ေမာ္လျမိဳင္မွာ ​ေက်ာင္​းဆရာမကို ခင္ပြန္းေဟာင္းကဓားျဖင္​့ထိုးသတ္​ ထြက္ေျပး

ေမာ္​လၿမိဳင္​ ​ေမ ၁၇

မေန႔ (​ေမ ၁၆) ညပိုင္းက ေမာ္လၿမိဳင္ၿမိဳ႕ ေစ်းႀကိဳရပ္ အမွတ္(၄)တည္းခိုေရးေရွ႕မွာ ေက်ာင္းဆရာမတစ္ဦးကို ခင္ပြန္းေဟာင္းက ရက္စက္စြာ ဓါးနဲ႔ထိုးသတ္သြားတဲ႔
ျဖစ္​စဥ္​တစ္ခု ျဖစ္​ပြားခဲ့​တယ္လို႕ မုပြန္​နယ္​​ေျမရဲတပ္​ဖြဲ႔စခန္​းမွသိရသည္​။

“တရားခံကိုဖမ္​းမိဖို႔ႀကိဳးစား​ေနတယ္​ဗ် ။ လူမႈကြန္​ရက္​စာမ်က္​ႏွာမွာလည္​း တရားခံ​ေျပး အျဖစ္​​ဓာတ္​ပံုနဲ႔​ေၾကာ္​ျငာထားပါတယ္​။ ​ေတြ႐ွိသူကသတင္​းပို႔ႏိုင္​​ေအာင္​ပါ” လို႔
မုပြန္​နယ္​​ေျမရဲတပ္​ဖြဲ႔စခန္​းက နယ္​ထိန္းေခါင္​း​ေဆာင္​ ဒုရဲအုပ္​​ေဇယ်ာသိန္​းက MUNA ကို​ ေျပာပါတယ္။

ျဖစ္​စဥ္​ကေတာ့ ​ေဒၚထိုက္​စံမင္​း(၃၉)ႏွစ္​ ႐ွင္​​ေစာပုလမ္​း၊ ၿမိဳင္​သာယာရပ္​၊​ေမာ္​လၿမိဳင္​ၿမိဳ႕​ေနသူဟာ မေန႔ည ၇နာရီ ၃၀မိနစ္ အခ်ိန္​ခန္​႔က ​​ေမာင္​ငံရပ္​ ဝန္​ထမ္​းအိမ္​ယာမွ
မစုစုျမ(၃၂)ႏွစ္​ မူလတန္​းျပ ဆရာမ၊ မ/၂၇၈၊ ၂၁လမ္​း၊ ၿမိဳင္​သာယာရပ္​​ေနသူ​ ေမာင္​းႏွင္​လာတဲ့ ဆိုင္​ကယ္​နဲ႔အိမ္​ကိုျပန္​လာခ်ိန္ ေမာ္လၿမိဳင္ၿမိဳ႕ ေစ်းႀကိဳရပ္ အမွတ္(၄)တည္းခိုေရးေရွ႕အ​ေရာက္​မွာ မစုစုျမရဲ႕ လြန္​ခဲ့တဲ့တစ္​ႏွစ္​ခြဲခန္​႔က ကြာ႐ွင္​းျပတ္​စဲခဲ့တဲ့ ခင္​ပြန္​း​ေဟာင္​းျဖစ္​သူ ​ေက်ာ္​ပိုင္​(၃၇)ႏွစ္​(ဘ) ဦးျမေမာင္ ေကာ္​ဖီမစ္​ကုမၸဏီ ဝန္ထမ္း၊
မိကို​ေကာ္​ဖီမစ္​ကုမၸဏီ ဝန္ထမ္းဝင္​း၊​ေစ်းႀကိဳရပ္​​ေနသူဟာ ဆိုင္​ကယ္​နဲ႔လိုက္​လာၿပီး ဆိုင္​ကယ္​ရပ္​ရန္​​ေျပာ​ေၾကာင္​း မစုစုျမက ဆိုင္​ကယ္​ရပ္​​ေပးကာ လမ္​း​ေပၚဆင္​းစဥ္​ ​ေက်ာ္​ပိုင္​မွာ ဆိုင္​ကယ္​​ေပၚကဆင္​းလာၿပီး တစ္​​ေယာက္​တစ္​ခြန္​းစကားမ်ားလံုး​ေထြးရာမွ ေက်ာ္​ပိုင္​က​ေဘးလြယ္​အိပ္​ထဲက ဓားကိုထုတ္​ခဲ့တာျမင္​လို႔ အတူပါလာသူ​ ေဒၚထိုက္​စံမင္​းက အနီးဝန္​းက်င္​ကို​ ေအာ္​ဟစ္​အကူညီ​ေတာင္​းခဲ့​ခ်ိန္ မစုစုျမမွာ လမ္​း​ေပၚ​ေသြးထြက္​ဒဏ္​ရာမ်ားနဲ႔လဲက်​ေနၿပီး တရားခံထြက္​​ေျပးသြားခဲ့​ေၾကာင္​း ရဲမွတ္​တမ္​းမ်ားအရသိရပါတယ္။

ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ​ေဒၚထိုက္​စံမင္​းက၊ ေမ ၁၆ရက္ည၊ ၁၀နာရီ၄၅မိနစ္ခ်ိန္​ခန္​႔က မုပြန္နယ္ေျမ ရဲစခန္းမွာ
မစုစုျမ ေသဆံုး​ေအာင္​ဓားျဖင္​့ထိုးၿပီး ထြက္​​ေျပးသြားသူ တရားခံ​ေက်ာ္​ပိုင္​ကို ဖမ္​းဆီးအ​ေရးယူ​ေပးဖို႕ တိုင္​ၾကားခဲ့တာေၾကာင့္ ဒုရဲမွဴးစိန္​ဝင္​းက အမႈစစ္​ျပဳလုပ္​ကာ (ပ)၃၈၆/၂၀၁၈၊ ရာဇသတ္​ႀကီးဥပ​ေဒပုဒ္​မ ၃၀၂နဲ႔ အမႈဖြင္​့ထားပါတယ္။

တရားခံ​ေက်ာ္​ပိုင္​ကို မုပြန္​ရဲတပ္​ဖြဲ႔က ဓာတ္​ပံုနဲ႔တကြလူသတ္မႈတရားခံေျပးအျဖစ္​ ေၾကျငာခဲ့ကာ နီးစပ္ရာရဲစခန္းေတြနဲ႔ မုပြန္နယ္ေျမရဲစခန္း နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေဇယ်ာသိန္း 0943015785 ထံကို ဆက္သြယ္အေၾကာင္းၾကား ကူညီ​ေပးၾကဖို႕ လူမႈကြန္​ရက္​​ေပၚမွာလည္​း ​ေဖၚျပထား​ပါတယ္။

By – ျမတ္​ဟိန္​း​ေက်ာ္​(​ေကာ့မွဴ း)
MUNA

(Unicode)

မော်လမြိုင် မေ ၁၇

မနေ့ (မေ ၁၆) ညပိုင်းက မော်လမြိုင်မြို့ ဈေးကြိုရပ် အမှတ်(၄)တည်းခိုရေးရှေ့မှာ ကျောင်းဆရာမတစ်ဦးကို ခင်ပွန်းဟောင်းက ရက်စက်စွာ ဓါးနဲ့ထိုးသတ်သွားတဲ့
ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ မုပွန်နယ်မြေရဲတပ်ဖွဲ့စခန်းမှသိရသည်။

“တရားခံကိုဖမ်းမိဖို့ကြိုးစားနေတယ်ဗျ ။ လူမှုကွန်ရက်စာမျက်နှာမှာလည်း တရားခံပြေး အဖြစ်ဓာတ်ပုံနဲ့ကြော်ငြာထားပါတယ်။ တွေရှိသူကသတင်းပို့နိုင်အောင်ပါ” လို့
မုပွန်နယ်မြေရဲတပ်ဖွဲ့စခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇေယျာသိန်းက MUNA ကို ပြောပါတယ်။

