ဒုတပ္ၾကပ္ႏုိင္လင္း၏ ထြက္ဆုိခ်က္မ်ား ဒုရဲမွဴးေဟာင္းမုိးရန္ႏုိင္ထြက္ဆုိခ်က္မ်ားႏွင့္ ကြဲလြဲေန

ရန္ကုန္ ေမ ၁၆

ရုိက္တာသတင္းသမားမ်ား၏ အမႈတြင္  ဒုတပ္ၾကပ္ႏုိင္လင္း၏ ထြက္ဆုိခ်က္မ်ားသည္ ဒုရဲမွဴးေဟာင္း မုိးရန္ႏုိင္၏ ထြက္ဆုိခ်က္မ်ားႏွင့္ ကြဲလြဲေနသည္ဟု တရာလႊတ္ေတာ္ ေရွ႕ေန ဦးသန္းေဇာ္ေအာင္က ေျပာသည္။

ႏိုင္ငံေတာ္အစုိးရလွ်ဳိ႕ဝွက္ခ်က္အက္ဥပေဒႏွင့္ တရားစြဲဆိုခံထားရေသာ ရိုက္တာသတင္းသမားမ်ားျဖစ္သည္႔ ကိုဝလုံးႏွင့္ ကိုေက်ာ္စုိးဦးတို႔ရုံးထုတ္ ၁၈ ႀကိမ္ေျမာက္ ကို ယေန႔ (ေမလ ၁၆ ရက္) တြင္  တရားလိုျပသက္ေသ ၂၅ ေယာက္ထဲမွ ဒုတပ္ၾကပ္ႏိုင္လင္းအား ရန္ကုန္ေျမာက္ပိုင္းခရိုင္တရားရုံး၌ တရားလိုျပသက္ေသအျဖစ္ ရုံးထုတ္စစ္ေဆးခဲ႔ျခင္း ျဖစ္သည္။

ရုိက္တာသတင္းေထာက္မ်ားႏွင့္  ေတြ႔ဆုံခ်ိန္တြင္ ဒုတပ္ၾကပ္ႏိုင္လင္းႏွင့္အတူ သတင္းရဲတပ္ဖြဲ႕မွ  အရာရွိတစ္ဦး ပါဝင္ခဲ႔သည္ဟု ဒုရဲမွဴးေဟာင္း  ဦးမိုးရန္နိုင္က ထြက္ဆုိခဲ႔ေသာ္လည္း   ဒုတပ္ၾကပ္ႏုိင္လင္းမွ သူ႔အျပင္ တျခားမည္သူမွ်မပါခဲ႔ဟု အႀကိမ္ႀကိမ္ဆန္႔က်င္ကြဲလြဲေနသည္ဟု တရာလႊတ္ေတာ္ေရွ႕ေန ဦးသန္းေဇာ္ေအာင္က ေျပာသည္။

 တရာလႊတ္ေတာ္ေရွ႕ေန ဦးသန္းေဇာ္ေအာင္က ”  ဒုရဲမွဴးမုိးရန္ႏုိင္က အရာရွိျဖစ္တဲ႔အတြက္ အမႈကိစၥကုိ ေသေသခ်ာခ်ာသိၿပီး ျပည္႔ျပည္႔စုံစုံထြက္ဆုိသြားႏုိင္ခဲ႔တယ္။ ဒါေပမယ္႔ ဒီေန႔ထြက္ဆုိသြားတဲ႔ ဒုတပ္ၾကပ္ႏုိင္လင္းကေတာ႔ ေတာ္ေတာ္မ်ားမ်ား ဘာမွမသိဘူး ထြက္ဆုိသြားတာေတြ႔ရတယ္။ ဒါေပမယ္႔ ဝလုံးတုိ႔အဖမ္းဆီးမခံရခင္ စားေသာက္ဆုိင္မွာ ေတြ႔ခဲ႔တယ္ဆုိတာကုိေတာ႔ ဝန္ခံထြက္ဆုိသြားတယ္။ ဒါေပမယ္႔ ဝလုံးတုိ႔နဲ႔ ေတြ႔ခဲ႔တဲ႔အခ်ိန္မွာ သူနဲ႔အတူတူ တျခားဘယ္သူမွ မပါဘူးလုိ႔ တစ္ႀကိမ္မက အႀကိမ္ႀကိမ္ျငင္းဆန္သြားတယ္။ ဝလုံးတုိ႔ကုိ စားေသာက္ဆုိင္ေခၚသြားတာက ဒုတပ္ၾကပ္ႏုိင္လင္းအျပင္  ေနာက္ စသုံးလုံးက အရာရွိတစ္ေယာက္ပါတယ္ဆုိတာ သိထားတယ္။ ဒါေပမယ္႔ ႏုိင္လင္းကေတာ႔ တျခား အရာရွိတေယာက္မပါဘူး၊ သူတစ္ေယာက္ထဲပဲပါတယ္လို႔ အႀကိမ္ႀကိမ္ေျပာဆုိၿပီး တရားခြင္ထဲမွာ ထြက္ဆုိသြားတယ္” ဟု ေျပာသည္။

