ခ်န္ပီယံလိဂ္ကြာတား ပထမအေက်ာ့မွာ ဘာစီနဲ႔လီပါပူးတို႕ အႏိုင္ရ | Myanmar News Agency

ခ်န္ပီယံလိဂ္ကြာတား ပထမအေက်ာ့မွာ ဘာစီနဲ႔လီပါပူးတို႕ အႏိုင္ရ

ဧၿပီ ၅

ဒီေန႔မကနက္အေစာပိုင္းက ယွဥ္ၿပိဳင္ခဲ႔ၾကတဲ႔ ယူအီးအဖ္ေအ ခ်န္ပီယံလိဂ္ကြာတား ပထမအေက်ာ့ပြဲစဥ္မွာ ဘာစီလိုနာအသင္းနဲ႔ လီပါပူးအသင္းတို႕ သံုးဂိုးျပတ္စီနဲ႔ အသီးသီး အႏိုင္ရခဲ႔ၾကပါတယ္။

ခ်န္ပီယံလိဂ္သမိုင္းအစဥ္အလာႀကီးမားတဲ႔ လီပါပူးအသင္းကေတာ့ မန္စီတီးအသင္းကို အိမ္ကြင္းမွာ ၃ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရခဲ႔ပါတယ္။
လီပါပူးအသင္းအတြက္ သြင္းဂိုးေတြကို ပြဲခ်ိန္ ၁၂မိနစ္မွာ ဆာလာ၊ ၂၁မိနစ္မွာ ခ်န္ဘာလိန္နဲ႕ ၃၁မိနစ္မွာ မာနီ တို႔ သြင္းယူခဲ႔ၾကတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းက အိမ္ကြင္းမွာ ရိုးမားအသင္းကို ၄ဂိုး ၁ဂိုးနဲ႔ အႏိုင္ရခဲ႔ပါတယ္။
အသင္းအတြက္ ဂိုးေတြကို ပြဲခ်ိန္ ၅၉မိနစ္မွာ ပီေကးနဲ႔ ၈၇ မိနစ္မွာ ဆြာရက္ဇ္တို႔က ၁ဂိုးစီသြင္းယူခဲ႔တာျဖစ္ၿပီး ၂ဂိုးကေတာ့ ရိုးမားအသင္းသားေတြ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ႔တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ ကြာတား ပထမအေက်ာ့ ကစားအၿပီးမွာ ဘိုင္ယန္ျမဴးနစ္အသင္းက ဆီဗီလာအသင္းကို ၂ဂိုး ၁ဂိုး၊ ရီရဲလ္အသင္းက ဂ်ဴဗင္တပ္အသင္းကို ၃ဂိုး ဂိုးမရွိ၊ လီပါပူးအသင္းက မန္စီတီးအသင္းကို ၃ဂိုး ဂိုးမရွိ၊ ဘာစီအသင္းက ရိုးမားအသင္းကို ၄ဂိုး ၁ဂိုးနဲ႔ အသီးသီး အႏိုင္ရခဲ႔ၾကပါတယ္။

ခ်န္ပီယံလိဂ္ကြာတား ဒုတိယအေက်ာ့ကို လာမယ့္ ဧၿပီ၁၀ရက္ေန႔မွာ မန္စီတီး နဲ႔ လီပါပူး၊ ရိုးမား နဲ႔ ဘာစီလိုနာ တို႔ ကစားၾကမွာျဖစ္ၿပီး ၁၁ရက္ေန႔မွာ ဘိုင္ယန္ျမဴးနစ္ နဲ႔ ဆီဗီလာ၊ ရီရဲလ္မက္ဒရစ္ နဲ႔ ဂ်ဴဗင္တပ္ တို႔ ကစားၾကမွာျဖစ္ပါတယ္။

MUNA
Photo – UEFA Champions League

(Unicode)

ဧပြီ ၅

ဒီနေ့မကနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့ကြတဲ့ ယူအီးအဖ်အေ ချန်ပီယံလိဂ်ကွာတား ပထမအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းနဲ့ လီပါပူးအသင်းတို့ သုံးဂိုးပြတ်စီနဲ့ အသီးသီး အနိုင်ရခဲ့ကြပါတယ်။

ချန်ပီယံလိဂ်သမိုင်းအစဉ်အလာကြီးမားတဲ့ လီပါပူးအသင်းကတော့ မန်စီတီးအသင်းကို အိမ်ကွင်းမှာ ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
လီပါပူးအသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန် ၁၂မိနစ်မှာ ဆာလာ၊ ၂၁မိနစ်မှာ ချန်ဘာလိန်နဲ့ ၃၁မိနစ်မှာ မာနီ တို့ သွင်းယူခဲ့ကြတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက အိမ်ကွင်းမှာ ရိုးမားအသင်းကို ၄ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အသင်းအတွက် ဂိုးတွေကို ပွဲချိန် ၅၉မိနစ်မှာ ပီကေးနဲ့ ၈၇ မိနစ်မှာ ဆွာရက်ဇ်တို့က ၁ဂိုးစီသွင်းယူခဲ့တာဖြစ်ပြီး ၂ဂိုးကတော့ ရိုးမားအသင်းသားတွေ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ကွာတား ပထမအကျော့ ကစားအပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းက ဆီဗီလာအသင်းကို ၂ဂိုး ၁ဂိုး၊ ရီရဲလ်အသင်းက ဂျူဗင်တပ်အသင်းကို ၃ဂိုး ဂိုးမရှိ၊ လီပါပူးအသင်းက မန်စီတီးအသင်းကို ၃ဂိုး ဂိုးမရှိ၊ ဘာစီအသင်းက ရိုးမားအသင်းကို ၄ဂိုး ၁ဂိုးနဲ့ အသီးသီး အနိုင်ရခဲ့ကြပါတယ်။

ချန်ပီယံလိဂ်ကွာတား ဒုတိယအကျော့ကို လာမယ့် ဧပြီ၁၀ရက်နေ့မှာ မန်စီတီး နဲ့ လီပါပူး၊ ရိုးမား နဲ့ ဘာစီလိုနာ တို့ ကစားကြမှာဖြစ်ပြီး ၁၁ရက်နေ့မှာ ဘိုင်ယန်မြူးနစ် နဲ့ ဆီဗီလာ၊ ရီရဲလ်မက်ဒရစ် နဲ့ ဂျူဗင်တပ် တို့ ကစားကြမှာဖြစ်ပါတယ်။

MUNA
Photo – UEFA Champions League

 

Comments

comments

You May Also Like