လစာ အျမင့္ဆံုး နပန္းသမားမ်ား … | Myanmar News Agency

လစာ အျမင့္ဆံုး နပန္းသမားမ်ား …

ဇြန္ ၁၄

အခုေျပာမွာကေတာ့ အခုႏွစ္ အတြင္းမွာ ကစားေနတဲ့ နပန္းသမားေတြထဲက လစာ အျမင့္ဆံုး ရရွိေနတဲ့ နပန္းသမားေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။

Smack Down, Raw နဲ႔ WWEေတြ အျဖစ္ ခြဲျခား သတ္မွတ္ထာေးပမယ့္ လူႀကိဳက္ အမ်ားဆံုးနဲ႔ နာမည္အႀကီးဆံုး WWEရဲ႕ လစာ အျမင့္ဆံုး ရရွိေနတဲ့ နပန္းသမားေတြပဲ ျဖစ္ပါတယ္။

(၁) Brock Lesnar – တစ္ႏွစ္ ၀င္ေငြ ၁၂သန္းထိ္ေအာင္ ရွိေနပါတယ္။ ဇူလိုင္လ အတြင္းက UFC ရဲ႕ ကစားသမား တစ္ဦးျဖစ္တဲ့  Mark Hunt နဲ႔ ပြဲစဥ္တပြဲတည္းမွာတင္ ၀င္ေငြ ၂.၅သန္းေလာက္ထိေအာင္ ရခဲ့ပါတယ္။ ဒါေပမယ့္ အဆိုပါ ပြဲစဥ္ေနာက္ပိုင္း ေဆးစစ္ခ်က္ က်ခဲ့လို႔ ၁၀ရာခိုင္ႏႈန္းေလာက္ ဆုေၾကးကုိ ျပန္ေပးခဲ့ရတာလည္း ေတြ႔ရပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ အတြင္းကေန စတင္ၿပီး ပြဲစဥ္ေတြ အမ်ားအျပား ျပန္လည္ ထုိးသတ္လာသလို လူႀကိဳက္မ်ားမႈနဲ႔ ၀င္ေငြေကာင္းလာတာ ျဖစ္ပါတယ္။

(၂) John Cena – ေဒၚလာ ၈သန္းေလာက္ ၀င္ေငြ ရွိပါတယ္။ အခုခ်ိန္ထိေအာင္ WWE မွာ စီနာကို အေကာင္းဆံုး ထုိးသတ္ႏုိင္သူ အနီးဆံုးၿပိဳင္ဖက္ေကာင္း မရွိေသးဘူးလို႔ေတာင္ ဆိုႏုိင္ေပမယ့္ ၀င္ေငြေတာ့ နည္းနညး္ က်သြားပါတယ္။ ၂၀၁၆ခုႏွစ္ အတြင္းမွာလည္း ပခံုး ဒဏ္ရာေၾကာင့္ ၅လ ေလာက္ အနားယူခဲ့ရသူပါ။ ဒါေပမယ့္ ႏွစ္ကုန္ပိုင္း ေနာက္ဆံုး ၃လမွာေတာ့ လက္စြမ္းျပကစားပြဲေတြနဲ႔ ပရိတ္သတ္ ျပန္လည္ လက္ခံလာခဲ့ပါတယ္။

(၃) Triple H – လက္ရွိ WWE ပြဲစဥ္ေတြမွာ ထုိးသတ္မႈ သိပ္မေတြ႔ရေတာ့ဘူးဆု္ိေပမယ့္ သူက WWE ရဲ႕ လူငယ္ေမြးထုတ္ေရးအပိုင္းမွာလည္း လက္ေထာက္အုပ္ခ်ဳပ္သူ ျဖစ္ေနတယ္၊ Live လႊင့္တဲ့ အစီအစဥ္ေတြမွာလည္း ပါတယ္၊ ပြဲစီစဥ္သူ အျဖစ္လည္း တာ၀န္ယူထားလို႔ တစ္ႏွစ္ကို ၀င္ေငြ ၃.၈သန္းေလာကင္ထိေအာင္ ရေနဆဲပါ။ အရင္ႏွစ္က ဆိုရင္ ထုိးသတ္ေၾကးေတြ မပါပဲ လစာ၊ ေငြသားဆုေၾကးနဲ႔ ကုမၸဏီရွယ္ယာထဲမွာ ပါ၀င္ထားမႈေတြကတင္ ၀င္ေငြ ၁.၃သန္းေလာက္ ရခဲ့သူလည္း ျဖစ္ပါတယ္။

