ေက်ာင္းတြင္ ခိုတက္ဖမ္းရာမွ တတိယတန္းေက်ာင္းသား(၁)ဦး ျပဳတ္က်ေသဆံုး | Myanmar News Agency

ေက်ာင္းတြင္ ခိုတက္ဖမ္းရာမွ တတိယတန္းေက်ာင္းသား(၁)ဦး ျပဳတ္က်ေသဆံုး

ေက်ာက္ႀကီး ဇြန္ ၁၄

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူခရိုင္ ေက်ာက္ႀကီးၿမိဳ႕ ေမတၲာရပ္ကြက္ ရွိ အေျခခံပညာအလယ္တန္းေက်ာင္း(ခြဲ)၌ ဇြန္လ ၁၃ ရက္ ညေန ၅ နာရီခြဲ အခ်ိန္ခန္႔က ေက်ာင္းသားတစ္ဦးေသဆံုးခဲ႕ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ အဆိုပါေက်ာင္းမွ တတိယတန္းေက်ာင္းသားသံုးဦးသည္ အလ်ား(၉၂)ေပ အနံ(၃၀)ေပ အျမင့္(၂၄)ေပခန့္ရွိ ႏွစ္ထပ္ေက်ာင္းေဆာင္၏ အေရွ႕ဘက္အစြန္ဆံုး တတိယတန္း အခန္းမ်က္ႏွာက်က္အေပါက္သို႔ စာေရးစားပြဲခံု (၅)ခံုအား ဆင့္ၿပီး မ်က္ႏွာက်က္ထပ္ခိုးအတြင္း ဝင္ေရာက္ကာခိုမ်ားအား လိုက္လံဖမ္းစဥ္ ေက်ာင္းသားတစ္ဦးမွာ ေက်ာင္းေဆာင္အေပၚထပ္သို႔တက္သည့္ ေလွကားရင္းႏွင့္ တည့္တည့္ မ်က္ႏွာက်က္ေက်ာက္ျပားသို႔အေရာက္ ကြဲက်ၿပီး ေလွကားရင္းအုတ္ခံုသို့ ျပဳတ္က်၍ ညာဘက္ဦးေခါင္းခြံကြဲေၾကဒဏ္ရာ၊ ပါးစပ္မွေသြးထြက္ဒဏ္ရာမ်ားျဖင့္ ေသဆံုးခဲ႕ေၾကာင္း ရဲမွတ္တမ္းအရသိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သတ္၍ ေသဆံုးသူကေလးအား ၿမိဳ႕နယ္ျပည္သူ႔ေဆးရံုသို႔ပို႔ေဆာင္ခဲ႕ၿပီး ေက်ာက္ႀကီးၿမိဳ႕မ ရဲစခန္းက ေသမႈေသခင္းအမွတ္စဥ္ (၃/၂၀၁၈)ျဖင့္ အမႈဖြင့္ထားရွိကာ ဓမၼတာအတိုင္းေသဆံုးျခင္း ဟုတ္မဟုတ္ ဆက္လက္စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။

By – ကိုသားႀကီး (ေက်ာက္ႀကီး)
MUNA

(Unicode)

ကျောက်ကြီး ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့ မေတ္တာရပ်ကွက် ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဇွန်လ ၁၃ ရက် ညနေ ၅ နာရီခွဲ အချိန်ခန့်က ကျောင်းသားတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါကျောင်းမှ တတိယတန်းကျောင်းသားသုံးဦးသည် အလျား(၉၂)ပေ အနံ(၃၀)ပေ အမြင့်(၂၄)ပေခန့်ရှိ နှစ်ထပ်ကျောင်းဆောင်၏ အရှေ့ဘက်အစွန်ဆုံး တတိယတန်း အခန်းမျက်နှာကျက်အပေါက်သို့ စာရေးစားပွဲခုံ (၅)ခုံအား ဆင့်ပြီး မျက်နှာကျက်ထပ်ခိုးအတွင်း ဝင်ရောက်ကာခိုများအား လိုက်လံဖမ်းစဉ် ကျောင်းသားတစ်ဦးမှာ ကျောင်းဆောင်အပေါ်ထပ်သို့တက်သည့် လှေကားရင်းနှင့် တည့်တည့် မျက်နှာကျက်ကျောက်ပြားသို့အရောက် ကွဲကျပြီး လှေကားရင်းအုတ်ခုံသို့ ပြုတ်ကျ၍ ညာဘက်ဦးခေါင်းခွံကွဲကြေဒဏ်ရာ၊ ပါးစပ်မှသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ သေဆုံးသူကလေးအား မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ကျောက်ကြီးမြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၈)ဖြင့် အမှုဖွင့်ထားရှိကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

By – ကိုသားကြီး (ကျောက်ကြီး)
MUNA

Comments

comments

You May Also Like