ေရွးေဟာင္း Ferrariကားတစ္စီး ေလလံတင္ ေရာင္းခ်မည္ …

ေမ ၁၈

လက္ရွိ ကမာၻ႔တန္ဖိုး အႀကီးဆံုး ကားအျဖစ္ Ferrari ထုတ္ ၁၉၆၂-၆၃ ခုႏွစ္ထုတ္ 250 GTO ေမာ္ဒယ္ ရွိေနၿပီး ၂၀၁၄ ခုႏွစ္က ေလလံပြဲမွာ အေမရိကန္ ေဒၚလာ ၃၈သန္းနဲ႔ ေရာင္းခ် စံခိ်န္တင္ထားတာပါ။ ဒီလိုပဲ ဒုတိယ တန္ဖိုး အႀကီးဆံုး ေမာ္ဒယ္ကလည္း Ferrari ထုတ္ ေမာ္ဒယ္ပဲ ျဖစ္ပါတယ္။ ၂၀၁၆ခုႏွစ္ အတြင္းက ေလလံပြဲမွာ ၁၉၅၇ခုႏွစ္ထုတ္ 335S Spider အမည္ရွိ ၿပိဳင္ပြဲသံုး ေမာ္ဒယ္ကို အေမရိကန္ ေဒၚလာ ၃၆သန္းနဲ႔ ေလလံေအာင္ ေရာင္းခ်ထားႏိုင္ျပန္တာ ျဖစ္ပါတယ္။ အလြယ္ဆံုး ေျပာရရင္ေတာ့ ေရွးေဟာင္းကား၊ Classic လုိ႔ သတ္မွတ္တဲ့ ေမာ္ဒယ္ေတြက လက္ရွိ ကမာၻ႔တန္ဖိုးအႀကီးဆံုး ကားေတြ အျဖစ္ ရွိေနၿပီး တန္ဖိုးအလိုက္ စဥ္ ခ်ေရးလိုက္မယ္ ဆိုရင္ ထိပ္ဆံုး ၁၀စီးမွာ ထက္၀က္ေလာက္က Ferrariရဲ႕ ေမာ္ဒယ္ေတြ ရွိေနတာပါ။

အခုလည္း ရွားပါး Ferrari ရဲ႕ ေမာ္ဒယ္ တစ္စီးကို စံခ်ိန္တင္ ေစ်းနဲ႔ ထပ္ၿပီး ေရာင္းခ်ဖို႔ ရွိေနတာ ေတြ႔ရပါတယ္။ အခု ေရာင္းခ်မယ့္ ေမာ္ဒယ္က ၁၉၅၇ခုႏွစ္ထုတ္ ေမာ္ဒယ္ပဲ ျဖစ္ပါတယ္။ 250 GTOတန္း၀င္ ျဖစ္ေပမယ့္ ေမာ္ဒယ္ခြဲ အေနနဲ႔ Berlinetta Tour de France အျဖစ္ ထုတ္လုပ္ခဲ့ျခင္း ျဖစ္ပါတယ္။ ဒီေမာ္ဒယ္ကို ကုမၸဏီရဲ႕ တရား၀င္ စာရင္းေတြ အရကိုပဲ အစီးေရ ၇၂စီးတည္း ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။

ဒီလို အစီးေရ ရာဂဏန္း မျပည့္တဲ့ ေမာ္ဒယ္မွာ ျပန္လည္ ျပင္ဆင္မႈေတြ၊ အစားထိုး အစိတ္အပိုင္း ထည့္သြင္းမႈေတြ ရွိရင္ Classic ကား အျဖစ္ မသတ္မွတ္ေတာ့သလို တန္ဖိုးလည္း သိပ္မရွိိ္ေတာ့ပဲ အခု ေလလံေအာင္ ေမာ္ဒယ္ကေတာ့ ကုမၸဏီထုတ္ အတိုင္း ရာခိုင္ႏႈန္း ၉၀ေက်ာ္ေလာက္ မူလအတိုင္း ရွိေနတာလုိ႔ ဆိုပါတယ္။ ကားကၽြမ္းက်င္သူေတြကေတာ့ အခုလို ရာခိုင္ႏႈန္း ၉၀ေက်ာ္ေလာက္ထိေအာင္ မူရင္း အတုိင္း ရွိမယ့္ Berlinetta Tour de France ေမာ္ဒယ္ ၁၀စီးေတာင္ ရွိမွာ မဟုတ္ေတာ့ဘူးလို႔ ခန္႔မွန္းၾကပါတယ္။

