ေအာင္ျမင္ေက်ာ္ၾကားသူမ်ား စက္တင္ဘာမွာ အမ်ားဆံုး ေမြးဖြား … | Myanmar News Agency

ေအာင္ျမင္ေက်ာ္ၾကားသူမ်ား စက္တင္ဘာမွာ အမ်ားဆံုး ေမြးဖြား …

ေမ ၁၇

နာမည္ေက်ာ္ တကၠသိုလ္ ၃ခုေပါင္းၿပီး ေလ့လာခ်က္ တစ္ခုကို ၆ႏွစ္ၾကေအာင္ လုပ္ခဲ့တယ္၊ အဲဒီေလ့လာ ေစာင့္ၾကည့္ခ်က္ထဲမွာ လူေပါင္း ၁သန္း၀န္းက်င္ကို ထည့္သြင္းေလ့လာခဲ့တာ ျဖစ္ၿပီး အဆုိပါ ေလ့လာခ်က္က ဘာလဲ ဆုိေတာ့ တစ္ႏွစ္တာ ကာလရဲ႕ ဘယ္လမွာ ေမြးဖြားသူေတြဟာ ပိုမို ေအာင္ျမင္ တိုးတက္ၾကသလဲ ဆိုတာကို သိဖုိ႔ပဲ ျဖစ္ပါတယ္။

ဒီလို ၆ႏွစ္တာ အတြင္း လူေပါင္း ၁သန္းခန္႔ကို စစ္တမ္းရယူ ေလ့လာခ်က္ေတြ အရ သိလာရတာကေတာ့ လေပါင္း ၁၂လ ရွိတဲ့ အနက္ စက္တင္ဘာလမွာ ေမြးဖြားသူေတြဟာ တျခား လေတြမွာ ေမြးဖြားသူေတြထက္ ဘ၀မွာ ပိုၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနရတယ္၊ ေအာင္ျမင္တဲ့ ဘ၀ကို ရရွိၾကတယ္ ဆိုတာ သိလာရတာပဲ ျဖစ္ပါတယ္။

ၿပီးေတာ့ ထူးျခားခ်က္ ေနာက္တစ္ခု သိလာရတာက စက္တင္ဘာဟာ တစ္ႏွစ္တာရဲ႕ အေကာင္းဆံုးလ ဆိုေပမယ့္ သူ႔ရဲ႕ ေရွ႕လ ျဖစ္တဲ့ ၾသဂုတ္လကေတာ့ သိပ္မေကာင္းဘူးလိ႔ု ဆိုတာပါပဲ။ စစ္တမ္း အရေတာ့ ၁၂လတာ အတြင္းမွာ ၾသဂုတ္လ ေမြးဖြားသူေတြက ေအာင္ျမင္မႈ အနည္းဆံုး၊ ေပ်ာ္ရႊင္ရမႈ အနည္းဆံုး ဘ၀ကို ရရွိတယ္လုိ႔ ဆိုျပန္တာ ေတြ႔ရပါတယ္။

ၾသဂုတ္လ ေမြးသူေတြထဲမွာ လက္ရွိ ေက်ာ္ၾကားေနတဲ့ စီးပြားေရးသမားႀကီး Warren Buffet တစ္ေယာက္ေလာက္ပဲ ရွိၿပီး တျခား ၾသဂုတ္ေမြးသူေတြကေတာ့ ဒီေလာက္ မေအာင္ျမင္ၾကဘူးလို႔ ပ်မ္းမွ် တြက္ခ်က္မႈ စစ္တမ္းေတြ အရဆိုပါတယ္။ Microsoft ရဲ႕ သူေဌးႀကီး Bill Gates ဆိုရင္ ေအာက္တိုဘာမွာ ေမြးတယ္၊ တခ်ိဳ႕ လေတြမွာ ေအာင္ျမင္သူေတြ ေမြးဖြားမႈ ေတြ႔ရေပမယ့္ အေရ အတြက္ အမ်ားအျပားေတာ့ သိပ္မေတြ႔ရပါဘူး။

