ႏွာေမာင္းႏွင့္အစြယ္ျဖတ္ယူသြားေသာ ဆင္သတ္မုဆိုးမ်ား ထြက္ေျပးလြတ္ေျမာက္ေန | Myanmar News Agency

ႏွာေမာင္းႏွင့္အစြယ္ျဖတ္ယူသြားေသာ ဆင္သတ္မုဆိုးမ်ား ထြက္ေျပးလြတ္ေျမာက္ေန

ေမ ၁၇ (သာေပါင္း)

ဧရာဝတီတိုင္းေဒသႀကီး သာေပါင္းၿမိဳ႕နယ္ ဆင္ေသေခ်ာင္းအတြင္းမွာ ေမလ ၁၄ ရက္ ညေနပိုင္းက ႏွာေမာင္းနဲ႔ အစြယ္ျဖတ္ခံထားရၿပီး အေရခြံႏႊာခံထားတ့ဲ ေတာဆင္ရိုင္း အေသ တစ္ေကာင္ကို ေဒသတာဝန္႐ွိသူေတြ ေတြ႔႐ွိခ့ဲၿပီး ဆင္ကို သတ္ျဖတ္ခ့ဲတ့ဲ ဆင္သတ္ မုဆိုးေတြကေတာ့ ထြက္ေျပးလြတ္ေျမာက္ေနဆဲျဖစ္တယ္လို႕ သတင္းရ႐ွိပါတယ္။

အသတ္ခံရတ့ဲဆင္ဟာ အသက္ ၃၀ အရြယ္ခန္႔ရွိ  စြယ္စံုေတာဆင္ရုိင္းအထီးျဖစ္ၿပီး အျမင့္ ၈ ေပ၊ လံုးပါတ္ ၁၁  ေပ ၈ လက္မ၊ အလ်ွား ၁၀ ေပ ၅ လက္မရွိတ့ဲဆင္တစ္ေကာင္ ျဖစ္ေၾကာင္း၊ ဆင္ႏွာေမာင္းနဲ႔ အစြယ္ရယူလိုတ့ဲအတြက္ ဆင္သတ္မုဆိုးေတြက ဦးေခါင္းကို ေသနတ္နဲ႔
ပစ္ခတ္သတ္ျဖတ္ခ့ဲတာ ျဖစ္တယ္လို႔ ဧရာဝတီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွဴးရုံးထံက သိရပါတယ္။

“ဆင္က ေခါင္းကိုေသနတ္နဲ႔ပစ္သတ္ခံခ့ဲရတာ ျဖစ္တယ္။ စြယ္စံုဆင္ထီးျဖစ္ၿပီး ဆင္ကို  အေရခြံေတြႏႊာတယ္။ ႏွာေမာင္းကိုလည္း ျဖတ္ယူသြားတယ္ဆိုေတာ့ အစြယ္ေတြပါ မုဆိုးေတြ ျဖတ္ယူသြားတယ္လို႔ယူဆရတယ္။ ဒီအမႈကို  သာေပါင္းၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ထားျပီး  တရားခံေတြ ဖမ္းဆီးရမိေရး ေဆာင္ရြက္ ေနပါတယ္”လို႔ ဧရာဝတီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မႈးရုံးက ဒုရဲမႈးႀကီးခင္ေမာင္လတ္က ေျပာပါတယ္။

ေတာဆင္ရုိင္းအသတ္ခံရမႈကို သာေပါင္းၿမိဳ႕မ  ရဲစခန္းမွ (ပ)၁၅၂/၂၀၁၈ ေတာရုိင္းတိရိစၦာန္ႏွင့္ သဘာဝအပင္မ်ားကာကြယ္ေရးႏွင့္ သဘာဝနယ္ေျမမ်ားထိန္းသိမ္းေရးဥပေဒပုဒ္မ ၃၇(က) နဲ႔ အမႈဖြင့္ထားတယ္လို႕ သိရပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးအတြင္းမွာ႐ွိတ့ဲ ပုသိမ္၊ သာေပါင္းနဲ႔ ငပုေတာၿမိဳ႕နယ္အတြင္းက သစ္ေတာႀကိဳးဝိုင္းေတြထဲမွာ ၂၀၁၈ ခုႏွစ္အတြင္း  ေတာဆင္ရုိင္း ၄ ေကာင္ သတ္ျဖတ္ခံခ့ဲရတယ္လို႕ သိရပါတယ္။

By – ဆန္းသစ္/ဧရာဝတီတိုင္းမ္
Ayeyarwaddy Times

(Unicode)

မေ ၁၇ (သာပေါင်း)

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ဆင်သေချောင်းအတွင်းမှာ မေလ ၁၄ ရက် ညနေပိုင်းက နှာမောင်းနဲ့ အစွယ်ဖြတ်ခံထားရပြီး အရေခွံနွှာခံထားတဲ့ တောဆင်ရိုင်း အသေ တစ်ကောင်ကို ဒေသတာဝန်ရှိသူတွေ တွေ့ရှိခဲ့ပြီး ဆင်ကို သတ်ဖြတ်ခဲ့တဲ့ ဆင်သတ် မုဆိုးတွေကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သတင်းရရှိပါတယ်။

အသတ်ခံရတဲ့ဆင်ဟာ အသက် ၃၀ အရွယ်ခန့်ရှိ  စွယ်စုံတောဆင်ရိုင်းအထီးဖြစ်ပြီး အမြင့် ၈ ပေ၊ လုံးပါတ် ၁၁  ပေ ၈ လက်မ၊ အလျှား ၁၀ ပေ ၅ လက်မရှိတဲ့ဆင်တစ်ကောင် ဖြစ်ကြောင်း၊ ဆင်နှာမောင်းနဲ့ အစွယ်ရယူလိုတဲ့အတွက် ဆင်သတ်မုဆိုးတွေက ဦးခေါင်းကို သေနတ်နဲ့
ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံက သိရပါတယ်။

“ဆင်က ခေါင်းကိုသေနတ်နဲ့ပစ်သတ်ခံခဲ့ရတာ ဖြစ်တယ်။ စွယ်စုံဆင်ထီးဖြစ်ပြီး ဆင်ကို  အရေခွံတွေနွှာတယ်။ နှာမောင်းကိုလည်း ဖြတ်ယူသွားတယ်ဆိုတော့ အစွယ်တွေပါ မုဆိုးတွေ ဖြတ်ယူသွားတယ်လို့ယူဆရတယ်။ ဒီအမှုကို  သာပေါင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး  တရားခံတွေ ဖမ်းဆီးရမိရေး ဆောင်ရွက် နေပါတယ်”လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးက ဒုရဲမှုးကြီးခင်မောင်လတ်က ပြောပါတယ်။

တောဆင်ရိုင်းအသတ်ခံရမှုကို သာပေါင်းမြို့မ  ရဲစခန်းမှ (ပ)၁၅၂/၂၀၁၈ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပုသိမ်၊ သာပေါင်းနဲ့ ငပုတောမြို့နယ်အတွင်းက သစ်တောကြိုးဝိုင်းတွေထဲမှာ ၂၀၁၈ ခုနှစ်အတွင်း  တောဆင်ရိုင်း ၄ ကောင် သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

By – ဆန်းသစ်/ဧရာဝတီတိုင်းမ်
Ayeyarwaddy Times

Comments

comments

You May Also Like