ဂျက်‌စတင်‌ဘီဘာနဲ့ ဆယ်‌လီနာဂိုးမက်‌တို့ ချစ်‌သူနှစ်‌ဦး ဆယ်‌လီနာ့မိခင်‌‌ကြောင့်‌ ထပ်‌မံလမ်းခွဲ | Myanmar News Agency

ဂျက်‌စတင်‌ဘီဘာနဲ့ ဆယ်‌လီနာဂိုးမက်‌တို့ ချစ်‌သူနှစ်‌ဦး ဆယ်‌လီနာ့မိခင်‌‌ကြောင့်‌ ထပ်‌မံလမ်းခွဲ

ဧပြီ ၉






By – ‌ထော်‌‌ထော်‌ / MUNA
Source – NineEntertain

(Unicode)

ဧပြီ ၉

၂၀၁၀ ပြည်‌့နှစ်‌မှ စတင်‌ပြီး ရန်‌ဖြစ်‌လိုက်‌ ပြန်‌ချစ်‌လိုက်‌၊ လက်‌တွဲလိုက်‌ လမ်‌းခွဲလိုက်‌ ဖြစ်‌‌နေကျဖြစ်‌တဲ့ ဂျက်‌စတင်‌ဘီဘာနဲ့ ဆယ်လီနာဂိုးမက်‌တို့ ချစ်‌သူနှစ်‌ဦးဟာ ၂၀၁၇ ခုနစ်‌၊ ‌အောက်‌တိုဘာလအတွင်‌းမှာ ပြန်‌လည်‌လက်‌တွဲရာက‌နေ ယခုအခါမှာလည်‌း ဆယ်‌လီနာ့မိခင်‌‌ရဲ့ သ‌ဘောမတူခဲ့ရခြင်‌း‌ကြောင်‌့ ထပ်‌မံလမ်‌းခွဲကြရပြန်‌ပါတယ်‌။

ဆယ်‌လီနာဟာ ‌R&B ‌တေးသံရှင်‌ The Weeknd နဲ့ လမ်‌းခွဲပြီး‌နောက်‌ပိုင်‌း ‌ကျောက်‌ကပ်‌အစားထိုး ကုသမှု ခံယူခဲ့ပြီး ကျန်‌းမာ‌ရေး ‌ကောင်‌းမွန်‌လာပြီးတဲ့‌နောက်‌ ၂၀၁၇ ခုနစ်‌၊ ‌အောက်‌တိုဘာလအတွင်‌းမှာ ဂျက်‌စတင်‌ဘီဘာနဲ့ ပြန်‌လည်‌လက်‌တွဲခဲ့ပါတယ်‌။ သို့‌ပေမယ်‌့လည်‌း ဂျက်‌စတင်‌ဘီဘာ့အ‌ပေါ် အယုံအကြည်‌ မရှိသလို လက်‌ခံလို့လည်‌း မရ‌သေးတဲ့ ဆယ်‌လီနာ့မိခင်‌က သမီးဖြစ်‌သူကို တားမြစ်‌ခဲ့‌ပေမယ်‌့လည်‌း ဆယ်‌လီဘက်‌က‌တော့ ‌ခေါင်‌းမာစွာနဲ့ပဲ ဆက်‌လက်‌ လက်‌တွဲခဲ့ပါတယ်‌။

ဒါ‌ကြောင‌့်‌လည်‌း မိခင်‌ဖြစ်‌သူဟာ ဆယ်‌လီနာ့ကို အင်‌စတာဂရမ်‌က‌နေ Unfollow လုပ်‌ပြီး ဆယ်‌နာလီဘက်‌ကလည်‌း မိခင်‌ဖြစ်‌သူကို ပြန်‌ပြီး Unfollow ခဲ့ပါတယ်‌။ ဒီလိုနဲ့ပဲ သမီးဖြစ်‌သူရဲ့ စိတ်‌‌ကြောင်‌့ပဲ ဆယ်‌လီနာ့မိခင်‌ဟာ ‌ဆေးရုံတက်‌လိုက်‌ရတဲ့အထိ ‌ဝေဒနာ ခံစားလိုက်‌ရတဲ့အခါ ဆယ်‌လီနာအ‌နေနဲ့ မိခင်‌နဲ့ ချစ်‌သူနှစ်‌ဦးကြား ဗျာများ‌စေခဲ့ပါတယ်‌။

ဆယ်‌လီနာဟာ ‌ဖေ‌ဖော်‌ရီလ ၁၈ ရက်‌‌နေ့မှာ ကျင်‌းပတဲ့ ဂျက်‌စတင်‌ဘီဘာရဲ့ အ‌ဖေမင်္ဂလာ‌ဆောင်‌မှာ ချစ်‌သူနှစ်‌ဦး အတူတူ တက်‌‌ရောက်‌ခဲ့ကြရာက‌နေ မတ်‌လအ‌စောပိုင်‌း‌ရောက်‌‌တော့ ဆယ်‌လီနာ့မိခင်‌ရဲ့ ဆန္ဒကို လိုက်‌‌လျောပြီး နှစ်‌ဦးသ‌ဘောတူ လမ်‌းခွဲပြတ်‌ဆဲကြဖို့ ဖြစ်‌‌ပေါ်လာခဲ့ပါတယ်‌။

သူတို့နှစ်‌ဦးစလုံးအဖို့ ဆယ်‌လီနာ့မိခင်‌မှ ဂျက်‌စတင်‌ဘီဘာအ‌ပေါ် နာလည်‌လက်‌ခံလာတဲ့ အချိန်‌ကျမှ ပြန်‌လည်လက်‌တွဲလာ‌နိုင်‌လိမ်‌့မယ်‌လို့ မီဒီယာများမှ ခန်‌့မှန်‌းထားကြပြီး ယခု‌လော‌လောဆယ်‌ အချိန်‌မှာ‌တော့ နှစ်‌ဦးစလုံး အသစ်‌ရ‌နေကြပြီး ဆိုပြီး‌တော့လည်‌း သတင်‌းများ ထွက်‌‌ပေါ်လျက်‌ရှိ‌ကြောင်‌း သိရှိရပါတယ်‌။

By – ‌ထော်‌‌ထော်‌ / MUNA
Source – NineEntertain

 

 

Comments

comments

You May Also Like