စစ္တမ္းရဲ႕ ေဖာ္ျပခ်က္ အရဆိုရင္ စက္တင္ဘာမွာ နာမည္ေက်ာ္ အဆိုေတာ္ Beyonce၊ နာမည္ေက်ာ္ ရုပ္ရွင္ မင္းသား Keanu Reeves၊ Adam Sandler နဲ႔ Salma Hayek တို႔ အပါအ၀င္ နာမည္ေက်ာ္ၾကားသူေတြရဲ႕ စီးပြားေရး သမားေတြ အျပင္ အျခား ပံုမွန္ လူထုထဲမွာကိုပဲ ေအာင္ျမင္သူေတြ၊ ဘ၀ေနထုိင္မႈ အပိုင္းမွာ ေပ်ာ္ရႊင္မႈ ေကာင္းေကာင္းရေနသူေတြ အမ်ားဆံုး ရွိတယ္လုိ႔ ေတြ႔လာရတာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ အခု စစ္တမ္းက ေအာင္ျမင္သူေတြ၊ ဘ၀မွာ ေပ်ာ္ရႊင္မႈ အမ်ားဆံုး ရေနသူေတြကို စက္တင္ဘာမွာ ေမြးတယ္လုိ႔ ဆိုေပမယ့္ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ အတြင္းက Market Watch ရဲ႕ ေလ့လာမႈနဲ႔ အတူ ေဖာ္ျပခ်က္မွာေတာ့ ေငြေၾကးၾကြယ္၀သူေတြ အမ်ားစုကေတာ့ ႏွစ္္တစ္ႏွစ္ရဲ႕ ႏွစ္ဆန္းပိုင္းမွာ ေမြးဖြားတယ္လုိ႔ ဆိုၿပီး ဇန္န၀ါရီနဲ႔ ေဖေဖာ္၀ါရီလ ေမြးသူေတြဟာ ေငြရွင္ ေၾကးရွင္ အျဖစ္မ်ားၿပီး လက္ရွိ ကမာၻ႔ ဘီလီယံနာေတြရဲ႕ ၁၂.၅ရာခိုင္ႏႈန္းထိေအာင္ ႏွစ္ဦးပိုင္း (ဇန္န၀ါရီ၊ ေဖေဖာ၀ါရီ)ေတြမွာ ေမြးသူေတြ ျဖစ္တယ္လုိ႔ ဆိုထားတာ ေတြ႔ရပါတယ္။

ဒါဆိုရင္ေတာ့ အခုစစ္တမ္း ၂ခု အရ၊ ဘ၀မွာ ေအာင္ျမင္မႈ ရတိုင္း ခ်မ္းသာတာ မဟုတ္ေလေတာ့ ေအာင္ျမင္ ေပ်ာ္ရႊင္သူေတြ အမ်ားစုက စက္တင္ဘာမွာ ေမြးတယ္၊ ေငြရွင္ေၾကးရွင္ သူေဌးေတြကေတာ့ ႏွစ္ဦးပိုင္း၊ ဇန္န၀ါရီနဲ႔ ေဖေဖာ္၀ါရီေတြမွာ ေမြးတယ္၊ ဒါဆို သင္လည္း ေမြးလ ျပန္ေတြးလိုက္တာနဲ႔ ေအာင္ျမင္ ေပ်ာ္ရႊင္မယ့္သူလား၊ သူေဌးေလာင္း တစ္ေယာက္လား သိႏုိင္လာပါၿပီေနာ္။ ဒါေပမယ့္ တျခားလ ေမြးသူေတြကေတာ့ အားငယ္စရာ ျဖစ္ေနသလိုပဲဗ်ာ၊ ဒီေတာ့ မေအာင္ျမင္ဘူး၊ မခ်မ္းသာဘူး မျဖစ္မခံပါနဲ႔၊ ႀကိဳးစားျခင္းသာ ေအာင္ျမင္ရာ၏မို႔ အားလံုး ႀကိဳးစားၾကတာေပါ့ေနာ္။

By – KKS / MUNA
Ref; maxim.com

(Unicode)

မေ ၁၇

နာမည်ကျော် တက္ကသိုလ် ၃ခုပေါင်းပြီး လေ့လာချက် တစ်ခုကို ၆နှစ်ကြအောင် လုပ်ခဲ့တယ်၊ အဲဒီလေ့လာ စောင့်ကြည့်ချက်ထဲမှာ လူပေါင်း ၁သန်းဝန်းကျင်ကို ထည့်သွင်းလေ့လာခဲ့တာ ဖြစ်ပြီး အဆိုပါ လေ့လာချက်က ဘာလဲ ဆိုတော့ တစ်နှစ်တာ ကာလရဲ့ ဘယ်လမှာ မွေးဖွားသူတွေဟာ ပိုမို အောင်မြင် တိုးတက်ကြသလဲ ဆိုတာကို သိဖို့ပဲ ဖြစ်ပါတယ်။

ဒီလို ၆နှစ်တာ အတွင်း လူပေါင်း ၁သန်းခန့်ကို စစ်တမ်းရယူ လေ့လာချက်တွေ အရ သိလာရတာကတော့ လပေါင်း ၁၂လ ရှိတဲ့ အနက် စက်တင်ဘာလမှာ မွေးဖွားသူတွေဟာ တခြား လတွေမှာ မွေးဖွားသူတွေထက် ဘဝမှာ ပိုပြီး ပျော်ပျော်ရွှင်ရွှင်နေရတယ်၊ အောင်မြင်တဲ့ ဘဝကို ရရှိကြတယ် ဆိုတာ သိလာရတာပဲ ဖြစ်ပါတယ်။

