ေရႊေမာ္ေဓာေစတီ ရင္ျပင္ေတာ္တြင္ ဖြင့္လွစ္ထားသည့္ ေဗဒင္ခန္းမ်ား တံခါးပိတ္ေဟာေျပာျခင္းမျပဳရန္ တားျမစ္

ေမ ၁၈

ပဲခူးျမိဳ႕ ဆုေတာင္းျပည့္ ေရႊေမာ္ေဓာေစတီ ရင္ျပင္ေတာ္တြင္ ဖြင့္လွစ္ထားသည့္ ေဗဒင္ခန္းမ်ား တံခါးပိတ္ေဟာေျပာျခင္းမျပဳရန္ႏွင့္  ေဗဒင္ဆိုင္ခန္းမ်ားအား One Type ပံုစံျဖင့္ ပံုစံတူေနရာတစ္ခု သတ္မွတ္ျပီး စနစ္တက်ေဆာင္ရြက္ရန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ညႊန္ၾကားထားေႀကာင္း သိရသည္။

“မသမာမႈေတြ မျဖစ္ဖို႕ ႀကိဳတင္ကာကြယ္တဲ႕အေနနဲ႕ ေဆာင္ရြက္တာ ျဖစ္တယ္။ သာသနာေရးဝန္ႀကီးဌာနကလည္း ညႊန္ႀကားသလို တိုင္းေဒသႀကီး အစိုးရအဖြဲ႕က လည္း ဧျပီ ၂၆ ရက္ေန႕က လမ္းညႊန္ထားတာရွိတယ္။ ညႊန္ႀကားခ်က္အတိုင္းလိုက္နာမႈမရွိသူေတြနဲ႕ ေဗဒင္ေဟာခန္းေနရာယူထားျပီး ဖြင့္လွစ္ျခင္း မရွိသူေတြကို ဖယ္ရွားသြားမယ္” ဟု ေရႊေမာ္ေစတီေတာ္ေဂါပကအဖြဲ႕မွ အလွည့္က် သဘာပတိက ေျပာသည္။

ေရႊေမာ္ေဓာေစတီေတာ္ ရင္ျပင္တြင္ ဆိုင္ခန္းေနရာယူ၍ ဖြင့္လွစ္ထားေသာ ေဗဒင္ေဟာခန္း ၁၅ ခန္းရွိျပီး အဆိုပါ ေဗဒင္ေဟာခန္းမ်ားမွာ အမ်ားသူငွာအလြယ္တကူမျမင္ႏိုင္ေသာ ေနရာမ်ားတြင္ သီးျခားစီ ဖြင့္လွစ္ထားမႈကို ျပန္လည္ျပင္ဆင္သြားမည္ေႀကာင္း ၎ကေျပာသည္။

က်ေနာ္တို႕ေဗဒင္ဆရာေတြအတြက္အခက္အခဲ မရွိပါဘူး။ တစ္ခ်ိဳ႕ ေဗဒင္ေမးသူေတြအတြက္ ေတာ့ အခက္အခဲ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္” ဟု ေရႊေမာ္ေဓာေစတီေတာ္ တြင္ ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ၾကာ ေဗဒင္ေဟာခန္းဖြင့္လွစ္ထားသည့္ေဗဒင္ ဆရာ ဦးခိုင္ေဇာ္က ေျပာသည္။

“အရင္တုန္းက ေဒါက္တံခါးေတြနဲ႕ အားလံုး ဖြင့္ျပီးေဟာႀကတယ္။ အဲ႕လိုေဟာေနရာကေန လြန္ခဲ႕တဲ႕ႏွစ္ႏွစ္ဆယ္ေလာက္ကမွ အခန္းေတြ လုပ္လာၾကတာ။ ေဗဒင္လာေဟာတဲ႕ သူေတြက အမ်ားသူငွာ မျမင္ေစ့ခ်င္တာရွိတယ္။
လူတန္းစားျမင့္ေလေလ သူေဗဒင္ေဟာတာကို မသိေစခ်င္ေလပဲ။ ညႊန္ႀကားစာဟာ ေဗဒင္ဆရာအတြက္ အခက္အခဲ မျဖစ္ေပမယ့္ လာေမးတဲ႕လူ အတြက္ေတာ့အခက္အခဲ ျဖစ္ေစႏိုင္တယ္” ဟု ေဗဒင္ဆရာ ေက်ာ္လွထြန္းထြန္းက သံုးသပ္ေျပာႀကားသည္။

ေရႊေမာ္ေဓာေစတီေတာ္ရင္ျပင္တြင္ ေဂါပကအဖြဲ႕က ယခင္ခြင့္ျပဳထားခဲ့သည့္ အလ်င္းသင့္သလို ဖြင့္လွစ္ထားေသာ  ေဗဒင္ ေဟာခန္းမ်ားမွေဂါပကအဖြဲ႕သို႕ တစ္လလွ်င္ ရန္ပံုေငြ ငါးေထာင္က်ပ္ေပးသြင္းရေႀကာင္းသိရသည္။