(၄) Roman Reigns – ေနာက္ပိုင္းမ်က္ႏွာသစ္ နပန္းသမားေတြထဲမွာေတာ့ ရိုမန္ကို ႏွစ္သက္သူ အမ်ားဆံုးရွိေနတယ္လုိ႔ ဆိုရေလာက္ေအာင္ လူႀကိဳက္မ်ားပါတယ္။ အခ်ိန္တို အတြင္းမွာ WWE ရဲ႕ ထိပ္တန္း ကစားသမား တစ္ဦး ျဖစ္လာပါတယ္။ အသက္ ၃၁ႏွစ္ပဲ ရွိေသးတဲ့ ရိုမန္ဟာ ၂၀၁၆ ခုႏွစ္အတြင္း ကစားခဲ့တဲ့ အထူးပြဲစဥ္ ၇ခုထိေအာင္ ပါ၀င္ထိုးသတ္ခြင့္လည္း ရခဲ့ပါတယ္။ ၿပီးေတာ့ အရင္ႏွစ္ထဲမွာ စီနာထက္ကိုပဲ ပရိတ္သတ္ ပိုမ်ားခဲ့ၿပီး ၀င္ေငြ ၃.၅သန္းထိေအာင္ရွိေနတာ ေတြ႔ရပါတယ္။

(၅) Dean Ambrose – အရင္ႏွစ္က တစ္ႏွစ္တာလံုး ကစားခဲ့တဲ့ WWEပြဲစဥ္ေတြထဲမွာ အမ္းဘရို႕စ္ေလာက္ ပြဲခ်ိန္ အမ်ားဆံုး၊ ပြဲတုိင္းနီးပါး ပါ၀င္ကစားခဲ့သူ မရွိခ့ဲပါဘူး။ ဒါေၾကာင့္လည္း ၀င္ေငြ ၂.၇သန္းထိေအာင္ ရွိခဲ့သလို စာရင္းေတြ အရဆိုရင္ သူဟာ အရင္ႏွစ္ထဲမွာ ၁၉၄ပြဲထိေအာင္ စင္ျမင့္ထက္ ထိုးသတ္မႈေရာ ေျပာဆို ေဖ်ာ္ေျဖမႈပါေပးခဲ့ပါတယ္။ ဒါဟာ အျခား သူေတြထက္ ၉ရာခုိင္ႏႈန္းေလာက္ထိေအာင္ အခမ္းအနားတိုင္းမွာ ပါ၀င္ခဲ့တာ ျဖစ္ပါတယ္။ အေကာင္းဆံုး နပန္းသမား အျဖစ္ စာရင္း၀င္ဖုိ႔ ႀကိဳးစားေနေပမယ့္ ပရိတ္သတ္ကေတာ့ အမ္းဘရို႕စ္ကို မ်က္ႏွာသိ ျဖစ္လာေစခဲ့ပါတယ္။

(၆) AJ Styles – ၂၀၁၆ခုႏွစ္ ႏွစ္ဆန္းပိုင္းကေန စတင္ၿပီး ဂ်ပန္နပန္းေလာက ကေန WWE မွာ အၿမဲတမ္း ရွိေနဖုိ႔ ေျခခ်လာခဲဲ့သူ ျဖစ္ၿပီး သူေရာက္စမွာတင္ က်င္းပတဲ့ Royal Rumbleပြဲစဥ္မွာ သူ႔ကို ပရိသတ္က စတင္ သတိထားမိၿပီး လူႀကိဳက္မ်ားလာသလို ၀င္ေငြလည္း ၂.၄သန္းထိေအာင္ ရွိလာပါတယ္။ လက္ရွိ ရိုမန္ (Roman Reigns)၊ အမ္းဘရိုစ္ (Ambrose)၊ ကီဗင္ (Kevin Ownens)တို႔နဲ႔ တြဲဖက္ လူႀကိဳက္မ်ားေနပါတယ္။ အရင္ႏွစ္က သူတို႔ေတြ အဓိက ပါ၀င္မႈန႔ဲအတူ အထူးပြဲစဥ္ေပါင္း တစ္ဒါဇင္ေလာက္ထိေအာင္ က်င္းပကစားႏုိင္ခဲ့တာလည္း ေတြ႔ရပါတယ္။

