သီ​ေပါမွာ တြဲကားနဲ႔ခရီးသည္တင္ကား တိုက္​မိတာေၾကာင့္ (၁)ဦး​ေသ (၇)ဦးဒဏ္​ရာရ | Myanmar News Agency

သီ​ေပါမွာ တြဲကားနဲ႔ခရီးသည္တင္ကား တိုက္​မိတာေၾကာင့္ (၁)ဦး​ေသ (၇)ဦးဒဏ္​ရာရ

သီ​ေပါ  ​ေမ ၁၇

႐ွမ္​းျပည္​နယ္​(​ေျမာက္​ပိုင္​း) သီ​ေပါၿမိဳ႕နယ္​ ကုန္​းသာရြာနဲ႔ စံ​ေလာင္​းရြာၾကား မိုင္​တိုင္​အမွတ္​ ၁၄၃/၃နဲ႔၄ ၾကားမွာ ဒီ​ေန႔မနက္​၇နာရီခ်ိန္​ခန္​႔က ခရီးသည္တင္ Express ကားနဲ႔(၁၂)ဘီးတြဲကားတိုက္​မႈျဖစ္​ပြားခဲ႔ကာ အမ်ိဳးသမီးတစ္​ဦး​ေသဆံုးၿပီး(၇)ဦးဒဏ္​ရာရ႐ွိခဲ့​တယ္လို႕ နယ္္စည္းမျခားပရဟိတ(သီေပါ) မွ သိရပါတယ္​။

“မနက္​ (၇)နာရီ​ေလာက္​က ဖုန္​းဆက္​အကူညီ​ေတာင္​းလို႔ သြားကူညီခဲ့တယ္​ဗ် ၊ အမ်ိဳးသမီးတစ္​ဦးက​ ေသဆံုးတယ္​ ပြင္​့ျဖဴနယ္​ဘက္​ကလို႔​ ေျပာတယ္​။ ဒဏ္​ရာရသူ(၇)ဦးကို သီ​ေပါ​ေဆးရံု ပို႔​ေပးခဲ့ပါတယ္​။ အဲ့ဒီထဲမွာတစ္​ႏွစ္​​ေက်ာ္​ ရင္​ခြင္​ပိုက္​က​ေလးတစ္​ဦးက နားထဲက​ေသြးထြက္​​ေနလို႔ လား႐ိႈး​ေဆးရံုကို ပို႔​ေပးခဲ့တယ္​ဗ် “လို႔ နယ္္စည္းမျခားပရဟိတ(သီေပါ) မွ ကိုမ်ိဳးက MUNA ကို​ ေျပာပါတယ္​။

ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး သီ​ေပါၿမိဳ႕မရဲတပ္​ဖြဲ႔စခန္​းကို ဆက္​သြယ္​​ေမးျမန္​းရာ တာဝန္​မွဴ း ရဲအုပ္​ထြန္​းလွခိုင္​က

“အမႈနဲ႔ပတ္​သက္​ၿပီး အခု​ေဆာင္​ရြက္​​ေနပါတယ္​ဗ် ၊ျဖစ္​စဥ္​အ​ေသးစိတ္​ကို ၿပီး​ေတာ့မွဆက္​သြယ္​ပါ “လို႔ဆိုပါတယ္​။

အဆိုပါျဖစ္​စဥ္​နဲပတ္​သက္​ၿပီးရဲလုပ္​ငန္​းစဥ္​မ်ားအတိုင္​းဆက္​လက္​အ​ေရးယူ​ေဆာင္​ရြက္​လ်က္​႐ွိ​တယ္လို႕ သိရပါတယ္​။

By – ျမတ္​ဟိန္​း​ေက်ာ္​(​ေကာ့မွဴ း)
MUNA

Photo – Shar Htat Paing

(Unicode)
သီပေါ  မေ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ကုန်းသာရွာနဲ့ စံလောင်းရွာကြား မိုင်တိုင်အမှတ် ၁၄၃/၃နဲ့၄ ကြားမှာ ဒီနေ့မနက်၇နာရီချိန်ခန့်က ခရီးသည်တင် Express ကားနဲ့(၁၂)ဘီးတွဲကားတိုက်မှုဖြစ်ပွားခဲ့ကာ အမျိုးသမီးတစ်ဦးသေဆုံးပြီး(၇)ဦးဒဏ်ရာရရှိခဲ့တယ်လို့ နယ်စည်းမခြားပရဟိတ(သီပေါ) မှ သိရပါတယ်။

“မနက် (၇)နာရီလောက်က ဖုန်းဆက်အကူညီတောင်းလို့ သွားကူညီခဲ့တယ်ဗျ ၊ အမျိုးသမီးတစ်ဦးက သေဆုံးတယ် ပွင့်ဖြူနယ်ဘက်ကလို့ ပြောတယ်။ ဒဏ်ရာရသူ(၇)ဦးကို သီပေါဆေးရုံ ပို့ပေးခဲ့ပါတယ်။ အဲ့ဒီထဲမှာတစ်နှစ်ကျော် ရင်ခွင်ပိုက်ကလေးတစ်ဦးက နားထဲကသွေးထွက်နေလို့ လားရှိုးဆေးရုံကို ပို့ပေးခဲ့တယ်ဗျ “လို့ နယ်စည်းမခြားပရဟိတ(သီပေါ) မှ ကိုမျိုးက MUNA ကို ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး သီပေါမြို့မရဲတပ်ဖွဲ့စခန်းကို ဆက်သွယ်မေးမြန်းရာ တာဝန်မှူ း ရဲအုပ်ထွန်းလှခိုင်က

“အမှုနဲ့ပတ်သက်ပြီး အခုဆောင်ရွက်နေပါတယ်ဗျ ၊ဖြစ်စဉ်အသေးစိတ်ကို ပြီးတော့မှဆက်သွယ်ပါ “လို့ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲပတ်သက်ပြီးရဲလုပ်ငန်းစဉ်များအတိုင်းဆက်လက်အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

By – မြတ်ဟိန်းကျော်(ကော့မှူ း)
MUNA

Photo – Shar Htat Paing

Comments

comments

You May Also Like