မူလတန္းျပေက်ာင္းဆရာမ ေက်ာင္းသားမ်ားကုိ အသက္ႏွင့္ရင္း၍ ကယ္တင္ခဲ႔ | Myanmar News Agency

မူလတန္းျပေက်ာင္းဆရာမ ေက်ာင္းသားမ်ားကုိ အသက္ႏွင့္ရင္း၍ ကယ္တင္ခဲ႔

ဇင္က်န္း ဇြန္ (၁၄)

တရုတ္ႏုိင္ငံအလယ္ပုိင္း ဇင္ယန္ျမိဳ႕တြင္ ဇြန္ ၁၁ ရက္ေန႔က သုံးဘီးေမာ္ေတာ္ဆုိင္တစ္စီးမွ ရုတ္တရက္မီးနီျဖတ္၍ လူကူးမ်ဥ္းၾကားမွ ေက်ာင္းသားမ်ားကုိထိပ္တုိက္ တုိက္မိမည့္အေျခအေနကုိ မူလတန္းျပဆရာမတစ္ဦးက ကာကြယ္ေပးလုိက္ႏိုင္ခဲ့သည္။ ဆရာမ၏ တပည့္ ေက်ာင္းသားေက်ာင္းသူေလးဦးမွွာ ယင္းျဖစ္ရပ္တြင္ ဒဏ္ရာရခဲ႔ၾကျပီး ဆရာမမွာမူ အသက္နဲ႔ရင္းခဲ႔ရသည္ဟု Dahe Daily မွ ေဖာ္ျပသည္။

ဟီနန္ခရုိင္ ဇင္ယန္ျမိဳ႕တြင္ သူမတုိ႔ေက်ာင္းမွ မီတာငါးဆယ္အကြာ လူကူးမ်ဥ္းၾကားတြင္ ဆရာမလီဖန္မွာ တပည့္ေလးဦးႏွင့္အတူ ျဖတ္လာစဥ္ ညေန ၅နာရီ ၅၁ မိနစ္တြင္ မေတာ္တဆတုိက္ခံရမႈ ျဖစ္ခဲ႔သည္။

ဖရဲသီးအျပည့္တင္ေဆာင္လာသည့္ လုိင္စင္မပါေသာ သုံးဘီးယာဥ္တစ္စီးက မီးနီကုိ ရုတ္တရက္ျဖတ္ေက်ာ္လာျပီး ရပ္တန္႔မည့္အရိပ္အေယာင္မျပပဲ ကေလးမ်ားဆီသု္ိ႔ တည့္တည့္ေမာင္းလာရာ လမ္းေပၚမွ ေရွာင္ေျပးရန္ ဆရာမလီက ပထမေအာ္ေနရင္း  ကေလးမ်ားကုိ ေဘးသု္ိ႔တြန္းလႊတ္ခဲ႔သည္။

အရွိန္ႏွင့္ေမာင္းလာသည့္ သုံးဘီးယာဥ္က ဆရာမလီကုိ ဝင္တုိက္မိျပီးေနာက္ ေျမျပင္ေပၚသုိ႔ျပဳတ္က်သြားျပီး သတိလစ္သြားခဲ႔သည္။

အနီးအနားရွိသူမ်ားက ေဆးရုံသုိ႔အလ်ွင္အျမန္ ခ်က္ခ်င္းပုိ႔ေဆာင္ေပးခဲ႔ၾကေသာ္လည္း ဆရာဝန္မ်ားက ဆရာမလီ၏ အသက္ကုိ မကယ္တင္ႏိုင္ခဲ႔ေပ။ ေနာက္တေန႔ တြင္ ဆရာမလီ ေသဆုံးသြားေၾကာင္း နာေရးသတင္းကုိ ေက်ာင္းမွ ေၾကညာခဲ႔သည္။

ဆရာမလီ အသက္ႏွင့္ရင္းကယ္တင္လုိက္၍သာ ေက်ာင္းသားေလးဦးအနက္ တစ္ဦးသာ ဦးေခါင္းတြင္ ေျခာက္ခ်က္ခ်ဳပ္လုိက္ရျပီး သုံးဦးမွာ ဒဏ္ရာအနည္းငယ္သာ ရခဲ႔သည္။