“လက္ရွိဖြင့္လွစ္ထားတဲ႕ ေဗဒင္ခန္းအားလံုးကို အမ်ားျမင္သာတဲ႕ ေစတီေတာ္ ေတာင္ဘက္မုဒ္မွာ တစုတေဝးတည္း ထားဖို႕ စီစဥ္ထားပါတယ္။ ေဗဒင္ဆရာေတြကို ေခၚယူျပီးေတာ့လဲ ညွိႏႈိင္းေဆြးေႏြးသြားမွာပါ။ ေမလ တတိယပက္အတြင္းမွာ အျပီးသတ္ေဆာက္ရြက္မွာ
ပါ” ဟု ေဂါပက အဖြဲ႕မွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

By – ေနထက္(ပဲခူး)
MUNA

(Unicode)

မေ ၁၈

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီ ရင်ပြင်တော်တွင် ဖွင့်လှစ်ထားသည့် ဗေဒင်ခန်းများ တံခါးပိတ်ဟောပြောခြင်းမပြုရန်နှင့်  ဗေဒင်ဆိုင်ခန်းများအား One Type ပုံစံဖြင့် ပုံစံတူနေရာတစ်ခု သတ်မှတ်ပြီး စနစ်တကျဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။

“မသမာမှုတွေ မဖြစ်ဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆောင်ရွက်တာ ဖြစ်တယ်။ သာသနာရေးဝန်ကြီးဌာနကလည်း ညွှန်ကြားသလို တိုင်းဒေသကြီး အစိုးရအဖွဲ့က လည်း ဧပြီ ၂၆ ရက်နေ့က လမ်းညွှန်ထားတာရှိတယ်။ ညွှန်ကြားချက်အတိုင်းလိုက်နာမှုမရှိသူတွေနဲ့ ဗေဒင်ဟောခန်းနေရာယူထားပြီး ဖွင့်လှစ်ခြင်း မရှိသူတွေကို ဖယ်ရှားသွားမယ်” ဟု ရွှေမော်စေတီတော်ဂေါပကအဖွဲ့မှ အလှည့်ကျ သဘာပတိက ပြောသည်။

ရွှေမော်ဓောစေတီတော် ရင်ပြင်တွင် ဆိုင်ခန်းနေရာယူ၍ ဖွင့်လှစ်ထားသော ဗေဒင်ဟောခန်း ၁၅ ခန်းရှိပြီး အဆိုပါ ဗေဒင်ဟောခန်းများမှာ အများသူငှာအလွယ်တကူမမြင်နိုင်သော နေရာများတွင် သီးခြားစီ ဖွင့်လှစ်ထားမှုကို ပြန်လည်ပြင်ဆင်သွားမည်ကြောင်း ၎င်းကပြောသည်။

ကျနော်တို့ဗေဒင်ဆရာတွေအတွက်အခက်အခဲ မရှိပါဘူး။ တစ်ချို့ ဗေဒင်မေးသူတွေအတွက် တော့ အခက်အခဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ရွှေမော်ဓောစေတီတော် တွင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ဗေဒင်ဟောခန်းဖွင့်လှစ်ထားသည့်ဗေဒင် ဆရာ ဦးခိုင်ဇော်က ပြောသည်။

“အရင်တုန်းက ဒေါက်တံခါးတွေနဲ့ အားလုံး ဖွင့်ပြီးဟောကြတယ်။ အဲ့လိုဟောနေရာကနေ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်ကမှ အခန်းတွေ လုပ်လာကြတာ။ ဗေဒင်လာဟောတဲ့ သူတွေက အများသူငှာ မမြင်စေ့ချင်တာရှိတယ်။
လူတန်းစားမြင့်လေလေ သူဗေဒင်ဟောတာကို မသိစေချင်လေပဲ။ ညွှန်ကြားစာဟာ ဗေဒင်ဆရာအတွက် အခက်အခဲ မဖြစ်ပေမယ့် လာမေးတဲ့လူ အတွက်တော့အခက်အခဲ ဖြစ်စေနိုင်တယ်” ဟု ဗေဒင်ဆရာ ကျော်လှထွန်းထွန်းက သုံးသပ်ပြောကြားသည်။

ရွှေမော်ဓောစေတီတော်ရင်ပြင်တွင် ဂေါပကအဖွဲ့က ယခင်ခွင့်ပြုထားခဲ့သည့် အလျင်းသင့်သလို ဖွင့်လှစ်ထားသော  ဗေဒင် ဟောခန်းများမှဂေါပကအဖွဲ့သို့ တစ်လလျှင် ရန်ပုံငွေ ငါးထောင်ကျပ်ပေးသွင်းရကြောင်းသိရသည်။

“လက်ရှိဖွင့်လှစ်ထားတဲ့ ဗေဒင်ခန်းအားလုံးကို အများမြင်သာတဲ့ စေတီတော် တောင်ဘက်မုဒ်မှာ တစုတဝေးတည်း ထားဖို့ စီစဉ်ထားပါတယ်။ ဗေဒင်ဆရာတွေကို ခေါ်ယူပြီးတော့လဲ ညှိနှိုင်းဆွေးနွေးသွားမှာပါ။ မေလ တတိယပက်အတွင်းမှာ အပြီးသတ်ဆောက်ရွက်မှာ
ပါ” ဟု ဂေါပက အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

By – နေထက်(ပဲခူး)
MUNA

Comments

comments

You May Also Like