ဂ်ပန္ဘုန္းႀကီးကုိ အလုပ္ပုိလုပ္ခုိင္းမႈျဖင့္ ေလ်ာ္ေၾကး ယန္း ၈.၆ သန္း ရလုိေၾကာင္း ဘုရားေက်ာင္းကုိ တရားစြဲ | Myanmar News Agency

ဂ်ပန္ဘုန္းႀကီးကုိ အလုပ္ပုိလုပ္ခုိင္းမႈျဖင့္ ေလ်ာ္ေၾကး ယန္း ၈.၆ သန္း ရလုိေၾကာင္း ဘုရားေက်ာင္းကုိ တရားစြဲ

တုိက်ဳိ ေမ (၁၇)

ဂ်ပန္ဘုန္းေတာ္ႀကီးတစ္ပါးက ဘုရားေက်ာင္းက သူ႔ကုိအလုပ္အလြန္အက်ဴ း လုပ္ေစခုိင္း၍ စိတ္ဓာတ္က်ဆင္းရျပီး လာေရာက္လည္ပတ္ၾကသူမ်ား လုိအပ္ခ်က္မ်ားကုိ မနားမေန ျဖည့္ဆည္းေပးရသျဖင့္ အလုပ္ဝန္ပိေစမႈျဖင့္ ဘုရားေက်ာင္းကုိ တရားစြဲခဲ႔သည္။

ဂ်ပန္ႏိုင္ငံ၏ ရွားပါး ဗုဒၶအေမြအႏွစ္တစ္ခုျဖစ္သည့္ ကမၻာ့ေရွးေဟာင္းအေမြအႏွစ္စာရင္းဝင္ ကုိရာဆန္ေဒသ ကုိရာေတာင္မွ ဘုရားေက်ာင္းတစ္ခုကုိ ဂ်ပန္ယန္း ေငြ ၈.၆ သန္း နစ္နာေၾကးရလုိမႈျဖင့္ တရားစြဲခဲ႔သည္။

တရားလုိဘုန္းႀကိီးသည္ ၂၀၀၈ မွစ၍ ယင္းဘုရားေက်ာင္းတြင္ အလုပ္လုပ္ခဲ့ၿပီး ၂၀၁၅ ဝန္းက်င္တြင္ စိတ္ဖိစီးမႈ ျဖစ္လာသည္ဟု သူ၏ ေရွ႕ေန နုိရီတာကီမွ ေျပာၾကားသည္။

“ဘုန္းႀကီးတစ္ပါးအေနနဲ႔ အလုပ္လုပ္တာဆုိေတာ့ အလုပ္ခ်ိန္ ကန္႔သတ္ခ်က္မရွိ ေတာ္ေတာ္မ်ားမ်ား ေန႔ရက္ေတြမွာ လုပ္ရတယ္။ အလုပ္သမားခန္႔ေပးဖုိ႔ ေျပာေတာ႔ လည္း ဒါက ဘာသာေရးသင္တန္းတစ္ခုျဖစ္တယ္ လုိ႔ ေျပာတယ္။ ဒါသင္တန္းဆုိရင္ သိသိသာသာ ခက္ခဲမႈျဖစ္ရတဲ႔အခါ သည္းခံရမယ္ေလလုိ႔ သူတုိ႔ကေျပာပါတယ္။ က်ေနာ္တုိ႔ ဒီအမႈကုိ ရင္ဆုိင္တဲ့အခါ ဒီသေဘာထား အယူအဆက ေခတ္မမွီေတာ့ဘူးဆုိတာ ေလ်ာက္လဲခ်က္တင္မယ္” ဟု ေရွ႕ေန နုိရီတာကီမွ ေျပာၾကားသည္။