ဖြစ်စဉ်ကတော့ ဒေါ်ထိုက်စံမင်း(၃၉)နှစ် ရှင်စောပုလမ်း၊ မြိုင်သာယာရပ်၊မော်လမြိုင်မြို့နေသူဟာ မနေ့ည ၇နာရီ ၃၀မိနစ် အချိန်ခန့်က မောင်ငံရပ် ဝန်ထမ်းအိမ်ယာမှ
မစုစုမြ(၃၂)နှစ် မူလတန်းပြ ဆရာမ၊ မ/၂၇၈၊ ၂၁လမ်း၊ မြိုင်သာယာရပ်နေသူ မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့အိမ်ကိုပြန်လာချိန် မော်လမြိုင်မြို့ ဈေးကြိုရပ် အမှတ်(၄)တည်းခိုရေးရှေ့အရောက်မှာ မစုစုမြရဲ့ လွန်ခဲ့တဲ့တစ်နှစ်ခွဲခန့်က ကွာရှင်းပြတ်စဲခဲ့တဲ့ ခင်ပွန်းဟောင်းဖြစ်သူ ကျော်ပိုင်(၃၇)နှစ်(ဘ) ဦးမြမောင် ကော်ဖီမစ်ကုမ္ပဏီ ဝန်ထမ်း၊
မိကိုကော်ဖီမစ်ကုမ္ပဏီ ဝန်ထမ်းဝင်း၊ဈေးကြိုရပ်နေသူဟာ ဆိုင်ကယ်နဲ့လိုက်လာပြီး ဆိုင်ကယ်ရပ်ရန်ပြောကြောင်း မစုစုမြက ဆိုင်ကယ်ရပ်ပေးကာ လမ်းပေါ်ဆင်းစဉ် ကျော်ပိုင်မှာ ဆိုင်ကယ်ပေါ်ကဆင်းလာပြီး တစ်ယောက်တစ်ခွန်းစကားများလုံးထွေးရာမှ ကျော်ပိုင်ကဘေးလွယ်အိပ်ထဲက ဓားကိုထုတ်ခဲ့တာမြင်လို့ အတူပါလာသူ ဒေါ်ထိုက်စံမင်းက အနီးဝန်းကျင်ကို အော်ဟစ်အကူညီတောင်းခဲ့ချိန် မစုစုမြမှာ လမ်းပေါ်သွေးထွက်ဒဏ်ရာများနဲ့လဲကျနေပြီး တရားခံထွက်ပြေးသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေါ်ထိုက်စံမင်းက၊ မေ ၁၆ရက်ည၊ ၁၀နာရီ၄၅မိနစ်ချိန်ခန့်က မုပွန်နယ်မြေ ရဲစခန်းမှာ
မစုစုမြ သေဆုံးအောင်ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားသူ တရားခံကျော်ပိုင်ကို ဖမ်းဆီးအရေးယူပေးဖို့ တိုင်ကြားခဲ့တာကြောင့် ဒုရဲမှူးစိန်ဝင်းက အမှုစစ်ပြုလုပ်ကာ (ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂နဲ့ အမှုဖွင့်ထားပါတယ်။

တရားခံကျော်ပိုင်ကို မုပွန်ရဲတပ်ဖွဲ့က ဓာတ်ပုံနဲ့တကွလူသတ်မှုတရားခံပြေးအဖြစ် ကြေငြာခဲ့ကာ နီးစပ်ရာရဲစခန်းတွေနဲ့ မုပွန်နယ်မြေရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇေယျာသိန်း 0943015785 ထံကို ဆက်သွယ်အကြောင်းကြား ကူညီပေးကြဖို့ လူမှုကွန်ရက်ပေါ်မှာလည်း ဖေါ်ပြထားပါတယ်။

By – မြတ်ဟိန်းကျော်(ကော့မှူ း)
MUNA

Comments

comments

You May Also Like