အခု ေမာ္ဒယ္မွာ ထူးျခားခ်က္က ဥေရာပထုတ္ ေမာ္ဒယ္ ျဖစ္ေပမယ့္ အေမရိကန္ Muscle ကားေတြရဲ႕ ဒီဇိုင္းမ်ိဳး ရုပ္ထြက္နဲ႔ ကိုယ္ထည္ကို ခ်ိဳးဆစ္ထားတာ ေတြ႔ရၿပီး အျခား Ferrariရဲ႕ ၁၉၅၇ခုႏွစ္ထုတ္ ေမာ္ဒယ္ေတြနဲ႔ လံုး၀ မတူတဲ့ ဖန္တီးမႈကို ေတြ႔ရတာပဲ ျဖစ္ပါတယ္။ အခု ေမာ္ဒယ္ကို အိမ္စီး အေနနဲ႔လည္း ေရာင္းခ်မႈ ရွိခဲ့သလို ၿပိဳင္ပြဲ၀င္ဖို႔လည္း Ferrari က သံုးခဲ့ဖူးၿပီး ဒီေမာ္ဒယ္နဲ႔ အတူ ၿပိဳင္ပြဲေသးေတြမွာ ဗုိုလ္စြဲမႈ ၁၁ႀကိမ္၊ Pau 3-Hourလို ၁၉၅၈ခုႏွစ္က ၿပိဳင္ပြဲႀကီးေတြမွာ ဒုတိယ ရခဲ့ဖူးတယ္လိ႔ု မွတ္တမ္းေတြ အရ သိရၿပီး အဆိုပါ ႏွစ္ Grand Prix of Spa-Francorchmaps မွာလည္း ဒုတိယ ထပ္ခဲ့ရတယ္လုိ႔ သိရပါတယ္။

ေလလံတင္ ေရာင္းခ်တ့ဲ ေမာ္ဒယ္ကေတာ့ အိမ္စီး အျဖစ္ ၀ယ္ယူထားတဲ့ ေမာ္ဒယ္ကို ျပန္လည္ ေရာင္းခ်တာ ျဖစ္ၿပီး ၿပိဳင္ပြဲ၀င္ကားေတြကေတာ့ Ferrari ဆီမွာပဲ အမ်ားစု ရွိေနတယ္လုိ႔ ဆိုပါတယ္။ အခု ေရာင္းခ်မယ့္ ေမာ္ဒယ္က Chassis အမွတ္ 0879 GT ျဖစ္ၿပီး ၁၉၇၃ခုႏွစ္ကတည္းက Christer Mellin က ပိုင္ဆို္င္ထားတာ ျဖစ္တယ္လုိ႔ Forbes ရဲ႕ ေဖာ္ျပခ်က္မွာ ေတြ႔ရပါတယ္။ ေနာက္ပိုင္း Christerက လက္ရွိ ကားပိုင္ရွင္ဆီကို ၁၉၉၇မွာ ေရာင္းခ်ခဲ့တာ ျဖစ္ၿပီး လက္ရွိ ပိုင္္ရွင္ကေတာ့ အမည္ေဖာ္ျပခံမႈ မရွိတာ ေတြ႔ရပါတယ္။ ၄၅ႏွစ္ အတြင္း ပိုင္ရွင္ ၂ဦးဆီမွာပဲ အခု ေမာ္ဒယ္က ရွိေနခဲ့တာပါ။ ၾကမ္္းခင္းေစ်း ယူရို ၇သန္း (အေမရိကန္ ေဒၚလာ ၈.၅သန္း)ကေန စတင္ ေစ်းဖြင့္မွာ ျဖစ္သလို ေလလံ ကၽြမ္းက်င္သူေတြကေတာ့ ယူရို ၉သန္း (အေမရိကန္ ေဒၚလာ ၁၁သန္း)ေလာက္ထိေအာင္ ေစ်းျပတ္သြားႏုိင္ၿပီး ကမာၻ႔တန္ဖိုးအႀကီးဆံုး ကားစာရင္းမွာ အဆင့္ ၁၅ အတြင္း ၀င္ေရာက္ ရပ္တည္လာႏုိင္မယ္လုိ႔ သံုးသပ္ထားတာ ေတြ႔ရပါတယ္။