ေရွ႕ေနက သူ၏ အမႈသည္ႏွင့္ ဘုရာေက်ာင္းတုိ႔၏ အမည္မ်ားကုိ ထုတ္ေဖာ္မေျပာၾကားခဲ႔ေပ။

အဆုိပါအမႈတြင္ ဘုန္းႀကီးကုိ ဘာသာေရးလုပ္ငန္းမ်ားအျပင္ အျခားလုပ္ငန္းေဆာင္တာမ်ား အတင္းအၾကပ္ခုိင္းေစခဲ႔သည္မွာ ႏွစ္လ ဆက္တုိက္ျဖစ္သည္ဟု ေရွွ႕ေနကရွင္းျပသည္။

၂၀၁၅ တြင္ ကုိယာဆန္ေဒသ ႏွစ္ ၁၂၀၀ ျပည့္အထိမ္းအမွတ္ပြဲေတာ္ က်င္းပခဲ႔စဥ္ကလည္း လာေရာက္ၾကသူ ခရီးသည္မ်ားကုိ ၆၄ ရက္ဆက္တုိက္ လုိအပ္သည္မ်ား လုပ္ေဆာင္ေပးခဲ႔ရေၾကာင္း အခ်ဳိ႕ရက္မ်ားတြင္ ဘုရားေက်ာင္း လုပ္ငန္းေဆာင္တာ အမ်ဳိးမ်ဳိးအတြက္ အလုပ္ခ်္ိန္ ၁၇ နာရီီထိ ရွိခဲ႔ေၾကာင္း ေရွွ႕ေန က ရွင္းျပသည္။

၂၀၁၇ တြင္ က်ဳိတုိျမိဳ႕၏ ထင္ရွားေသာ ဟီဂါရွီဟြန္ဂန္ဂ်ီဘုရားေက်ာင္းကလည္း အခ်ိန္ပုိအလုပ္ခုိင္းေစမႈ အတြက္ လုပ္ခေပးရန္ ပ်က္ကြက္မႈ အလုပ္ခြင္ အေႏွာင့္အယွက္ ျဖစ္ေစခဲ႔မႈအတြက္ လူသိရွင္ၾကား ေတာင္းပန္ခဲ႔ရသည္။

၂၀၁၇ တြင္ ၁၂ လတာအတြင္း ဂ်ပန္နုိင္ငံတြင္ အလုပ္အလြန္အက်ဴ းခုိင္းေစမႈ ၁၉၁မႈ ရွိခဲ႔ျပီး တစ္ပတ္အပုိခ်ိန္ နာရီ ၂၀ ေက်ာ္ခုိင္းေစမႈမွာ ဂ်ပန္အလုပ္သမား ၇% ရင္ဆုိင္ေနရသည္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇုိအာေဘး အစုိးရကလည္း အလုပ္ဝန္ပိေစသည့္ ခုိင္းေစမႈျပသနာမ်ား ကုိင္တြယ္ေျဖရွင္းရန္ စတင္လုပ္ေဆာင္ေနသည္။

By – KSM / MUNA
Ref ; AFP

(Unicode)

တိုကျို မေ (၁၇)

ဂျပန်ဘုန်းတော်ကြီးတစ်ပါးက ဘုရားကျောင်းက သူ့ကိုအလုပ်အလွန်အကျူ း လုပ်စေခိုင်း၍ စိတ်ဓာတ်ကျဆင်းရပြီး လာရောက်လည်ပတ်ကြသူများ လိုအပ်ချက်များကို မနားမနေ ဖြည့်ဆည်းပေးရသဖြင့် အလုပ်ဝန်ပိစေမှုဖြင့် ဘုရားကျောင်းကို တရားစွဲခဲ့သည်။

ဂျပန်နိုင်ငံ၏ ရှားပါး ဗုဒ္ဓအမွေအနှစ်တစ်ခုဖြစ်သည့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ကိုရာဆန်ဒေသ ကိုရာတောင်မှ ဘုရားကျောင်းတစ်ခုကို ဂျပန်ယန်း ငွေ ၈.၆ သန်း နစ်နာကြေးရလိုမှုဖြင့် တရားစွဲခဲ့သည်။