ပြီးတော့ ထူးခြားချက် နောက်တစ်ခု သိလာရတာက စက်တင်ဘာဟာ တစ်နှစ်တာရဲ့ အကောင်းဆုံးလ ဆိုပေမယ့် သူ့ရဲ့ ရှေ့လ ဖြစ်တဲ့ သြဂုတ်လကတော့ သိပ်မကောင်းဘူးလိ့ု ဆိုတာပါပဲ။ စစ်တမ်း အရတော့ ၁၂လတာ အတွင်းမှာ သြဂုတ်လ မွေးဖွားသူတွေက အောင်မြင်မှု အနည်းဆုံး၊ ပျော်ရွှင်ရမှု အနည်းဆုံး ဘဝကို ရရှိတယ်လို့ ဆိုပြန်တာ တွေ့ရပါတယ်။

သြဂုတ်လ မွေးသူတွေထဲမှာ လက်ရှိ ကျော်ကြားနေတဲ့ စီးပွားရေးသမားကြီး Warren Buffet တစ်ယောက်လောက်ပဲ ရှိပြီး တခြား သြဂုတ်မွေးသူတွေကတော့ ဒီလောက် မအောင်မြင်ကြဘူးလို့ ပျမ်းမျှ တွက်ချက်မှု စစ်တမ်းတွေ အရဆိုပါတယ်။ Microsoft ရဲ့ သူဌေးကြီး Bill Gates ဆိုရင် အောက်တိုဘာမှာ မွေးတယ်၊ တချို့ လတွေမှာ အောင်မြင်သူတွေ မွေးဖွားမှု တွေ့ရပေမယ့် အရေ အတွက် အများအပြားတော့ သိပ်မတွေ့ရပါဘူး။

စစ်တမ်းရဲ့ ဖော်ပြချက် အရဆိုရင် စက်တင်ဘာမှာ နာမည်ကျော် အဆိုတော် Beyonce၊ နာမည်ကျော် ရုပ်ရှင် မင်းသား Keanu Reeves၊ Adam Sandler နဲ့ Salma Hayek တို့ အပါအဝင် နာမည်ကျော်ကြားသူတွေရဲ့ စီးပွားရေး သမားတွေ အပြင် အခြား ပုံမှန် လူထုထဲမှာကိုပဲ အောင်မြင်သူတွေ၊ ဘဝနေထိုင်မှု အပိုင်းမှာ ပျော်ရွှင်မှု ကောင်းကောင်းရနေသူတွေ အများဆုံး ရှိတယ်လို့ တွေ့လာရတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အခု စစ်တမ်းက အောင်မြင်သူတွေ၊ ဘဝမှာ ပျော်ရွှင်မှု အများဆုံး ရနေသူတွေကို စက်တင်ဘာမှာ မွေးတယ်လို့ ဆိုပေမယ့် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အတွင်းက Market Watch ရဲ့ လေ့လာမှုနဲ့ အတူ ဖော်ပြချက်မှာတော့ ငွေကြေးကြွယ်ဝသူတွေ အများစုကတော့ နှစ်တစ်နှစ်ရဲ့ နှစ်ဆန်းပိုင်းမှာ မွေးဖွားတယ်လို့ ဆိုပြီး ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ မွေးသူတွေဟာ ငွေရှင် ကြေးရှင် အဖြစ်များပြီး လက်ရှိ ကမ္ဘာ့ ဘီလီယံနာတွေရဲ့ ၁၂.၅ရာခိုင်နှုန်းထိအောင် နှစ်ဦးပိုင်း (ဇန်နဝါရီ၊ ဖေဖောဝါရီ)တွေမှာ မွေးသူတွေ ဖြစ်တယ်လို့ ဆိုထားတာ တွေ့ရပါတယ်။

ဒါဆိုရင်တော့ အခုစစ်တမ်း ၂ခု အရ၊ ဘဝမှာ အောင်မြင်မှု ရတိုင်း ချမ်းသာတာ မဟုတ်လေတော့ အောင်မြင် ပျော်ရွှင်သူတွေ အများစုက စက်တင်ဘာမှာ မွေးတယ်၊ ငွေရှင်ကြေးရှင် သူဌေးတွေကတော့ နှစ်ဦးပိုင်း၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီတွေမှာ မွေးတယ်၊ ဒါဆို သင်လည်း မွေးလ ပြန်တွေးလိုက်တာနဲ့ အောင်မြင် ပျော်ရွှင်မယ့်သူလား၊ သူဌေးလောင်း တစ်ယောက်လား သိနိုင်လာပါပြီနော်။ ဒါပေမယ့် တခြားလ မွေးသူတွေကတော့ အားငယ်စရာ ဖြစ်နေသလိုပဲဗျာ၊ ဒီတော့ မအောင်မြင်ဘူး၊ မချမ်းသာဘူး မဖြစ်မခံပါနဲ့၊ ကြိုးစားခြင်းသာ အောင်မြင်ရာ၏မို့ အားလုံး ကြိုးစားကြတာပေါ့နော်။

By – KKS / MUNA
Ref; maxim.com

Comments

comments

You May Also Like