(၇) Shane McMahon – သူလည္း မထင္မွတ္ေလာက္ေအာင္ တျခား နပန္းသမားေတြထက္ ၀င္ေငြေကာင္းၿပီး တစ္ႏွစ္ကို ၂.၂သန္းေလာက္ထိေအာင္ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလကမွ  ၆ႏွစ္ၾကာ WWE နဲ႔ ကင္းကြာေနသည့္တိုင္ေအာင္ ျပန္ကစားလာတာပါ။ WrestleMania 32မွာ Untertaker လို နာမည္ေက်ာ္ ကစားသမားနဲ႔ ထိုးသတ္ခဲ့ၿပီး လူႀကိဳက္မ်ားလာသလို ၂၀၁၆ခုႏွစ္ အတြင္းကလည္း ၀င္ေငြ ၂.၁၅သန္းေလာက္ထိေအာင္ ရခဲ့တယ္လုိ႔ WWEက ဆိုသလို အခုႏွစ္လည္း လူႀကိဳက္ဆက္မ်ားေနတာ ျဖစ္ပါတယ္။

By – KKS / MUNA
Ref; forbes

(Unicode)

ဇွန် ၁၄

အခုပြောမှာကတော့ အခုနှစ် အတွင်းမှာ ကစားနေတဲ့ နပန်းသမားတွေထဲက လစာ အမြင့်ဆုံး ရရှိနေတဲ့ နပန်းသမားတွေ အကြောင်းပဲ ဖြစ်ပါတယ်။

Smack Down, Raw နဲ့ WWEတွေ အဖြစ် ခွဲခြား သတ်မှတ်ထာေးပမယ့် လူကြိုက် အများဆုံးနဲ့ နာမည်အကြီးဆုံး WWEရဲ့ လစာ အမြင့်ဆုံး ရရှိနေတဲ့ နပန်းသမားတွေပဲ ဖြစ်ပါတယ်။

(၁) Brock Lesnar – တစ်နှစ် ဝင်ငွေ ၁၂သန်းထိအောင် ရှိနေပါတယ်။ ဇူလိုင်လ အတွင်းက UFC ရဲ့ ကစားသမား တစ်ဦးဖြစ်တဲ့  Mark Hunt နဲ့ ပွဲစဉ်တပွဲတည်းမှာတင် ဝင်ငွေ ၂.၅သန်းလောက်ထိအောင် ရခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ပွဲစဉ်နောက်ပိုင်း ဆေးစစ်ချက် ကျခဲ့လို့ ၁၀ရာခိုင်နှုန်းလောက် ဆုကြေးကို ပြန်ပေးခဲ့ရတာလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ် အတွင်းကနေ စတင်ပြီး ပွဲစဉ်တွေ အများအပြား ပြန်လည် ထိုးသတ်လာသလို လူကြိုက်များမှုနဲ့ ဝင်ငွေကောင်းလာတာ ဖြစ်ပါတယ်။

(၂) John Cena – ဒေါ်လာ ၈သန်းလောက် ဝင်ငွေ ရှိပါတယ်။ အခုချိန်ထိအောင် WWE မှာ စီနာကို အကောင်းဆုံး ထိုးသတ်နိုင်သူ အနီးဆုံးပြိုင်ဖက်ကောင်း မရှိသေးဘူးလို့တောင် ဆိုနိုင်ပေမယ့် ဝင်ငွေတော့ နည်းနည်း ကျသွားပါတယ်။ ၂၀၁၆ခုနှစ် အတွင်းမှာလည်း ပခုံး ဒဏ်ရာကြောင့် ၅လ လောက် အနားယူခဲ့ရသူပါ။ ဒါပေမယ့် နှစ်ကုန်ပိုင်း နောက်ဆုံး ၃လမှာတော့ လက်စွမ်းပြကစားပွဲတွေနဲ့ ပရိတ်သတ် ပြန်လည် လက်ခံလာခဲ့ပါတယ်။

(၃) Triple H – လက်ရှိ WWE ပွဲစဉ်တွေမှာ ထိုးသတ်မှု သိပ်မတွေ့ရတော့ဘူးဆိုပေမယ့် သူက WWE ရဲ့ လူငယ်မွေးထုတ်ရေးအပိုင်းမှာလည်း လက်ထောက်အုပ်ချုပ်သူ ဖြစ်နေတယ်၊ Live လွှင့်တဲ့ အစီအစဉ်တွေမှာလည်း ပါတယ်၊ ပွဲစီစဉ်သူ အဖြစ်လည်း တာဝန်ယူထားလို့ တစ်နှစ်ကို ဝင်ငွေ ၃.၈သန်းလောကင်ထိအောင် ရနေဆဲပါ။ အရင်နှစ်က ဆိုရင် ထိုးသတ်ကြေးတွေ မပါပဲ လစာ၊ ငွေသားဆုကြေးနဲ့ ကုမ္ပဏီရှယ်ယာထဲမှာ ပါဝင်ထားမှုတွေကတင် ဝင်ငွေ ၁.၃သန်းလောက် ရခဲ့သူလည်း ဖြစ်ပါတယ်။