တရားလိုဘုန်းကြီးသည် ၂၀၀၈ မှစ၍ ယင်းဘုရားကျောင်းတွင် အလုပ်လုပ်ခဲ့ပြီး ၂၀၁၅ ဝန်းကျင်တွင် စိတ်ဖိစီးမှု ဖြစ်လာသည်ဟု သူ၏ ရှေ့နေ နိုရီတာကီမှ ပြောကြားသည်။

“ဘုန်းကြီးတစ်ပါးအနေနဲ့ အလုပ်လုပ်တာဆိုတော့ အလုပ်ချိန် ကန့်သတ်ချက်မရှိ တော်တော်များများ နေ့ရက်တွေမှာ လုပ်ရတယ်။ အလုပ်သမားခန့်ပေးဖို့ ပြောတော့ လည်း ဒါက ဘာသာရေးသင်တန်းတစ်ခုဖြစ်တယ် လို့ ပြောတယ်။ ဒါသင်တန်းဆိုရင် သိသိသာသာ ခက်ခဲမှုဖြစ်ရတဲ့အခါ သည်းခံရမယ်လေလို့ သူတို့ကပြောပါတယ်။ ကျနော်တို့ ဒီအမှုကို ရင်ဆိုင်တဲ့အခါ ဒီသဘောထား အယူအဆက ခေတ်မမှီတော့ဘူးဆိုတာ လျောက်လဲချက်တင်မယ်” ဟု ရှေ့နေ နိုရီတာကီမှ ပြောကြားသည်။

ရှေ့နေက သူ၏ အမှုသည်နှင့် ဘုရာကျောင်းတို့၏ အမည်များကို ထုတ်ဖော်မပြောကြားခဲ့ပေ။

အဆိုပါအမှုတွင် ဘုန်းကြီးကို ဘာသာရေးလုပ်ငန်းများအပြင် အခြားလုပ်ငန်းဆောင်တာများ အတင်းအကြပ်ခိုင်းစေခဲ့သည်မှာ နှစ်လ ဆက်တိုက်ဖြစ်သည်ဟု ရှေှ့နေကရှင်းပြသည်။

၂၀၁၅ တွင် ကိုယာဆန်ဒေသ နှစ် ၁၂၀၀ ပြည့်အထိမ်းအမှတ်ပွဲတော် ကျင်းပခဲ့စဉ်ကလည်း လာရောက်ကြသူ ခရီးသည်များကို ၆၄ ရက်ဆက်တိုက် လိုအပ်သည်များ လုပ်ဆောင်ပေးခဲ့ရကြောင်း အချို့ရက်များတွင် ဘုရားကျောင်း လုပ်ငန်းဆောင်တာ အမျိုးမျိုးအတွက် အလုပ်ချိန် ၁၇ နာရီထိ ရှိခဲ့ကြောင်း ရှေှ့နေ က ရှင်းပြသည်။

၂၀၁၇ တွင် ကျိုတိုမြို့၏ ထင်ရှားသော ဟီဂါရှီဟွန်ဂန်ဂျီဘုရားကျောင်းကလည်း အချိန်ပိုအလုပ်ခိုင်းစေမှု အတွက် လုပ်ခပေးရန် ပျက်ကွက်မှု အလုပ်ခွင် အနှောင့်အယှက် ဖြစ်စေခဲ့မှုအတွက် လူသိရှင်ကြား တောင်းပန်ခဲ့ရသည်။

၂၀၁၇ တွင် ၁၂ လတာအတွင်း ဂျပန်နိုင်ငံတွင် အလုပ်အလွန်အကျူ းခိုင်းစေမှု ၁၉၁မှု ရှိခဲ့ပြီး တစ်ပတ်အပိုချိန် နာရီ ၂၀ ကျော်ခိုင်းစေမှုမှာ ဂျပန်အလုပ်သမား ၇% ရင်ဆိုင်နေရသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရကလည်း အလုပ်ဝန်ပိစေသည့် ခိုင်းစေမှုပြသနာများ ကိုင်တွယ်ဖြေရှင်းရန် စတင်လုပ်ဆောင်နေသည်။

By – KSM / MUNA
Ref ; AFP

Comments

comments

You May Also Like