မိုးေကာင္း-ဖားကန္႔ ကားလမ္းေဘးတြင္ ခ်ိန္ကိုက္မိုင္း(၁)လံုး ေတြ႕ | Myanmar News Agency

မိုးေကာင္း-ဖားကန္႔ ကားလမ္းေဘးတြင္ ခ်ိန္ကိုက္မိုင္း(၁)လံုး ေတြ႕

မိုးေကာင္း ဇြန္ ၂၄

ကခ်င္ျပည္နယ္ မိိုးေကာင္းၿမိဳ႕နယ္အတြင္းရိွ အုတ္က်င္းေက်းရြာအနီး မိုးေကာင္း-ဖားကန္႔ ကားလမ္းေဘးတြင္ ယေန႔ (ဇြန္၂၄ရက္) ေန႔လယ္ ၁နာရီခြဲက မေပါက္ကြဲေသးသည့္ ခ်ိန္ကိုက္မိုင္းတစ္လံုး ေတြ႔ရိွခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မိုးေကာင္း-ဖားကန္႔သြား ကားလမ္းမေပၚရိွ အုတ္က်င္းေက်းရြာအနီး မိုင္တိုင္အမွတ္(၃၉၅ ႏွင့္ ၃၉၆)ၾကားတြင္ လမ္းဦးစီးဌာနမွ လမ္းခင္းေဆာင္ရြက္ေနစဥ္ လမ္​းလုပ္​သား မ်ိဳး​ေအာင္​(၁၅)ႏွစ္မွ လမ္းေဘးဇီးျခံဳအတြင္း ႂကြပ္ႂကြပ္အိတ္အမည္းေရာင္ႏွင့္ထုတ္လ်က္ မိုင္းဟုမသကၤာဖြယ္ေတြ႔ရိွရ၍ အုတ္က်င္းေက်းရြာအုပ္ခ်ဳပ္ေရးမႉးမွတဆင့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔သို႔ အေၾကာင္းၾကားရာမွ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မႉး ရဲမႉးဝင္းျမင့္ေအာင္ ဦးေဆာင္သည့္တပ္ဖြဲ႔ဝင္မ်ား၊ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးႏွင့္ တာဝန္ရိွသူမ်ားက နယ္ေျမခံစစ္အင္ဂ်င္နီယာတပ္သို႔ အေၾကာင္းၾကားကာ ႐ွင္းလင္းေရးမ်ား ေဆာင္ရြက္ခဲ့ျခင္းေၾကာင့္ မြန္းလြဲ(၃)နာရီတြင္ အဆိုပါခိ်န္ကိုက္မိုင္းအား ႐ွင္းလင္းၿပီးစီးခဲ့သည္။

အဆိုပါမိုင္းအမ်ိဳးအစားမွာ အခ်င္း ၄ လက္မ၊ အျမင့္ ၈ လက္မအရြယ္ရိွ ကားစလစ္အတြင္း TMT ယမ္းေပ်ာ့ထည့္သြင္းၿပီး ေကာ့တက္ယမ္းႀကိဳးတပ္ဆင္ကာ Receiver ဆားကစ္အား AA ဓာတ္ခဲ ၅ လံုးႏွင့္ခ်ိတ္ဆက္၍ အေဝးထိန္းေဖာက္ခြဲရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း နယ္ေျမခံစစ္အင္ဂ်င္နီယာတပ္မွ ဗိုလ္ႀကီးမင္းတင္ဦးက ႐ွင္းလင္းေျပာၾကားၿပီး ၎ေတြ႔ရိွခဲ့သည့္ခ်ိန္ကိုက္မိုင္းအား နယ္ေျမခံစစ္အင္ဂ်င္နီယာတပ္၌ စနစ္တက်သိမ္းဆည္းထားေၾကာင္း သိရသည္။

By – ဝင္းႏိုင္ (ကခ်င္ေျမ)
MUNA

(Unicode)

မိုးကောင်း ဇွန် ၂၄

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ အုတ်ကျင်းကျေးရွာအနီး မိုးကောင်း-ဖားကန့် ကားလမ်းဘေးတွင် ယနေ့ (ဇွန်၂၄ရက်) နေ့လယ် ၁နာရီခွဲက မပေါက်ကွဲသေးသည့် ချိန်ကိုက်မိုင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်း-ဖားကန့်သွား ကားလမ်းမပေါ်ရှိ အုတ်ကျင်းကျေးရွာအနီး မိုင်တိုင်အမှတ်(၃၉၅ နှင့် ၃၉၆)ကြားတွင် လမ်းဦးစီးဌာနမှ လမ်းခင်းဆောင်ရွက်နေစဉ် လမ်းလုပ်သား မျိုးအောင်(၁၅)နှစ်မှ လမ်းဘေးဇီးခြုံအတွင်း ကြွပ်ကြွပ်အိတ်အမည်းရောင်နှင့်ထုတ်လျက် မိုင်းဟုမသင်္ကာဖွယ်တွေ့ရှိရ၍ အုတ်ကျင်းကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် မြို့နယ်ရဲတပ်ဖွဲ့သို့ အကြောင်းကြားရာမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင် ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက နယ်မြေခံစစ်အင်ဂျင်နီယာတပ်သို့ အကြောင်းကြားကာ ရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ခြင်းကြောင့် မွန်းလွဲ(၃)နာရီတွင် အဆိုပါချိန်ကိုက်မိုင်းအား ရှင်းလင်းပြီးစီးခဲ့သည်။

အဆိုပါမိုင်းအမျိုးအစားမှာ အချင်း ၄ လက်မ၊ အမြင့် ၈ လက်မအရွယ်ရှိ ကားစလစ်အတွင်း TMT ယမ်းပျော့ထည့်သွင်းပြီး ကော့တက်ယမ်းကြိုးတပ်ဆင်ကာ Receiver ဆားကစ်အား AA ဓာတ်ခဲ ၅ လုံးနှင့်ချိတ်ဆက်၍ အဝေးထိန်းဖောက်ခွဲရန် စီစဉ်ထားခြင်းဖြစ်ကြောင်း နယ်မြေခံစစ်အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီးမင်းတင်ဦးက ရှင်းလင်းပြောကြားပြီး ၎င်းတွေ့ရှိခဲ့သည့်ချိန်ကိုက်မိုင်းအား နယ်မြေခံစစ်အင်ဂျင်နီယာတပ်၌ စနစ်တကျသိမ်းဆည်းထားကြောင်း သိရသည်။

By – ဝင်းနိုင် (ကချင်မြေ)
MUNA

Comments

comments

You May Also Like