ဒုတပ္ၾကပ္ႏိုင္လင္းသည္ ရုိက္တာသတင္းေထာက္ ႏွစ္ဦးကုိ မည္သည္႔တစုံတရာမွ် ေပးခဲ႔ျခင္းမရွိဟု တရားခြင္ထဲတြင္ ထြက္ဆုိခဲ႔ေသာ္လည္း ဒုရဲမွဴးေဟာင္း မိုးရန္ႏိုင္ကုိ တရားလိုျပသက္ေသအျဖစ္စစ္ေဆးခဲ႔ခ်ိန္က ဒုတပ္ၾကပ္ႏိုင္လင္းသည္ ႏိုင္ငံေတာ္ အစုိးရလွ်ဳိ႕ဝွက္စာရြက္စာတမ္းမ်ားေပးရန္ ေစခုိင္းခံခဲ႔ရသည္႔ ဒုတပ္ၾကပ္ တဦးျဖစ္သည္ဟု တရားခြင္ထဲမွာ ထြက္ဆိုထားသည္။

ႏွစ္တစ္ဝက္နီးပါးေလာက္ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရသည္႔ ရုိက္တာသတင္းေထာက္ ကုိဝလုံးက ” ႏုိင္လင္းထြက္ဆုိခ်က္ေတြဟာ အမွန္တရားနဲ႔လြဲၿပီး ထြက္ဆုိခဲ႔တာေၾကာင့္ ေတာ္ေတာ္ေလးကုိ စိတ္ပ်က္စရာေကာင္းပါတယ္။ က်ေနာ္တုိ႔နဲ႔ေတြ႔ခဲ႔ၿပီး အင္းဒင္ကိစၥေတြေမးသြားတယ္လို႔ ေျပာဆုိသြားတဲ႔ထြက္ဆုိခ်က္ေလာက္ပဲ မွန္ပါတယ္။ ေတြ႔ဆုံခဲ႔တဲ႔အေရအတြက္က ၄ ေယာက္ပါ၊ ႏုိင္လင္းအပါဝင္ သူတုိ႔ရဲတပ္ဖြဲ႔ကတစ္ေယာက္ က်ေနာ္နာမည္မသိပါဘူး။ က်ေနာ္နဲ႔ ကုိေက်ာ္စုိးဦးအပါဝင္ သူနဲ႔သုံးေယာက္ပဲေတြ႔တယ္လို႔ ထြက္ဆုိသြားခဲ႔တာက သူဟာ ေျဗာင္က်က်ကုိ လိမ္ၿပီးထြက္ဆုိသြားတယ္” ဟု ေျပာသည္။

