မိုးကုတ်မြို့တွင် မြေပြို၍ လူ ၅ ဦးသေဆုံး | Myanmar News Agency

မိုးကုတ်မြို့တွင် မြေပြို၍ လူ ၅ ဦးသေဆုံး

မန္တ​လေး ဇွန်​ ၁၄






By – ပြည်​စိုး
MUNA


(Unicode)

မန္တလေး ဇွန် ၁၄

မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ၊ မိုးကုတ်မြို့ အောင်သစ်လွင်ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းကမြေပြိုမှုဖြစ်ပွားပြီး လူငါးဦး သေဆုံးခဲ့ကြောင်း ပါရမီ နာမှုကူညီရေးအသင်းမှ သိရသည်။

အဆိုပါမြေပြိုမှု ဖြစ်ပွားပြီး နေအိမ်တစ်လုံးအတွင်းမှအမျိုးသမီးနှစ်ဦး၊ အမျိုးသားသုံးဦးတို့သေဆုံးခဲ့ကြောင်းသိရသည်။

“ အိမ်တစ် အိမ်ထဲက ညအိပ်ချိန်မှာ မြေပြိုမှု ဖြစ်တာဆိုတော့ မိသားစု ၅ ဦးလုံးမြေပြိုတဲ့ထဲ ပါသွားပြီးသေဆုံးခဲ့တယ်” ဟု ပါရမီနာမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံသူများထဲ တွင် တခြားဒေသမှ လာရောက်နေထိုင်သည့် ဧည့်သည်တစ်ဦးပါဝင်ခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့တွင်ဇွန် ၁၀ ရက်ခန့် မှစ၍မိုးရွာသွန်းမှုနှင့် လေတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်ခြင်း၊ မြေပြိုခြင်း၊အိမ်ပြိုကျခြင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

By – ပြည်စိုး
MUNA

Photo – Ko Ko Min facebook

Comments

comments

You May Also Like