(၄) Roman Reigns – နောက်ပိုင်းမျက်နှာသစ် နပန်းသမားတွေထဲမှာတော့ ရိုမန်ကို နှစ်သက်သူ အများဆုံးရှိနေတယ်လို့ ဆိုရလောက်အောင် လူကြိုက်များပါတယ်။ အချိန်တို အတွင်းမှာ WWE ရဲ့ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်လာပါတယ်။ အသက် ၃၁နှစ်ပဲ ရှိသေးတဲ့ ရိုမန်ဟာ ၂၀၁၆ ခုနှစ်အတွင်း ကစားခဲ့တဲ့ အထူးပွဲစဉ် ၇ခုထိအောင် ပါဝင်ထိုးသတ်ခွင့်လည်း ရခဲ့ပါတယ်။ ပြီးတော့ အရင်နှစ်ထဲမှာ စီနာထက်ကိုပဲ ပရိတ်သတ် ပိုများခဲ့ပြီး ဝင်ငွေ ၃.၅သန်းထိအောင်ရှိနေတာ တွေ့ရပါတယ်။

(၅) Dean Ambrose – အရင်နှစ်က တစ်နှစ်တာလုံး ကစားခဲ့တဲ့ WWEပွဲစဉ်တွေထဲမှာ အမ်းဘရို့စ်လောက် ပွဲချိန် အများဆုံး၊ ပွဲတိုင်းနီးပါး ပါဝင်ကစားခဲ့သူ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ဝင်ငွေ ၂.၇သန်းထိအောင် ရှိခဲ့သလို စာရင်းတွေ အရဆိုရင် သူဟာ အရင်နှစ်ထဲမှာ ၁၉၄ပွဲထိအောင် စင်မြင့်ထက် ထိုးသတ်မှုရော ပြောဆို ဖျော်ဖြေမှုပါပေးခဲ့ပါတယ်။ ဒါဟာ အခြား သူတွေထက် ၉ရာခိုင်နှုန်းလောက်ထိအောင် အခမ်းအနားတိုင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အကောင်းဆုံး နပန်းသမား အဖြစ် စာရင်းဝင်ဖို့ ကြိုးစားနေပေမယ့် ပရိတ်သတ်ကတော့ အမ်းဘရို့စ်ကို မျက်နှာသိ ဖြစ်လာစေခဲ့ပါတယ်။

(၆) AJ Styles – ၂၀၁၆ခုနှစ် နှစ်ဆန်းပိုင်းကနေ စတင်ပြီး ဂျပန်နပန်းလောက ကနေ WWE မှာ အမြဲတမ်း ရှိနေဖို့ ခြေချလာခဲ့သူ ဖြစ်ပြီး သူရောက်စမှာတင် ကျင်းပတဲ့ Royal Rumbleပွဲစဉ်မှာ သူ့ကို ပရိသတ်က စတင် သတိထားမိပြီး လူကြိုက်များလာသလို ဝင်ငွေလည်း ၂.၄သန်းထိအောင် ရှိလာပါတယ်။ လက်ရှိ ရိုမန် (Roman Reigns)၊ အမ်းဘရိုစ် (Ambrose)၊ ကီဗင် (Kevin Ownens)တို့နဲ့ တွဲဖက် လူကြိုက်များနေပါတယ်။ အရင်နှစ်က သူတို့တွေ အဓိက ပါဝင်မှုနဲ့အတူ အထူးပွဲစဉ်ပေါင်း တစ်ဒါဇင်လောက်ထိအောင် ကျင်းပကစားနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

(၇) Shane McMahon – သူလည်း မထင်မှတ်လောက်အောင် တခြား နပန်းသမားတွေထက် ဝင်ငွေကောင်းပြီး တစ်နှစ်ကို ၂.၂သန်းလောက်ထိအောင် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ  ၆နှစ်ကြာ WWE နဲ့ ကင်းကွာနေသည့်တိုင်အောင် ပြန်ကစားလာတာပါ။ WrestleMania 32မှာ Untertaker လို နာမည်ကျော် ကစားသမားနဲ့ ထိုးသတ်ခဲ့ပြီး လူကြိုက်များလာသလို ၂၀၁၆ခုနှစ် အတွင်းကလည်း ဝင်ငွေ ၂.၁၅သန်းလောက်ထိအောင် ရခဲ့တယ်လို့ WWEက ဆိုသလို အခုနှစ်လည်း လူကြိုက်ဆက်များနေတာ ဖြစ်ပါတယ်။

By – KKS / MUNA
Ref; forbes

Comments

comments

You May Also Like