သတင္းေထာက္ႏွစ္ဦးကိုစာ႐ြက္စာတမ္းေတြေပးရန္ ရဲမႉးခ်ဳပ္တင္ကိုကိုႏွင့္ ရဲခ်ဳပ္ေအာင္ဝင္းဦးတို႔က ဒုတပ္ၾကပ္ႏိုင္လင္းသုိ႔ ေပးခိုင္းခဲ႔ျခင္းေၾကာင့္ ၎တို႔ကိုသာ ႏိုင္ငံေတာ္လၽွိဳ႕ဝွက္ခ်က္ စာ႐ြက္စာတမ္းေတြေပးမႈႏွင့္ ၁၉၂၃ လၽွိဳ႕ဝွက္ခ်က္ဥပေဒႏွင့္ ျပန္လည္အေရးယူေပးရန္

ရဲစည္းကမ္းဥပေဒေဖာက္ဖ်က္မႈႏွင့္ ေထာင္ဒဏ္တစ္ႏွစ္ ခ်မွတ္ခံထားရသည္႔ ဒုရဲမွဴးေဟာင္းမိုးရန္ႏိုင္၏ ဇနီး ေဒၚတူးတူးက ျပည္ေထာင္စု ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕ ဥကၠဌ ဦးဥာဏ္ဝင္းတို႔ထံ ေမလ ၁၅ ရက္ေန႔က တိုင္ၾကားစာေပးပို႔ထားသည္။

By – ေရႊေက်ာင္းသား
MUNA

(Unicode)

ရန်ကုန် မေ ၁၆

ရိုက်တာသတင်းသမားများ၏ အမှုတွင်  ဒုတပ်ကြပ်နိုင်လင်း၏ ထွက်ဆိုချက်များသည် ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ ထွက်ဆိုချက်များနှင့် ကွဲလွဲနေသည်ဟု တရာလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနှင့် တရားစွဲဆိုခံထားရသော ရိုက်တာသတင်းသမားများဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ရုံးထုတ် ၁၈ ကြိမ်မြောက် ကို ယနေ့ (မေလ ၁၆ ရက်) တွင်  တရားလိုပြသက်သေ ၂၅ ယောက်ထဲမှ ဒုတပ်ကြပ်နိုင်လင်းအား ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ တရားလိုပြသက်သေအဖြစ် ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ရိုက်တာသတင်းထောက်များနှင့်  တွေ့ဆုံချိန်တွင် ဒုတပ်ကြပ်နိုင်လင်းနှင့်အတူ သတင်းရဲတပ်ဖွဲ့မှ  အရာရှိတစ်ဦး ပါဝင်ခဲ့သည်ဟု ဒုရဲမှူးဟောင်း  ဦးမိုးရန်နိုင်က ထွက်ဆိုခဲ့သော်လည်း   ဒုတပ်ကြပ်နိုင်လင်းမှ သူ့အပြင် တခြားမည်သူမျှမပါခဲ့ဟု အကြိမ်ကြိမ်ဆန့်ကျင်ကွဲလွဲနေသည်ဟု တရာလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

 တရာလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ”  ဒုရဲမှူးမိုးရန်နိုင်က အရာရှိဖြစ်တဲ့အတွက် အမှုကိစ္စကို သေသေချာချာသိပြီး ပြည့်ပြည့်စုံစုံထွက်ဆိုသွားနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့ထွက်ဆိုသွားတဲ့ ဒုတပ်ကြပ်နိုင်လင်းကတော့ တော်တော်များများ ဘာမှမသိဘူး ထွက်ဆိုသွားတာတွေ့ရတယ်။ ဒါပေမယ့် ဝလုံးတို့အဖမ်းဆီးမခံရခင် စားသောက်ဆိုင်မှာ တွေ့ခဲ့တယ်ဆိုတာကိုတော့ ဝန်ခံထွက်ဆိုသွားတယ်။ ဒါပေမယ့် ဝလုံးတို့နဲ့ တွေ့ခဲ့တဲ့အချိန်မှာ သူနဲ့အတူတူ တခြားဘယ်သူမှ မပါဘူးလို့ တစ်ကြိမ်မက အကြိမ်ကြိမ်ငြင်းဆန်သွားတယ်။ ဝလုံးတို့ကို စားသောက်ဆိုင်ခေါ်သွားတာက ဒုတပ်ကြပ်နိုင်လင်းအပြင်  နောက် စသုံးလုံးက အရာရှိတစ်ယောက်ပါတယ်ဆိုတာ သိထားတယ်။ ဒါပေမယ့် နိုင်လင်းကတော့ တခြား အရာရှိတယောက်မပါဘူး၊ သူတစ်ယောက်ထဲပဲပါတယ်လို့ အကြိမ်ကြိမ်ပြောဆိုပြီး တရားခွင်ထဲမှာ ထွက်ဆိုသွားတယ်” ဟု ပြောသည်။