၁၉၆၉ တြင္ ေမြးဖြားသူ ဆရာမလီဖန္မွာ အူဒုန္ဂ်ာဟီျမိဳ႕ လူဇီဖန္ဟုပ္ မူလတန္းေက်ာင္းတြင္ ဒုတိတန္းျပဆရာမတစ္ဦးအျဖစ္ သင္ၾကားေပးေနသူုျဖစ္သည္။ ဆရာေသဆုံးရမႈအတြက္ ေက်ာင္းသားမ်ား မိဘမ်ား ဝမ္နည္းေနခဲ႔ၾကသည္။

By – KSM / MUNA
Ref ; Shine News China

(Unicode)

ဇင်ကျန်း ဇွန် (၁၄)

တရုတ်နိုင်ငံအလယ်ပိုင်း ဇင်ယန်မြို့တွင် ဇွန် ၁၁ ရက်နေ့က သုံးဘီးမော်တော်ဆိုင်တစ်စီးမှ ရုတ်တရက်မီးနီဖြတ်၍ လူကူးမျဉ်းကြားမှ ကျောင်းသားများကိုထိပ်တိုက် တိုက်မိမည့်အခြေအနေကို မူလတန်းပြဆရာမတစ်ဦးက ကာကွယ်ပေးလိုက်နိုင်ခဲ့သည်။ ဆရာမ၏ တပည့် ကျောင်းသားကျောင်းသူလေးဦးမှှာ ယင်းဖြစ်ရပ်တွင် ဒဏ်ရာရခဲ့ကြပြီး ဆရာမမှာမူ အသက်နဲ့ရင်းခဲ့ရသည်ဟု Dahe Daily မှ ဖော်ပြသည်။

ဟီနန်ခရိုင် ဇင်ယန်မြို့တွင် သူမတို့ကျောင်းမှ မီတာငါးဆယ်အကွာ လူကူးမျဉ်းကြားတွင် ဆရာမလီဖန်မှာ တပည့်လေးဦးနှင့်အတူ ဖြတ်လာစဉ် ညနေ ၅နာရီ ၅၁ မိနစ်တွင် မတော်တဆတိုက်ခံရမှု ဖြစ်ခဲ့သည်။

ဖရဲသီးအပြည့်တင်ဆောင်လာသည့် လိုင်စင်မပါသော သုံးဘီးယာဉ်တစ်စီးက မီးနီကို ရုတ်တရက်ဖြတ်ကျော်လာပြီး ရပ်တန့်မည့်အရိပ်အယောင်မပြပဲ ကလေးများဆီသို့ တည့်တည့်မောင်းလာရာ လမ်းပေါ်မှ ရှောင်ပြေးရန် ဆရာမလီက ပထမအော်နေရင်း  ကလေးများကို ဘေးသို့တွန်းလွှတ်ခဲ့သည်။

အရှိန်နှင့်မောင်းလာသည့် သုံးဘီးယာဉ်က ဆရာမလီကို ဝင်တိုက်မိပြီးနောက် မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီး သတိလစ်သွားခဲ့သည်။

အနီးအနားရှိသူများက ဆေးရုံသို့အလျှင်အမြန် ချက်ချင်းပို့ဆောင်ပေးခဲ့ကြသော်လည်း ဆရာဝန်များက ဆရာမလီ၏ အသက်ကို မကယ်တင်နိုင်ခဲ့ပေ။ နောက်တနေ့ တွင် ဆရာမလီ သေဆုံးသွားကြောင်း နာရေးသတင်းကို ကျောင်းမှ ကြေညာခဲ့သည်။

ဆရာမလီ အသက်နှင့်ရင်းကယ်တင်လိုက်၍သာ ကျောင်းသားလေးဦးအနက် တစ်ဦးသာ ဦးခေါင်းတွင် ခြောက်ချက်ချုပ်လိုက်ရပြီး သုံးဦးမှာ ဒဏ်ရာအနည်းငယ်သာ ရခဲ့သည်။

၁၉၆၉ တွင် မွေးဖွားသူ ဆရာမလီဖန်မှာ အူဒုန်ဂျာဟီမြို့ လူဇီဖန်ဟုပ် မူလတန်းကျောင်းတွင် ဒုတိတန်းပြဆရာမတစ်ဦးအဖြစ် သင်ကြားပေးနေသူုဖြစ်သည်။ ဆရာသေဆုံးရမှုအတွက် ကျောင်းသားများ မိဘများ ဝမ်နည်းနေခဲ့ကြသည်။

By – KSM / MUNA
Ref ; Shine News China

Comments

comments

You May Also Like