ကန္႔ဘလူၿမိဳ႕နယ္တြင္ အရွိန္လြန္ယာဥ္တိမ္းေမွာက္ (၂)ဦးေသ (၃)ဦးဒဏ္ရာရ | Myanmar News Agency

ကန္႔ဘလူၿမိဳ႕နယ္တြင္ အရွိန္လြန္ယာဥ္တိမ္းေမွာက္ (၂)ဦးေသ (၃)ဦးဒဏ္ရာရ

ေမ ၁၈

စစ္ကိုင္းတိုင္းေဒသႀကီး ကန္႔ဘလူၿမိဳ႕နယ္တြင္ အရွိန္လြန္ယာဥ္တစ္စီး တိမ္းေမွာက္မႈျဖစ္ပြားရာ လူႏွစ္ဦးေသဆံုးခဲ႔ၿပီး သံုးဦးဒဏ္ရာရခဲ႔ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္သည္။

ျဖစ္စဥ္မွာ ၂၀၁၈ ခုႏွစ္၊ ေမလ ၁၆ ရက္ေန႔ မြန္းလြဲ ၂ နာရီအခ်ိန္ ကန႔္ဘလူ ၿမိဳ႕နယ္၊ ကန႔္ဘလူ-ေမွာ္ေတာ္ေက်း႐ြာသြား မူးေဘာင္ေျမသားလမ္း၊ မိုင္တိုင္အမွတ္(၂၇)ႏွင့္ (၂၈) ၾကားတြင္ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားေၾကာင္း သတင္းအရ ကန႔္ဘလူၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္ မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာ ထြန္းလင္းဦး(ခ)ေတာင္တြင္း(၂၅)ႏွစ္ေမာင္း ႏွင္ၿပီး အုတ္မ်ားတင္ေဆာင္လာသည့္ SSG O/××× NISSAN (၆)ဘီးယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ယာဘက္သို႔ ထိုးက်တိမ္းေမွာက္ခဲ့သျဖင့္ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ ကြၽန္းလွ ၿမိဳ႕နယ္၊ တပ္ကုန္းေက်း႐ြာေန မေဝေဝေအာင္(၁၇)ႏွစ္ႏွင့္ မစိုးစိုးေ႐ႊ(၂၃)ႏွစ္တို႔တြင္ ဒဏ္ရာမ်ား ရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားၿပီး ကြၽန္းလွၿမိဳ႕၊ ပ်ဥ္းမၿမိဳင္ရပ္ကြက္ေန မသန္းသန္းစိုး (၁၄)ႏွစ္ အပါအဝင္ သံုးဦးတို႔တြင္ ဒဏ္ရာမ်ားအသီးသီး ရရွိခဲ့သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ထြန္းလင္းဦး(ခ)ေတာင္တြင္း အား ကန႔္ဘလူၿမိဳ႕မရဲစခန္းယာဥ္(ပ)၂၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၃၃၇/၂၀၂ ျဖင့္ အေရးယူထားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ျခင္းျဖစ္သည္။

MUNA
ဓါတ္ပံု – ရဲတပ္ဖြဲ႕

(Unicode)

မေ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အရှိန်လွန်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ လူနှစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မေလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ကန့်ဘလူ မြို့နယ်၊ ကန့်ဘလူ-မှော်တော်ကျေးရွာသွား မူးဘောင်မြေသားလမ်း၊ မိုင်တိုင်အမှတ်(၂၇)နှင့် (၂၈) ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ကန့်ဘလူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ထွန်းလင်းဦး(ခ)တောင်တွင်း(၂၅)နှစ်မောင်း နှင်ပြီး အုတ်များတင်ဆောင်လာသည့် SSG O/××× NISSAN (၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျွန်းလှ မြို့နယ်၊ တပ်ကုန်းကျေးရွာနေ မဝေဝေအောင်(၁၇)နှစ်နှင့် မစိုးစိုးရွှေ(၂၃)နှစ်တို့တွင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်နေ မသန်းသန်းစိုး (၁၄)နှစ် အပါအဝင် သုံးဦးတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ထွန်းလင်းဦး(ခ)တောင်တွင်း အား ကန့်ဘလူမြို့မရဲစခန်းယာဉ်(ပ)၂၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၀၂ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

MUNA
ဓါတ်ပုံ – ရဲတပ်ဖွဲ့

Comments

comments

You May Also Like