By – KKS / MUNA
Ref; maxim.com

(Unicode)

မေ ၁၈

လက်ရှိ ကမ္ဘာ့တန်ဖိုး အကြီးဆုံး ကားအဖြစ် Ferrari ထုတ် ၁၉၆၂-၆၃ ခုနှစ်ထုတ် 250 GTO မော်ဒယ် ရှိနေပြီး ၂၀၁၄ ခုနှစ်က လေလံပွဲမှာ အမေရိကန် ဒေါ်လာ ၃၈သန်းနဲ့ ရောင်းချ စံချိန်တင်ထားတာပါ။ ဒီလိုပဲ ဒုတိယ တန်ဖိုး အကြီးဆုံး မော်ဒယ်ကလည်း Ferrari ထုတ် မော်ဒယ်ပဲ ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ် အတွင်းက လေလံပွဲမှာ ၁၉၅၇ခုနှစ်ထုတ် 335S Spider အမည်ရှိ ပြိုင်ပွဲသုံး မော်ဒယ်ကို အမေရိကန် ဒေါ်လာ ၃၆သန်းနဲ့ လေလံအောင် ရောင်းချထားနိုင်ပြန်တာ ဖြစ်ပါတယ်။ အလွယ်ဆုံး ပြောရရင်တော့ ရှေးဟောင်းကား၊ Classic လို့ သတ်မှတ်တဲ့ မော်ဒယ်တွေက လက်ရှိ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကားတွေ အဖြစ် ရှိနေပြီး တန်ဖိုးအလိုက် စဉ် ချရေးလိုက်မယ် ဆိုရင် ထိပ်ဆုံး ၁၀စီးမှာ ထက်ဝက်လောက်က Ferrariရဲ့ မော်ဒယ်တွေ ရှိနေတာပါ။

အခုလည်း ရှားပါး Ferrari ရဲ့ မော်ဒယ် တစ်စီးကို စံချိန်တင် ဈေးနဲ့ ထပ်ပြီး ရောင်းချဖို့ ရှိနေတာ တွေ့ရပါတယ်။ အခု ရောင်းချမယ့် မော်ဒယ်က ၁၉၅၇ခုနှစ်ထုတ် မော်ဒယ်ပဲ ဖြစ်ပါတယ်။ 250 GTOတန်းဝင် ဖြစ်ပေမယ့် မော်ဒယ်ခွဲ အနေနဲ့ Berlinetta Tour de France အဖြစ် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီမော်ဒယ်ကို ကုမ္ပဏီရဲ့ တရားဝင် စာရင်းတွေ အရကိုပဲ အစီးရေ ၇၂စီးတည်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဒီလို အစီးရေ ရာဂဏန်း မပြည့်တဲ့ မော်ဒယ်မှာ ပြန်လည် ပြင်ဆင်မှုတွေ၊ အစားထိုး အစိတ်အပိုင်း ထည့်သွင်းမှုတွေ ရှိရင် Classic ကား အဖြစ် မသတ်မှတ်တော့သလို တန်ဖိုးလည်း သိပ်မရှိတော့ပဲ အခု လေလံအောင် မော်ဒယ်ကတော့ ကုမ္ပဏီထုတ် အတိုင်း ရာခိုင်နှုန်း ၉၀ကျော်လောက် မူလအတိုင်း ရှိနေတာလို့ ဆိုပါတယ်။ ကားကျွမ်းကျင်သူတွေကတော့ အခုလို ရာခိုင်နှုန်း ၉၀ကျော်လောက်ထိအောင် မူရင်း အတိုင်း ရှိမယ့် Berlinetta Tour de France မော်ဒယ် ၁၀စီးတောင် ရှိမှာ မဟုတ်တော့ဘူးလို့ ခန့်မှန်းကြပါတယ်။

