊ သူတို့ဟာ တခြား ချစ်သူတွေနဲ့ စုံတွဲတွေထက်ရော မင်္ဂလာဆောင်ပြီး လင်မယားတွေထက်ပါ ပေါင်းသင်းဆက်ဆံရေး အပိုင်းမှာပိုမို အားကောင်းကြပါတယ်။ အဓိက အကြောင်းအရင်းကတော့ ကိုယ်ပိုင်အချိန်ရှိမှုနဲ့ အတူ မိမိရဲ့ သူငယ်ချင်း မိတ်ဆွေတွေကို အချိန်ပိုပေးနိုင်တာကြောင့် အပေါင်းအသင်းတွေရဲ့ အလေးထား ချစ်ခင်မှုကို ပိုမို ရရှိတာ ဖြစ်ပါတယ်။

(၂) Single သမားတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာလည်း ပိုမို ကျန်းမာကောင်းမွန်ကြတယ် – လေ့လာချက်တွေ အရတော့ အသက် ၁၈နှစ်ကနေ ၆၄နှစ် အတွင်း Singleသမားပေါင်း ၁၃၀၀၀ ခန့်ကို လေ့လာကြည့်ရာမှာ တကိုယ်ရေ သမားတွေဟာ စုံတွဲရှိသူတွေထက် အားကစားလေ့ကျင့်ခန်းချိန် ပိုမို ပေးခြင်း၊ ကျန်းမာအောင် နေထိုင်ခြင်းတွေ တွေ့ရသလို ၂၀၁၅ ခုနှစ် အတွင်းက Social Science and Medicineဂျာနယ်မှာ ဖော်ပြချက်မှာလည်း ဥရောပက လူဦးရေ ၄၅၀၀ အပေါ်မှာ လေ့လာချက်တွေအရ Single သမားတွေဟာ ကိုယ်အလေးချိန်မှာရော ကျန်းမာမှုမှာပါ ပိုမို ကောင်းမွန်တာေ တွ့ရပါတယ်။

(၃) Single ဟာ အခြားသူတွေထက် ပိုမို သာလွန်တဲ့ လေ့လာတတ်မြောက်မှုတွေ ရှိကြတယ် – National Survey of Families and Householdsရဲ့ လေ့လာချက်တွေအရ Singleသမား ၁၀၀၀နဲ့ စုံတွဲ ၃၀၀၀အကြား လေ့လာချက်မှာကိုပဲ တကိုယ်ရေ သမားတွေဟာ ဘဝတိုးတက်မှုပိုင်းဆိုင်ရာမှာ အလေးပေးကြတာ တွေ့ရပါတယ်။ အဖွဲ့အစည်းက လေ့လာချက်မှာ အဓိက မေးခွန်းနှစ်ခုကို စစ်ဆေးသွားပြီး Singleသမားတွေက အဆိုပါ မေးခွန်းနှစ်ခုလုံးကို လက်ခံ နှစ်သက်ကြတာပါ။ အဆိုပါ မေးခွန်းတွေကတော့ (၁) ဘဝဆိုတာ လေ့လာဖို့၊ ပြောင်းလဲဖို့၊ တိုးတက်အောင် ကြံစည်ဖို့ ဖြစ်တယ် (၂) ကျွန်တော်တို့ဟာ ကမ္ဘာအတွက် အသုံးဝင်အောင်၊ ပြောင်းလဲ တိုးတက်နိုင်အောင် လုပ်ဆောင်သင့်တဲ့သူတွေ ဖြစ်တယ်ဆိုတဲ့ အချက်တွေကို Singleသမားတွေက ပိုမို လက်ခံကြသလို ကြိုးစားလုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

(၄) Single အမျိုးသားတွေဟာ သဘောထားကြီးကြတယ်၊ ဒါပေမယ့် လက်ထပ်ပြီး ဒါမှမဟုတ် ချစ်သူရပြီးရင် သဘေားထားသေးလာတတ်တယ် – DePaulo ဆိုတဲ့ လေ့လာသူ တစ်ဦးက အမေရိကန်မှာ ၁၉၈၇-၈၈ခုနှစ်ကနေ နောက်ပိုင်း ၅နှစ် ကာလလောက်ထိအောင် အမျိုးသားတွေရဲ့ သူတို့ရဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပတ်သတ်ပြီး ငွေသုံးစွဲမှုရော ဆွေးမျိုးတွေဆီကို ထောက်ပံ့မှုတွေကိုပါ လေ့လာ မှတ်တမ်းတင်ခဲ့ရာမှာ ပထမဆုံး အိမ်ထောင်ကျသွားတာနဲ့ ပျမ်းမျှ ဒေါ်လာ ၁၈၇၅လောက်ပဲ အသုံးပြု ထောက်ပံ့တော့တာ တွေ့ရပြီး ဒီပမာဏက အခြားသူတွေဲ့ အသုံးနှုန်းထက် လျော့နည်းတာလည်း ဖြစ်သလို ကွာရှင်းမှု တစ်ခုခု ရှိခဲ့သူတွေကတော့ အဆိုပါနှုန်းထက် ပိုပြီး ပြန်လည် အသုံးပြုလာတာ တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ နောက်တကြိမ် ပြန်လည် အိမ်ထောင်ပြုလိုက်ချိန်မှာတော့ ဝင်ငွေကို သူငယ်ချင်းနဲ့ ဆွေမျိုးတွေ အတွက် အသုံးပြုမှု ပြန်နည်းသွားတာလည်း တွေ့ရပါတယ်။ ဒီလိုနဲ့ DePaul က Singled Out စာအုပ်မှာ Single သမားတွေဟာ သူငယ်ချင်းနဲ့ ဆွေမျိုးတွေကို ပိုမို ထောက်ပံ့ပေးကမ်းမှုတွေရှိပြီး လူချစ်လူခင် ပိုတယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။

(၅) Single သမားတွေဟာ အချိန်ပိုရရှိတတ်ပြီး စုံတွဲတွေထက် အချိန်ကို အကျိုးရှိအောင် ပိုသုံးတတ်ကြတယ် – စိတ်ပညာရှင် Amy Morinရဲ့ အဆိုအရ စိတ်ကျန်းမာရေးပိုင်းမှာ Singleသမားတွေက စုံတွဲရှိသူတွေထက် ပိုမို စိတ်ခိုင် ပျော်ရွှင်အောင် နေတတ်တယ်လို့ ဆိုပါတယ်။ တကိုယ်ရေသမားတွေမှာ အချိန်ပိုတွေရှိကြတယ်၊ ဒါပေမယ့် သူတို့ဟာ အဲဒီ အချိန်ပိုတွေနဲ့ သူတို့ ဘဝကို ပိုကောင်းအောင် ဖန်တီးလေ့ရှိတယ်လို့ ဆိုပါတယ်။ အခြား လေ့လာချက် တစ်ခုမှာလည်း တကိုယ်ရေ အတွေးနဲ့ နေထိုင် လုပ်ဆောင်မှုဟာ ပိုမို ကောင်းမွန်တဲ့ ဖန်တီးမှုတွေကို လုပ်ဆောင်နိုင်ကြတယ်လို့ တွေ့လာရတာပဲ ဖြစ်ပါတယ်။

By – KKS / MUNA
Ref; businessinsider.com

 

Comments

comments

You May Also Like