ဒုတပ်ကြပ်နိုင်လင်းသည် ရိုက်တာသတင်းထောက် နှစ်ဦးကို မည်သည့်တစုံတရာမျှ ပေးခဲ့ခြင်းမရှိဟု တရားခွင်ထဲတွင် ထွက်ဆိုခဲ့သော်လည်း ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို တရားလိုပြသက်သေအဖြစ်စစ်ဆေးခဲ့ချိန်က ဒုတပ်ကြပ်နိုင်လင်းသည် နိုင်ငံတော် အစိုးရလျှို့ဝှက်စာရွက်စာတမ်းများပေးရန် စေခိုင်းခံခဲ့ရသည့် ဒုတပ်ကြပ် တဦးဖြစ်သည်ဟု တရားခွင်ထဲမှာ ထွက်ဆိုထားသည်။

နှစ်တစ်ဝက်နီးပါးလောက် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးက ” နိုင်လင်းထွက်ဆိုချက်တွေဟာ အမှန်တရားနဲ့လွဲပြီး ထွက်ဆိုခဲ့တာကြောင့် တော်တော်လေးကို စိတ်ပျက်စရာကောင်းပါတယ်။ ကျနော်တို့နဲ့တွေ့ခဲ့ပြီး အင်းဒင်ကိစ္စတွေမေးသွားတယ်လို့ ပြောဆိုသွားတဲ့ထွက်ဆိုချက်လောက်ပဲ မှန်ပါတယ်။ တွေ့ဆုံခဲ့တဲ့အရေအတွက်က ၄ ယောက်ပါ၊ နိုင်လင်းအပါဝင် သူတို့ရဲတပ်ဖွဲ့ကတစ်ယောက် ကျနော်နာမည်မသိပါဘူး။ ကျနော်နဲ့ ကိုကျော်စိုးဦးအပါဝင် သူနဲ့သုံးယောက်ပဲတွေ့တယ်လို့ ထွက်ဆိုသွားခဲ့တာက သူဟာ ဗြောင်ကျကျကို လိမ်ပြီးထွက်ဆိုသွားတယ်” ဟု ပြောသည်။

သတင်းထောက်နှစ်ဦးကိုစာရွက်စာတမ်းတွေပေးရန် ရဲမှူးချုပ်တင်ကိုကိုနှင့် ရဲချုပ်အောင်ဝင်းဦးတို့က ဒုတပ်ကြပ်နိုင်လင်းသို့ ပေးခိုင်းခဲ့ခြင်းကြောင့် ၎င်းတို့ကိုသာ နိုင်ငံတော်လျှို့ဝှက်ချက် စာရွက်စာတမ်းတွေပေးမှုနှင့် ၁၉၂၃ လျှို့ဝှက်ချက်ဥပဒေနှင့် ပြန်လည်အရေးယူပေးရန်

ရဲစည်းကမ်းဥပဒေဖောက်ဖျက်မှုနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံထားရသည့် ဒုရဲမှူးဟောင်းမိုးရန်နိုင်၏ ဇနီး ဒေါ်တူးတူးက ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌ ဦးဉာဏ်ဝင်းတို့ထံ မေလ ၁၅ ရက်နေ့က တိုင်ကြားစာပေးပို့ထားသည်။

By – ရွှေကျောင်းသား
MUNA

Comments

comments

You May Also Like