မင်းသား Will Smith ကမ္ဘာ့ဖလား‌သီချင်း 'Live It Up' မှာ ပါဝင်သီဆို | Myanmar News Agency
မင်းသား Will Smith ကမ္ဘာ့ဖလား‌သီချင်း ‘Live It Up’ မှာ ပါဝင်သီဆို
ဇွန်‌ ၁၄
By – ‌ထော်‌‌ထော်‌ / MUNA
(Unicode)
ဇွန်‌ ၁၄
ကမ္ဘာ‌ကျော်‌ ‌ဟောလီဝုဒ်‌ရုပ်‌ရှင်‌မင်‌းသား Will Smith ဟာ ၂၀၁၈ ခုနှစ်‌၊ ကမ္ဘာ့ဖလား တရားဝင်‌‌တေးသီချင်‌းဖြစ်‌တဲ့ ‘Live It Up’ ‌တေးသီချင်‌းကို အခြားအဆို‌တော်‌များနဲ့အတူ ပူး‌ပေါင်‌းပါဝင်‌ သီဆို‌ခဲ့‌ပါတယ်‌။
အဆိုပါ‌တေးသီချင်‌းကို Will Smith နဲ့အတူ ပွာတိုရီကိုနိုင်‌ငံဖွား ရက်‌‌ဂေးနာမည်‌‌ကျော်‌ အဆို‌တော်‌ Nicky Jam နဲ့ ကိုဆိုဗိုနိုင်‌ငံဖွား အ‌ဆို‌တော်‌မ‌လေး Era Istrefi တို့က ပူး‌ပေါင်‌းသီဆိုထားကြပါတယ်‌။ Live It Up ‌တေးသီချင်‌းကို နာမည်‌‌ကျော်‌ ဂီတထုတ်‌လုပ်‌သူ Diplo မှ ထုတ်‌လုပ်‌ထား‌ပေးခြင်‌း ဖြစ်‌ပြီး  ယင်‌း‌တေးသီချင်‌းထဲမှာ စိတ်‌လှုပ်‌ရှာဖွယ်‌ရာ များနဲ့ ‌မှော်‌ဆန်‌တဲ့ ‌တေးစာသား‌တွေ ပါဝင်‌တယ်လို့ Diplo ဆိုထားပါတယ်‌။
တေးသီချင်‌းထဲမှာ ပါဝင်‌သီဆိုထား‌ပေးတဲ့ ကမ္ဘာ‌ကျော်‌ ရုပ်‌ရှင်‌မင်‌းသား Will Smith က ယခုလို ကမ္ဘာ့ဖလား‌ဖျော်‌‌ဖြေပွဲမှာ ပါဝင်‌‌ဖျော်‌‌ဖြေခွင်‌့ ရလာတဲ့အတွက်‌ ဂုဏ်‌ယူမိတယ်လို့ ပြောပါတယ်။ ‌
ဒီနေ့ (ဇွန်‌လ ၁၄ရက်) ၊ ရုရှားနိုင်‌ငံ၊ ‌မော်‌စကိုမြို့မှာ ‌ကမ္ဘာ့ဖလားဖွင်‌့ပွဲအဖြစ်‌  ပါဝင်‌သီဆို‌ဖျော်‌‌ဖြေ‌ပေးသွားမယ်‌့ Live It Up ‌တေးသီချင်‌းဟာ ‌တေးဂီတဗီဒီယိုအဖြစ်‌ ပြီးခဲ့တဲ့ ဇွန်‌လ ၈ ရက်‌‌နေ့က Youtube ‌ပေါ်မှာ စတင်‌ထုတ်‌လွှင်‌့‌ပေးခဲ့ခြင်‌း ဖြစ်‌ပြီး ဇွန်‌လ ၁၄ ရက်‌‌နေ့ (ယ‌နေ့) အထိ ပရိသတ်‌ကြည်‌့ရှုနှုန်‌း သန်‌း ၂၀ ပြည်‌့သွားခဲ့ပြီ ဖြစ်ပါတယ်။
By – ‌ထော်‌‌ထော်‌ / MUNA
Source – World Music Awards
Comments
comments
You May Also Like