အဲေအး႐ွားရဲ႕ ျမန္မာအေျချပဳေလေၾကာင္းလိုင္းဖြင့္မဲ႔ အစီအစဥ္ပ်က္ျပယ္

ေမ ၁၆

အဲေအး႐ွားလုပ္ငန္းစုအေနနဲ႔ ျမန္မာအေျချပဳ အဲေအး႐ွား ေလေၾကာင္းလိုင္း တည္ေထာင္ဖြင့္လွစ္မယ့္ အစီအစဥ္အတြက္ မိတ္ဖက္နဲ႔ ေဆြးေႏြးမႈေတြ ရပ္တန္႔သြားၿပီလို႔ အဲေအး႐ွား လုပ္ငန္းစု၏ အမႈေဆာင္အရာ႐ွိခ်ဳပ္ ျဖစ္သူက အဂၤါေန႔(ေမ ၁၅)မွာ သတင္းေထာက္ေတြအား ေျပာၾကားေၾကာင္း ႐ိုက္တာသတင္းတစ္ရပ္မွာ  ေဖာ္ျပထားပါတယ္။

အေ႐ွ႕ေတာင္အာ႐ွ ေစ်းကြက္ရဲ႕ ၉၅ ရာခိုင္ႏႈန္းအထိ အဲေအး႐ွားရဲ႕ေလေၾကာင္းဝန္ေဆာင္မႈေတြ လႊမ္းမိုးႏိုင္ေစဖို႔ ျမန္မာျပည္က အျမဲတမ္းမိတ္ဖက္ကုမၸဏီတစ္ခုကို ႐ွာေဖြေနေၾကာင္း အဲေအး႐ွား အမႈေဆာင္အရာ႐ွိခ်ဳပ္ ျဖစ္သူ တိုနီဖာနန္ဒက္စ္က ႐ိုက္တာသတင္းဌာနကို မတ္လတုန္းက ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ႔ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပျပဳလုပ္တဲ့ အဲေအး႐ွားရဲ႕ အခမ္းအနားတစ္ခုမွာေတာ့ ျမန္မာျပည္က မိတ္ဖက္နဲ႔ ညႇိႏိႈင္းေဆြးေႏြးမႈေတြဟာ ရပ္တန္႔သြားၿပီလို႔ ဖာနန္ဒက္စ္ က သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

“အခုေလာေလာဆယ္ေတာ့ ျမန္မာျပည္ကို ေျခဦးမလွည့္ႏိုင္ေသးပါဘူး။ အဲဒီ့ကိစၥအတြက္ ျမန္မာျပည္ကို ျပန္လည္သြားေရာက္ရဦးမွာပါ။ ခုေတာ့ မလုပ္ေသးဘူးလို႔ ဆုံးျဖတ္ထားတယ္” ဟု ဖာနနဒက္စ္က ဆိုပါတယ္။

သူညႇိႏိႈင္းခဲ့ရတဲ့ ျမန္မာမိတ္ဖက္ ဘယ္သူဆိုတာေတာ့ ဖာနန္ဒက္စ္က မေျပာၾကားခဲ့ပါဘူး။

ျမန္မာနဲ႔ အဆင္မေျပေပမယ့္ ဗီယက္နမ္အေျချပဳ အဲေအး႐ွားေလေၾကာင္းလိုင္း ကိုေတာ့ ၂၀၁၉ အကုန္မွာ ဖြင့့္လွစ္သြားႏိုင္မယ္လို႔ ေမ်ွာ္မွန္းထားေၾကာင္း ဖာနန္ဒက္စ္က ဆိုပါတယ္။

By – Shine Htet Aung
MUNA

(Unicode)

မေ ၁၆

အဲအေးရှားလုပ်ငန်းစုအနေနဲ့ မြန်မာအခြေပြု အဲအေးရှား လေကြောင်းလိုင်း တည်ထောင်ဖွင့်လှစ်မယ့် အစီအစဉ်အတွက် မိတ်ဖက်နဲ့ ဆွေးနွေးမှုတွေ ရပ်တန့်သွားပြီလို့ အဲအေးရှား လုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူက အင်္ဂါနေ့(မေ ၁၅)မှာ သတင်းထောက်တွေအား ပြောကြားကြောင်း ရိုက်တာသတင်းတစ်ရပ်မှာ  ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှ ဈေးကွက်ရဲ့ ၉၅ ရာခိုင်နှုန်းအထိ အဲအေးရှားရဲ့လေကြောင်းဝန်ဆောင်မှုတွေ လွှမ်းမိုးနိုင်စေဖို့ မြန်မာပြည်က အမြဲတမ်းမိတ်ဖက်ကုမ္ပဏီတစ်ခုကို ရှာဖွေနေကြောင်း အဲအေးရှား အမှုဆောင်အရာရှိချုပ် ဖြစ်သူ တိုနီဖာနန်ဒက်စ်က ရိုက်တာသတင်းဌာနကို မတ်လတုန်းက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်တဲ့ အဲအေးရှားရဲ့ အခမ်းအနားတစ်ခုမှာတော့ မြန်မာပြည်က မိတ်ဖက်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေဟာ ရပ်တန့်သွားပြီလို့ ဖာနန်ဒက်စ် က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“အခုလောလောဆယ်တော့ မြန်မာပြည်ကို ခြေဦးမလှည့်နိုင်သေးပါဘူး။ အဲဒီ့ကိစ္စအတွက် မြန်မာပြည်ကို ပြန်လည်သွားရောက်ရဦးမှာပါ။ ခုတော့ မလုပ်သေးဘူးလို့ ဆုံးဖြတ်ထားတယ်” ဟု ဖာနနဒက်စ်က ဆိုပါတယ်။

သူညှိနှိုင်းခဲ့ရတဲ့ မြန်မာမိတ်ဖက် ဘယ်သူဆိုတာတော့ ဖာနန်ဒက်စ်က မပြောကြားခဲ့ပါဘူး။

မြန်မာနဲ့ အဆင်မပြေပေမယ့် ဗီယက်နမ်အခြေပြု အဲအေးရှားလေကြောင်းလိုင်း ကိုတော့ ၂၀၁၉ အကုန်မှာ ဖွင့့်လှစ်သွားနိုင်မယ်လို့ မျှော်မှန်းထားကြောင်း ဖာနန်ဒက်စ်က ဆိုပါတယ်။

By – Shine Htet Aung
MUNA

Comments

comments

You May Also Like