အခု မော်ဒယ်မှာ ထူးခြားချက်က ဥရောပထုတ် မော်ဒယ် ဖြစ်ပေမယ့် အမေရိကန် Muscle ကားတွေရဲ့ ဒီဇိုင်းမျိုး ရုပ်ထွက်နဲ့ ကိုယ်ထည်ကို ချိုးဆစ်ထားတာ တွေ့ရပြီး အခြား Ferrariရဲ့ ၁၉၅၇ခုနှစ်ထုတ် မော်ဒယ်တွေနဲ့ လုံး၀ မတူတဲ့ ဖန်တီးမှုကို တွေ့ရတာပဲ ဖြစ်ပါတယ်။ အခု မော်ဒယ်ကို အိမ်စီး အနေနဲ့လည်း ရောင်းချမှု ရှိခဲ့သလို ပြိုင်ပွဲဝင်ဖို့လည်း Ferrari က သုံးခဲ့ဖူးပြီး ဒီမော်ဒယ်နဲ့ အတူ ပြိုင်ပွဲသေးတွေမှာ ဗိုလ်စွဲမှု ၁၁ကြိမ်၊ Pau 3-Hourလို ၁၉၅၈ခုနှစ်က ပြိုင်ပွဲကြီးတွေမှာ ဒုတိယ ရခဲ့ဖူးတယ်လိ့ု မှတ်တမ်းတွေ အရ သိရပြီး အဆိုပါ နှစ် Grand Prix of Spa-Francorchmaps မှာလည်း ဒုတိယ ထပ်ခဲ့ရတယ်လို့ သိရပါတယ်။

လေလံတင် ရောင်းချတဲ့ မော်ဒယ်ကတော့ အိမ်စီး အဖြစ် ဝယ်ယူထားတဲ့ မော်ဒယ်ကို ပြန်လည် ရောင်းချတာ ဖြစ်ပြီး ပြိုင်ပွဲဝင်ကားတွေကတော့ Ferrari ဆီမှာပဲ အများစု ရှိနေတယ်လို့ ဆိုပါတယ်။ အခု ရောင်းချမယ့် မော်ဒယ်က Chassis အမှတ် 0879 GT ဖြစ်ပြီး ၁၉၇၃ခုနှစ်ကတည်းက Christer Mellin က ပိုင်ဆိုင်ထားတာ ဖြစ်တယ်လို့ Forbes ရဲ့ ဖော်ပြချက်မှာ တွေ့ရပါတယ်။ နောက်ပိုင်း Christerက လက်ရှိ ကားပိုင်ရှင်ဆီကို ၁၉၉၇မှာ ရောင်းချခဲ့တာ ဖြစ်ပြီး လက်ရှိ ပိုင်ရှင်ကတော့ အမည်ဖော်ပြခံမှု မရှိတာ တွေ့ရပါတယ်။ ၄၅နှစ် အတွင်း ပိုင်ရှင် ၂ဦးဆီမှာပဲ အခု မော်ဒယ်က ရှိနေခဲ့တာပါ။ ကြမ်းခင်းဈေး ယူရို ၇သန်း (အမေရိကန် ဒေါ်လာ ၈.၅သန်း)ကနေ စတင် ဈေးဖွင့်မှာ ဖြစ်သလို လေလံ ကျွမ်းကျင်သူတွေကတော့ ယူရို ၉သန်း (အမေရိကန် ဒေါ်လာ ၁၁သန်း)လောက်ထိအောင် ဈေးပြတ်သွားနိုင်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကားစာရင်းမှာ အဆင့် ၁၅ အတွင်း ဝင်ရောက် ရပ်တည်လာနိုင်မယ်လို့ သုံးသပ်ထားတာ တွေ့ရပါတယ်။

By – KKS / MUNA
Ref; maxim.com

Comments

comments

You May Also Like